ေအာင္လအန္ဆန္၏ လိုက္ဟဲဗီးဝိတ္တန္းကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ေအာက္တိုဘာ ၁၃ ရက္တြင္ က်င္းပမည္

ရန္ကုန္ ေအာက္တိုဘာ ၁၁

ေအာင္လအန္ဆန္၏ လိုက္ဟဲဗီးဝိတ္တန္းကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ေအာက္တိုဘာ ၁၃ ရက္တြင္ က်င္းပမည္ ။ONE ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္၏ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲပါဝင္ေသာ ONE Championship က ႀကီးမႉးက်င္းပမည့္ 100 Century အမည္ရ MMA ၿပိဳင္ပြဲကို ေအာက္တိုဘာ ၁၃ ရက္တြင္ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕၌ က်င္းပမည္ျဖစ္သည္။

ေအာက္တိုဘာ ၁၃ ရက္တြင္ ဂ်ပန္ႏိုင္ငံသို႔ မုန္တိုင္းဝင္ေရာက္ႏိုင္ ဖြယ္ရွိေန ေသာ္လည္း ONE Championship အမႈေဆာင္အရာရွိခ်ဳပ္ ခ်ာသီရီဆစ္ယိုေထာင္က ၿပိဳင္ပြဲကို ပုံမွန္အတိုင္း က်င္းပမည္ျဖစ္ေၾကာင္း၊ ကစားသမားမ်ားႏွင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား အႏၲရာယ္ကင္းရွင္း ေစရန္ ေဆာင္႐ြက္ထားေၾကာင္း ၎၏ Facebook တြင္ ထုတ္ျပန္ ေၾကညာထားသည္။

ONE Championship သည္ ယင္းၿပိဳင္ပြဲတြင္ တြဲဆိုင္း ၂၀ ေက်ာ္ ထည့္သြင္း က်င္းပမည္ျဖစ္ၿပီး နံနက္ပိုင္းတြင္ Part-1၊ ညေနပိုင္းတြင္ Part-2 ခြဲကာ က်င္းပမည္ျဖစ္သည္။ Part-1 တြဲဆိုင္းမ်ားကို ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲ၊ Part-2 တြဲဆိုင္းမ်ားကို ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၂ နာရီခြဲ တြင္ စတင္က်င္းပ မည္ျဖစ္သည္။ ဖိုးေသာ္၏ တြဲဆိုင္းမွာ နံနက္ပိုင္းတြင္ ပါဝင္မည္ျဖစ္ၿပီး ေအာင္လအန္ဆန္၏ တြဲဆိုင္းမွာမူ ညေနပိုင္းက်င္းပမည့္ တြဲဆိုင္းတြင္ Main Event အျဖစ္ က်င္းပမည္ျဖစ္သည္။

နံနက္ပိုင္းက်င္းပမည့္ Part-1 တြင္ အမ်ိဳးသမီး အပ္တန္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ လုပြဲကို အဓိကတြဲဆိုင္း အျဖစ္က်င္းပမည္ျဖစ္ၿပီး အန္ဂ်လာလီ (စင္ကာပူ)ႏွင့္ ေရွာင္က်န္နန္ (တ႐ုတ္)တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ကာ အျခားတြဲဆိုင္းအျဖစ္ ဆူႏိုတို (အင္ဒိုနီးရွား)ႏွင့္ ကင္ဝမ္ဝမ္ (ေတာင္ကိုရီးယား)၊ ဖိုးေသာ္ (ျမန္မာ)ႏွင့္ ယြန္ေခ်ာင္မင္ (ေတာင္ကိုရီးယား)၊ အီကီဒါ (ဂ်ပန္)ႏွင့္ လီတို (ဖိလစ္ပိုင္)၊ ဟီရာတာ (ဂ်ပန္)ႏွင့္ ရီကာ (ထိုင္း)၊ အိုကာမီ (ဂ်ပန္)ႏွင့္ အဂီလန္ (မေလးရွား)၊ ဆမ္ေအ (ထိုင္း) ႏွင့္ ႐ိုလန္ (ျပင္သစ္)၊ ဝါကာမက္ဆု (ဂ်ပန္)ႏွင့္ ေဒဟြမ္ကင္ (ေတာင္ကိုရီးယား)၊။

ခရစၥတီယန္လီ (စင္ကာပူ)ႏွင့္ ဂူဆီယန္ (တူရကီ)၊ ဂ်ာနက္ (အေမရိကန္)ႏွင့္ ဗန္ဒါရီဗာ (ဘီလာ႐ုစ္)၊ ဂြၽန္ဆင္ (အေမရိကန္)ႏွင့္ ဒန္နီ (ဖိလစ္ပိုင္) တို႔ ယွဥ္ၿပိဳင္ ထိုးသတ္မည္ျဖစ္သည္။ ညေနပိုင္းက်င္းပမည့္ Part-2 တြင္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲကို အဓိက တြဲဆိုင္းအျဖစ္ က်င္းပမည္ျဖစ္ၿပီး ေအာင္လအန္ဆန္ (ျမန္မာ) ႏွင့္ ဘရန္ဒန္ဗီရာ (ဖိလစ္ပိုင္) တို႔ ထိုးသတ္မည္ ျဖစ္သည္။

ထို႔ျပင္ အျခားကမာၻ႔ခ်န္ပီယံလုပြဲမ်ားအျဖစ္ ဘင္တန္ ဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲတြင္ ဘီဘီယာႏို (ဘရာဇီးလ္) ႏွင့္ ဘီလင္ဂြန္ (ဖိလစ္ပိုင္)၊ ဖလိုင္းဝိတ္တန္း ေမြထိုင္းကမာၻ႔ ခ်န္ပီယံလုပြဲတြင္ ႐ိုေထာင္ (ထိုင္း)ႏွင့္ ေဝၚလ္တာ (ဘရာဇီးလ္)တို႔ ထိုးသတ္ မည္ျဖစ္ကာ အျခားတြဲဆိုင္းမ်ား အျဖစ္ ဟာနာနီ (ဘရာဇီးလ္)ႏွင့္ တက္ဆုကာ (ဂ်ပန္)၊ ကိုရွီ (ဂ်ပန္)ႏွင့္ တာကာဆူကီ (ဂ်ပန္)၊ ယိုဆူကီး (ဂ်ပန္)ႏွင့္ ကီတာကာတာ (ဂ်ပန္)၊ ဆာတို (ဂ်ပန္)ႏွင့္ ေဆးဗားလ္ (ဘရာဇီးလ္)၊ယာမာဂူခ်ီ (ဂ်ပန္)ႏွင့္ ဂ်င္နီ (တ႐ုတ္တိုင္ေပ)၊ ဆီရီလီ (အီတလီ)ႏွင့္ အာဂ်န္ (အိႏၵိယ)၊ ေဂ်ာ္ဂ်ီယို (အီတလီ)ႏွင့္ ဆာနာ (ျပင္သစ္)၊ ေအအိုကီ (ဂ်ပန္)ႏွင့္ ဟိုႏိုရီယို (ဖိလစ္ပိုင္) တို႔ ယွဥ္ၿပိဳင္ထိုးသတ္ မည္ျဖစ္သည္။

ေအာင္လအန္ဆန္သည္ လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ဘရန္ဒန္ဗီရာ (ဖိလစ္ပိုင္)ႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ပထမဆုံးထိုးသတ္ရသည့္ ကာကြယ္ ပြဲလည္း ျဖစ္သည္။ ေအာင္လအန္ဆန္က”ဒီၿပိဳင္ပြဲအတြက္ ျပင္ဆင္ထားတာ ေျခာက္လေလာက္ရွိပါၿပီ။ ဗီရာနဲ႔ပြဲက စိတ္လႈပ္ရွားဖို႔ေကာင္းၿပီး စိန္ေခၚခဲ့တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္က လြန္ခဲ့တဲ့ ၁၀ ႏွစ္ ေလာက္က သူ႔ရဲ႕ ပရိသတ္တစ္ေယာက္ပါ။

ဒီပြဲအတြက္ အေကာင္းဆုံးျပင္ဆင္ ထားသလို ကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံးပုံစံနဲ႔ ယွဥ္ၿပိဳင္သြားမွာပါ”ဟု ေအာက္တိုဘာ ၁၀ ရက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။ ေအာင္လအန္ဆန္သည္ လိုက္ဟဲဗီးဝိတ္ တန္း ကမာၻ႔ခ်န္ပီယံဆုကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ရရွိခဲ့ေသာ္လည္း ယခုမွ ပထမဆုံးကာကြယ္ပြဲ ထိုးသတ္ ရျခင္းျဖစ္သည္။

Source – သတင္း-ရႈိင္းထက္ေဇာ္
ဓာတ္ပုံ-ONE Championship

===

Unicode

ရန်ကုန် အောက်တိုဘာ ၁၁

အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည် ။ONE ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲပါဝင်သော ONE Championship က ကြီးမှူးကျင်းပမည့် 100 Century အမည်ရ MMA ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံသို့ မုန်တိုင်းဝင်ရောက်နိုင် ဖွယ်ရှိနေ သော်လည်း ONE Championship အမှုဆောင်အရာရှိချုပ် ချာသီရီဆစ်ယိုထောင်က ပြိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်ဖြစ်ကြောင်း၊ ကစားသမားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အန္တရာယ်ကင်းရှင်း စေရန် ဆောင်ရွက်ထားကြောင်း ၎င်း၏ Facebook တွင် ထုတ်ပြန် ကြေညာထားသည်။

ONE Championship သည် ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၂၀ ကျော် ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး နံနက်ပိုင်းတွင် Part-1၊ ညနေပိုင်းတွင် Part-2 ခွဲကာ ကျင်းပမည်ဖြစ်သည်။ Part-1 တွဲဆိုင်းများကို မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ၊ Part-2 တွဲဆိုင်းများကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ တွင် စတင်ကျင်းပ မည်ဖြစ်သည်။ ဖိုးသော်၏ တွဲဆိုင်းမှာ နံနက်ပိုင်းတွင် ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်၏ တွဲဆိုင်းမှာမူ ညနေပိုင်းကျင်းပမည့် တွဲဆိုင်းတွင် Main Event အဖြစ် ကျင်းပမည်ဖြစ်သည်။

နံနက်ပိုင်းကျင်းပမည့် Part-1 တွင် အမျိုးသမီး အပ်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲကို အဓိကတွဲဆိုင်း အဖြစ်ကျင်းပမည်ဖြစ်ပြီး အန်ဂျလာလီ (စင်ကာပူ)နှင့် ရှောင်ကျန်နန် (တရုတ်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကာ အခြားတွဲဆိုင်းအဖြစ် ဆူနိုတို (အင်ဒိုနီးရှား)နှင့် ကင်ဝမ်ဝမ် (တောင်ကိုရီးယား)၊ ဖိုးသော် (မြန်မာ)နှင့် ယွန်ချောင်မင် (တောင်ကိုရီးယား)၊ အီကီဒါ (ဂျပန်)နှင့် လီတို (ဖိလစ်ပိုင်)၊ ဟီရာတာ (ဂျပန်)နှင့် ရီကာ (ထိုင်း)၊ အိုကာမီ (ဂျပန်)နှင့် အဂီလန် (မလေးရှား)၊ ဆမ်အေ (ထိုင်း) နှင့် ရိုလန် (ပြင်သစ်)၊ ဝါကာမက်ဆု (ဂျပန်)နှင့် ဒေဟွမ်ကင် (တောင်ကိုရီးယား)၊။

ခရစ္စတီယန်လီ (စင်ကာပူ)နှင့် ဂူဆီယန် (တူရကီ)၊ ဂျာနက် (အမေရိကန်)နှင့် ဗန်ဒါရီဗာ (ဘီလာရုစ်)၊ ဂျွန်ဆင် (အမေရိကန်)နှင့် ဒန်နီ (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ညနေပိုင်းကျင်းပမည့် Part-2 တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို အဓိက တွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန် (မြန်မာ) နှင့် ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) တို့ ထိုးသတ်မည် ဖြစ်သည်။

ထို့ပြင် အခြားကမ္ဘာ့ချန်ပီယံလုပွဲများအဖြစ် ဘင်တန် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဘီဘီယာနို (ဘရာဇီးလ်) နှင့် ဘီလင်ဂွန် (ဖိလစ်ပိုင်)၊ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံလုပွဲတွင် ရိုထောင် (ထိုင်း)နှင့် ဝေါ်လ်တာ (ဘရာဇီးလ်)တို့ ထိုးသတ် မည်ဖြစ်ကာ အခြားတွဲဆိုင်းများ အဖြစ် ဟာနာနီ (ဘရာဇီးလ်)နှင့် တက်ဆုကာ (ဂျပန်)၊ ကိုရှီ (ဂျပန်)နှင့် တာကာဆူကီ (ဂျပန်)၊ ယိုဆူကီး (ဂျပန်)နှင့် ကီတာကာတာ (ဂျပန်)၊ ဆာတို (ဂျပန်)နှင့် ဆေးဗားလ် (ဘရာဇီးလ်)၊ယာမာဂူချီ (ဂျပန်)နှင့် ဂျင်နီ (တရုတ်တိုင်ပေ)၊ ဆီရီလီ (အီတလီ)နှင့် အာဂျန် (အိန္ဒိယ)၊ ဂျော်ဂျီယို (အီတလီ)နှင့် ဆာနာ (ပြင်သစ်)၊ အေအိုကီ (ဂျပန်)နှင့် ဟိုနိုရီယို (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်)နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးထိုးသတ်ရသည့် ကာကွယ် ပွဲလည်း ဖြစ်သည်။ အောင်လအန်ဆန်က”ဒီပြိုင်ပွဲအတွက် ပြင်ဆင်ထားတာ ခြောက်လလောက်ရှိပါပြီ။ ဗီရာနဲ့ပွဲက စိတ်လှုပ်ရှားဖို့ကောင်းပြီး စိန်ခေါ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က သူ့ရဲ့ ပရိသတ်တစ်ယောက်ပါ။

ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင် ထားသလို ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမှာပါ”ဟု အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရရှိခဲ့သော်လည်း ယခုမှ ပထမဆုံးကာကွယ်ပွဲ ထိုးသတ် ရခြင်းဖြစ်သည်။

Source – သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-ONE Championship

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.