အမြှောင်ငါးထပ်ကြီးအပြီး ကောင်းမူ့တော် နဲ့  ခမ်းနားလှပသည့် စစ်ကိုင်းဘုရားပွဲများ







#တောင် တောင်ဖီလာ ဘုရား

#ဇေ ဇေတဝန် ဘုရား


#ဥ ဥမှင် ၃၀ ဘုရား




#ပ ပတ္တမြားစေတီ ဘုရား

#ထူ ထူပါရုံဘုရား









မလိုင်မြို့  ပန်းအိုင်ဘုရား ပွဲ











Aung Thatoo


===

Unicode

လာမည့် သီတင်းကျွတ် လပြည့် နေ့ဟာ စစ်ကိုင်းမြို့အထင်ကရကောင်းမူ့တော် ဘုရားပွဲတော်ပါ အရုဏ်တော်အသင်းများယိမ်းများ ရာဇာဝင်း ဒေဝါဝင်း ပုဂံဝင်း အင်းဝ ဝင်း လို့ခေါ်တဲ့အခမ်းအနား အခင်းအကျင်း နောက်ပြီး တေးဂီတ အဖွဲ့စုံ စစ်ကိုင်း မြို့ ရပ်ကွက်အသီးသီးက အပျိုချောများကလည်း ချိတ်ထမီ အဆင်တူဝတ် ပြီး မြန်မာဆန်ဆန် နဲ့ ဆွမ်းအုပ်တွေပိုက်ပုသိမ်ထီးလေး တွေဆောင်း အလွန် ရင်သပ်ရူ့မော ဖွယ် ဘုရားပွဲ လှည့် ပွဲပြီးတခုပါ

ပုံ တောင် ဇေ ချမ်း ဥ နန်း နံ လေး ပ ထူ ရှင် အောင် ကောင်း ဆိုတဲ့ စစ်ကိုင်းမြို့က အလှည့်ကြဝါတွင်း ဘုရားစဉ် တွေ ရှိကြပါတယ် အဲ့ဒီစာချို းမှာ ကောင်း ဆိုတဲ့ နောက်ဆုံးဘုရားပွဲက ကောင်းမူ့တော်ပါ

#အမြှောင်ငါးထပ်ကြီးအပြီးကောင်းမူ့တော်တဲ့

အမြှောင် ငါးထပ်ကြီး ဆိုတာက စစ်ကိုင်းဝါတွင်းဘုရားစဉ် မှာ ဥပုဒ်နေ့ ပွဲမဟုတ်ပဲ သီတင်းကျွတ်လဆန်း ၃ ရက် ၄ ရက် မှာကျင်းပတဲ့ ငါးထပ်ကြီးဘုရားပွဲကို အမြှောင် ( ကြား ဘုရားပွဲ ‘ )ဆိုလိုတာ ပါ

#ပုံ ပုံညရှင် ( ဆွမ်းဦး ပုညရှင်စေတီ )

#တောင် တောင်ဖီလာ ဘုရား

#ဇေ ဇေတဝန် ဘုရား

#ချမ်း ချမ်းသာကြီးဘုရား

#ဥ ဥမှင် ၃၀ ဘုရား

#နန်း ရှင်ပင် နန်းဦးဘုရား

#နံ ရှင်ပင် နံကိုင်းဘုရား

#လေး လေးကျွန်းမာန်အောင်ဘုရား

#ပ ပတ္တမြားစေတီ ဘုရား

#ထူ ထူပါရုံဘုရား

#ရှင် ရှင်ဖြူရှင်လှ ဘုရား

#အောင် အောင်မြေလောက ဘုရား

#ကောင်း ကောင်းမူ့တော်ဘုရားပွဲ

ဝါဆိုလပြည့် နေ့ အစပွဲဖြစ်တဲ့တောင်ပေါ်က ဆွမ်းဦးပုညရှင်နဲ့သီတင်းကျွတ်လပြည့် ကောင်းမူ့တော်ပွဲက အထင်ကရဖြစ်ပြီးကျန် သီတင်းပတ်တွေက ဘုရားတွေက တော့ စစ်ကိုင်းမြို့ဆွမ်းလောင်းပွဲ ဘုရားစဉ် တွေဖြစ်ပါတယ်

မြန်မာပြည် အရပ်ရပ်မှာ ထင်ရှားတဲ့ ဘုရားပွဲတွေရှိပါတယ်

ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီ ပွဲ

မကွေး မြို့ မြသလွန်ဘုရားပွဲ

ပဲခူးမြို့ ရွှေမော်ဓောဘုရားပွဲ

မလိူင်မြို့ ပန်းအိုင်ဘုရား ပွဲ

သန်လျင် ကျိုက်ခေါက် ပွဲ စသဖြင့် ပါ

ဒါပေမဲ့ ကျွန်တော်အမြင်နဲ့ သဘောအကျဆုံးဘုရားပွဲ က ထားဝယ် တို့ အင်းလေးတို့ဖယ်ထားပြီး ပြည်မကြီးမှာ( အညာမှာ ပေါ့လေ ) သဘောအကျဆုံးဘုရားပွဲ၂ ခု ရှိပါတယ်အဲ့ဒါက မန္တလေးမြို့နား အရှေ့တောင်ယွန်းယွန်းကရွှေစာရံပွဲရယ် နောက် ကောင်းမူ့တော်ရယ်ပါ

ရွှေစာရံကို သဘောကျတာက ဘုရားပွဲအချိန်ဆို နောင်ချို ကျောက်မဲ ဘန့်ဘွေး သီပေါက ရှမ်းတွေက ဒေသထွက်အစားစာတွေ သစ်ခွနဲ့ ပရဆေးတွေ
ရှမ်းရိုးရာ တွေရောင်းကြပါတယ်

ဘယ်အညာ ဘုရားပွဲနဲ့ မှမတူတဲ့ ဈေးဆိုင်တန်းတွေပါ ရွှာနီးချုပ်စပ်က လှည်းဝိုင်းကြီးတွေနန်းတော်ကျွနိးမင်းကွန်းတို့ကနေ ငှက်လှေကြီးတွေ ဒုဋ္ဌဝတီ မြစ်ကိုဝင် ပြီးရွှေစာရံကို ဆန်တတ်လာကြတယ် နောက် န ဂါးရုံ နဲ့ ရွှေစာရံ ကူးတို့ကူး ကြ ကျနော်တို့က အပျော်စီးကြပေါ့

အခုတော့ရှားပါပြီ ( ခေတ်ပြောင်း လာလေတော့ )ရွှေစာရံသမိုင်းရေးတာမဟုတ်လို့ စကားစဖြတ်ကောင်းမူ့တော် အကြောင်းဆက်ရအောင်

ကောင်းမူ့တော်က သီတင်းကျွတ်လပြည့်မှာ တကြိမ်တန်ဆောင်မုန်း လပြည့်မှာ တကြိမ် ၂ ကြိမ် ဘုရားပွဲကျင်းပပါတယ်သီတင်းကျွတ်ကပိုကြီးကျယ်ခမ်းနားတာပါ

ဘုရားပွဲလှည့်ရင် တီးဝိုင်းအဖွဲ့တွေယိမ်းတွေဝင်း ခင်းတာတွေအရုဏ်တော် အသင်းတွေမိုးဇာ ဗျောတွေနဲ့ အလွန်မြိုင်ဆိုင်တာပါ အရုဏ်ဝတ်အသင်းတွေရဲ့ပိတ်ဖြူစင်ကြယ်ဝတ် ရွှေထီး ကနက္ကဓဏ် ထီးဖြူတံခွန်တွေ တဝင့်ဝင့် နဲ့ အခမ်းနားဆုံးဘုရားပွဲတော်ကြီး တခုပါပဲဘုရားပွဲ လှည့်လည်ရေး အစီအစဉ် ထဲမှာ ကောင်းမူ့တော်လောက် အလှည့် မြိုင်ဆိုင်ကြီးကျယ်တာ အလွန်ရှားပါတယ် သိသလောက် ကျနော်တို့ မန္တလေး ဘက်ကမ်းက ကျောက်တော်ကြီး လှည့်ပွဲပင် လျှင် ကောင်းမူ့ တော်လောက် လှည့်လည်ရေး အဖွဲ့ များကို မမှီကြပါ

သီတင်းကျွတ်လပြည့် နေ့ ရောက်တော့မှာ မို့သွားလိုသူတွေ သွားနိုင်အောင်ကောင်းမူ့တော် ဘုရားပွဲ ပုံရိပ်များကို တင်ပြပေးလိုက်ပါတယ်

Aung Thatoo

Aung Thatoo is at ကောင်းမှုတော် ဘုရား.

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.