” ထိုင်း – မြန်မာ နယ်စပ်မှာ ထိုင်းစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးအား စိတ်ကြွဆေး တစ်သန်း နှစ်သိန်းနှင့်အတူ ဖမ်းမိ”
ထိုင်းနိုင်ငံမြောက်ပိုင် ချင်ရိုင်ခရိုင် မဲကျန် မြို့ နယ် Ban San Kongတောင်တန်း အပန်းဖြေ Resort နေရာမှာတည်းခိုနေသူ ထိုင်းတပ်မတော် တပ်ကြပ်ကြီး နိုင် အဒီစပ် စီရီဘွန်ေ၇ာ့  Adisak Sribunrod အသက် ၄၃ နှစ်နဲ့  အဖေါ်အမျိုးသမီးတို့  တည်းခိုနေတဲ့  ဘန်ကလိုအဆောင်ကို မဲကျန်ရဲနဲ့ တော်အထူးတပ်ဖွဲ့  အရာရှိတွေက ဒီကနေ့ နံနက်ပိုင်းက၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Source – SAW
===
Unicode
ထိုင်းနိုင်ငံမြောက်ပိုင် ချင်ရိုင်ခရိုင် မဲကျန် မြို့နယ် Ban San Kongတောင်တန်း အပန်းဖြေ Resort နေရာမှာတည်းခိုနေသူ ထိုင်းတပ်မတော် တပ်ကြပ်ကြီး နိုင် အဒီစပ် စီရီဘွန်ရော့ Adisak Sribunrod အသက် ၄၃ နှစ်နဲ့ အဖေါ်အမျိုးသမီးတို့ တည်းခိုနေတဲ့ ဘန်ကလိုအဆောင်ကို မဲကျန်ရဲနဲ့တော်အထူးတပ်ဖွဲ့ အရာရှိတွေက ဒီကနေ့နံနက်ပိုင်းကဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တပ်ကြပ်ကြီးဟာ သူမောင်းလာတဲ့ ငွေရောင် Fortune ကားပေါ်မှာ ခရီဆောင်အိပ်ကြီး (၆) အိပ်နဲ့ ထည့်ထားတဲ့ ၉၉၉ တဆိပ် ရာဘ စိတ်ကြွ   ဆေး၁၂၀၀၀၀၀ (တစ်သန်းနှစ်သိန်း) ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မဲကျန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဖုန်စဝပ် ချိုင်ယာဘန်က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။တရာခံ တပ်ကြပ်ကြီးဟာ ထိုင်းမြန်မာနယ်စပ် ချင်းရိုင် နယ်ခြားစောင့် တပ် လုံခြုံရေး တာဝန်ယူခဲ့ သူလို့ သိရပါတယ်။
ထိုင်းမြန်မာနယ်စပ် က စိတ်ကြွဆေးတွေကို ဝင်လာမရအောင်ပိတ်ဆို့ထားတာကြောင့် မူးယစ်မှောင်ခိုသမားတွေဟာ ဝှက်ဖဲချပ်ကို ထုတ်သုံးတဲ့အနေနဲ့ ထိုင်းအရာရှိတွေကို ငွေပုံပေးပြီး သယ်ခိုင်းခဲ့တာပါ။စုံစမ်းစစ်ဆေးချက်တွေအရ တပ်ကြပ်ကြီးဟာ စိတ်ကြွဆေးတွေကို နယ်စပ်ဂိတ်တွေကို ဖြတ်ပြီး ထိုင်းအလည်ပိုင်းအထိ တာဝန်ယူ ပို့ပေးရမှာဖြစ်ပါတယ်၊ သူနဲ့ ဆက်နွယ်နေတဲ့ သူတွေကိုလည်း ဆက်လက်စစ်ဆေးဖေါ်ထုတ်အရေးယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
Source – SAW
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.