တိုင္ဖြန္းမုန္တိုင္းႀကီးဒဏ္ ဂ်ပန္ႏိုင္ငံ စတင္ခံစားေနရၿပီ

တိုင္ဖြန္းမုန္တိုင္းႀကီးဒဏ္ ဂ်ပန္ႏိုင္ငံ စတင္ခံစားေနရ

ႏွစ္ ၆၀ အတြင္း အားအေကာင္းဆုံး တိုင္ဖြန္းမုန္တိုင္း ဟာဂီဘိစ္ဟာ ဂ်ပန္ႏိုင္ငံကို ေအာက္တိုဘာ ၁၂ ရက္ စေနညေန ဝင္ေရာက္တိုက္ခတ္မယ္လို႔ ခန႔္မွန္းထားပါတယ္။ေလတိုက္ႏႈန္း တနာရီကို ၁၃၄ မိုင္နဲ႔ တိုက်ိဳရဲ႕ အေရွ႕ဘက္ ခ်ိဘခ႐ိုင္ကေန ကုန္းတြင္းဝင္ေရာက္မယ့္ အဆင့္ငါး တိုင္ဖြန္းမုန္တိုင္းႀကီးရဲ႕အႀကိဳ မိုးဒဏ္ေလဒဏ္ေတြကို ဂ်ပန္မွာ ခံစားေနရပါၿပီ။

မုန္တိုင္းေၾကာင့္ ကုန္ကားတိမ္းေမွာက္ခဲ့လို႔ ေအာက္တိုဘာ ၁၂ ရက္မွာ လူတေယာက္ ေသဆုံးခဲ့တယ္လို႔ AFP သတင္းဌာနက ေျပာပါတယ္။ကမာၻ႔ဖလား ရပ္ဂ္ဘီၿပိဳင္ပြဲနဲ႔ ဂရင္းပရီ ၿပိဳင္ကားေမာင္းပြဲတို႔ကိုလည္း ဖ်က္သိမ္းရတဲ့အျပင္ ေလေၾကာင္းခရီးစဥ္ ၁၆၀၀ ေက်ာ္ကိုလည္း ဖ်က္သိမ္းထားရပါတယ္။မုန္တိုင္းက ပစိဖိတ္သမုဒၵရာတေလွ်ာက္ ဂ်ပန္ႏိုင္ငံဆီ ဦးတည္ေ႐ြ႕လ်ားလာေနပုံကို နာဆာရဲ႕ ႏိုအာၿဂိဳဟ္တုက ဖမ္းယူ႐ိုက္ကူးထားပါတယ္။

လူေပါင္း ၁ ဒသမ ၆ သန္းအေပၚ သက္ေရာက္မယ့္ ဒီမုန္တိုင္းဝင္မယ့္ လမ္းေၾကာင္းမွာ သက္ႀကီးႏိုင္ငံသားေတြ ကေလးေတြနဲ႔ လူနာေတြ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းၾကဖို႔ အာဏာပိုင္ေတြက တိုက္တြန္း ထားပါတယ္။လျပည့္ေန႔နဲ႔ တိုက္ဆိုင္ေနလို႔ ပင္လယ္ဒီေရတက္မွာ ျဖစ္တဲ့အတြက္ ေရႀကီးမယ့္ ေဘးကိုလည္း ဂ်ပန္အစိုးရက ျပင္ဆင္ထားပါတယ္။

Source – Daily MM

===

Unicode

တိုင်ဖွန်းမုန်တိုင်းကြီးဒဏ် ဂျပန်နိုင်ငံ စတင်ခံစားနေရ

နှစ် ၆၀ အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ်ဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၁၂ ရက် စနေညနေ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။လေတိုက်နှုန်း တနာရီကို ၁၃၄ မိုင်နဲ့ တိုကျိုရဲ့ အရှေ့ဘက် ချိဘခရိုင်ကနေ ကုန်းတွင်းဝင်ရောက်မယ့် အဆင့်ငါး တိုင်ဖွန်းမုန်တိုင်းကြီးရဲ့အကြို မိုးဒဏ်လေဒဏ်တွေကို ဂျပန်မှာ ခံစားနေရပါပြီ။

မုန်တိုင်းကြောင့် ကုန်ကားတိမ်းမှောက်ခဲ့လို့ အောက်တိုဘာ ၁၂ ရက်မှာ လူတယောက် သေဆုံးခဲ့တယ်လို့ AFP သတင်းဌာနက ပြောပါတယ်။ကမ္ဘာ့ဖလား ရပ်ဂ်ဘီပြိုင်ပွဲနဲ့ ဂရင်းပရီ ပြိုင်ကားမောင်းပွဲတို့ကိုလည်း ဖျက်သိမ်းရတဲ့အပြင် လေကြောင်းခရီးစဉ် ၁၆၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရပါတယ်။မုန်တိုင်းက ပစိဖိတ်သမုဒ္ဒရာတလျှောက် ဂျပန်နိုင်ငံဆီ ဦးတည်ရွေ့လျားလာနေပုံကို နာဆာရဲ့ နိုအာဂြိုဟ်တုက ဖမ်းယူရိုက်ကူးထားပါတယ်။

လူပေါင်း ၁ ဒသမ ၆ သန်းအပေါ် သက်ရောက်မယ့် ဒီမုန်တိုင်းဝင်မယ့် လမ်းကြောင်းမှာ သက်ကြီးနိုင်ငံသားတွေ ကလေးတွေနဲ့ လူနာတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်း ထားပါတယ်။လပြည့်နေ့နဲ့ တိုက်ဆိုင်နေလို့ ပင်လယ်ဒီရေတက်မှာ ဖြစ်တဲ့အတွက် ရေကြီးမယ့် ဘေးကိုလည်း ဂျပန်အစိုးရက ပြင်ဆင်ထားပါတယ်။

Source – Daily MM

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.