မူးယစ္ေဆးဝါးေၾကာင့္ အႏုပညာေလာကက ေက်ာခိုင္းခဲ့ရသူတစ္ေယာက္

Zawgyi

အဲသည္ေန႔က သူယဥ္းနည္းနည္းထေနတာ။ မူးယစ္ေဆးဝါး နံပါတ္ဖိုးထိုးဖို႔အပ္ကို သူရွာလိုက္တာေပါ့။ ေဆးကို မိုးေရေတြနဲ႔ေဖ်ာ္ၿပီး သူ႔ရဲ႕လက္ဖ်ံ႐ိုးထဲ ထည့္ထိုးလိုက္တဲ့အခ်ိန္မွာပဲ အခန္းတံခါးဝမွာ ေပၚလာတာက သူ႔ရဲ႕အေမပါ။

သူပစၥည္းေတြကို လုံးဝသိမ္းလို႔မမီ ေတာ့ဘူး။ သူအခါတိုင္း ႐ုပ္ရွင္႐ိုက္ရင္ တိုင္ပင္ကိုက္ ထားတာေတာင္ သူ႔အျဖစ္ အပ်က္ေလာက္ တိုင္ပင္မကိုက္ႏိုင္ေတာ့ပါ ဘူး၊ ဘိန္းျဖဴထိုးရင္းတန္းလန္းမွာပဲ သူ႔ အေမေတြ႕သြားတာေၾကာင့္ ဘယ္လိုမွ ရွင္းျပခ်ိန္ မရလိုက္ပါဘူး။

လက္မွာ ေဆးထိုးအပ္တန္းလန္းနဲ႔ ေတြ႕လိုက္တဲ့အခ်ိန္မွာပဲ သူ႔အေမအခန္း တံခါးဝမွာ ပုံလ်က္သားလဲက်သြားတာကို သူေတြ႕လိုက္ရေပမဲ့ ေဆးထိုးအပ္ထိုး ထားတာကို ခ်က္ခ်င္းမျဖဳတ္ေသးဘဲ ေနာက္တစ္ႀကိမ္ ျပန္သြင္းဖို႔သာ သူႀကိဳး စားေနပါတယ္။

 

ကမာၻပ်က္တဲ့ေန႔

အဲသည္ေန႔က သူေရာ သူ႔အေမပါ ကမာၻပ်က္တဲ့ေန႔ေပါ့။ အေမ့ကို သည္လို ပုံစံမ်ိဳးနဲ႔ တစ္သက္လုံး မျမင္ခဲ့ဖူးဘူးေလ။ သူ႔အေမရဲ႕ဘဝမွာ ၿပိဳလဲသြားၿပီဆိုၿပီး ငိုလိုက္တာ သူငိုင္ၿပီးေငးၾကည့္ေနေပမဲ့ ေဆးထိုးအပ္တန္းလန္းနဲ႔ ထိုးေနတာကို ေတာ့ ရပ္မသြားဘဲ  ၿပီးဆုံးေအာင္ ေသြး ေအးေအးနဲ႔ လုပ္ေနပါေတာ့တယ္။

‘ျဖစ္မွျဖစ္ရေလဆိုၿပီး အေမက ရင္ ဘတ္ကိုထုၿပီးေတာ့ကို ငိုတာ၊ နင္ဒါေတြလုပ္ေနတာ ဟုတ္လား ငါဘယ္ေလာက္ ေတာင္ အသုံးမက်တဲ့သူျဖစ္သြားၿပီလဲ၊ ငါ ဒီလိုအသုံးမက်တဲ့ အေမမ်ိဳးလားဆိုၿပီး ငိုတာ၊ ဒီအျဖစ္အပ်က္က လုံးဝေရွာ့ပဲ”လို႔ သူ႔အတိတ္က အေၾကာင္းေတြကို ျပန္ေျပာ ျပရင္း ပါးေပၚက်လာတဲ့ မ်က္ရည္ေတြကို ေသးသြယ္တဲ့ သူ႔လက္ဖမိုးနဲ႔ သုတ္လိုက္ ပါတယ္။

လြန္ခဲ့ေသာ ေလးႏွစ္ေက်ာ္က အ ျဖစ္အပ်က္ကို ေျပာျပေနသူကေတာ့ သ ႐ုပ္ေဆာင္အလုပ္ကို ေလးႏွစ္နီးပါးလုပ္ ကိုင္ခဲ့ဖူးတဲ့ မင္းသမီး“မီးမီးသုခ”ပါ။

အရပ္ငါးေပေက်ာ္၊ အသားျဖဴျဖဴ၊ မ်က္လုံးဝိုင္းဝိုင္းနဲ႔ခ်စ္စရာဟန္ပန္နဲ႔သူ႔ပုံစံကို ပရိသတ္ေတြ ရင္းႏွီးခဲ့ၿပီး မဂၢဇင္းေတြ၊ ဂ်ာနယ္ေတြမွာ သူ႔ပုံေတြက ေနရာယူခဲ့ဖူး ပါတယ္။ ဗီဒီယို၂၈ ကား ႐ိုက္ခဲ့ဖူးသူ တစ္ ဦးပါ။

အႏုပညာအလုပ္ကို အခ်ိန္ယူေနရင္း က “ေအးျမက႐ုဏာ”ပရဟိတအသင္းကို တည္ေထာင္ထားၿပီး ေန႔ေရာညပါ မနား တမ္း အလုပ္ေတြလုပ္ေနရတဲ့ သူ႔ကို သည္ လိုမူးယစ္ေဆးဝါးနဲ႔ စတင္မိတ္ဆက္ေပး ခဲ့တာက အႏုပညာေလာကထဲက အလုပ္ တြဲလုပ္ဖူးတဲ့ အန္တီႀကီး တစ္ေယာက္ ပါ။

အႏုပညာေလာကမွာ ေလးႏွစ္ ေလာက္ေနၿပီး အရွိန္ရစျဖစ္ေနတဲ့သူ မူး ယစ္ေဆးဝါး စသုံးမိသြားတာ၂၀၁၃ ေလာက္ကေပါ့။ ၂၀၁၄ ခုႏွစ္ ၅လပိုင္း ေလာက္မွာ အေမသိသြားတာပါ။

“သိပ္ပင္ပန္းတယ္ေပါ့၊ ညဘက္ဆို လဲ အလုပ္ေတြလုပ္၊ မနက္ဘက္ဆိုလဲ ပရဟိတအလုပ္ေတြနဲ႔ မို႔ သုံးၾကည့္ပါလား ဆိုလို႔ အိမ္ကိုယူလာခဲ့တယ္၊ အဲဒီလိုလုပ္ ရင္းနဲ႔ ၿငိသြားတာ၊ ကြၽန္မက တစ္ခုခုဆိုရင္ အစြန္းေရာက္တယ္ရွင့္၊ အဆုံးထိလုပ္ တတ္တယ္၊ ဒါက ဒီတစ္မ်ိဳးတည္းလား၊ ဘာေတြ ရွိေသးလဲဆိုၿပီး ဆက္ရွာေဖြ တယ္”လို႔ သူက မူးယစ္ေဆး စသုံးစြဲခဲ့ပုံကို ေျပာပါတယ္။

ပုံမွန္ဆိုရင္ေတာ့ သူ႔အေမဟာ သူ႔ အခန္းကို လာေနက်မဟုတ္ဘဲ သည္လို သုံးစြဲေနတာကို မရိပ္မိခဲ့တာက သူ႔အနီး နားမွာေနတဲ့ အိမ္အကူက အစစအရာရာ လုပ္ေပးေနၿပီး ဖုံးဖိေနတာေၾကာင့္ပါ။

တစ္ေန႔မွာေတာ့ သူ႔အေမဟာ သူတို႔ အိမ္ကို ႂကြလာတဲ့သူကိုးကြယ္ေနတဲ့ ဘုန္း ႀကီးကိုသမီးျဖစ္သူ ပရဟိတအလုပ္လုပ္ ေနတယ္ဆိုတာကို ဧည့္ခန္းမွာႂကြားရင္းနဲ႔ သူနဲ႔မိတ္ဆက္ေပးဖို႔ သူ႔အခန္းတံခါးကိုဖြင့္ လိုက္တာကေန စသိခဲ့တာပါ။

ကြၽန္မထိုးေနရင္း တန္းလန္းႀကီးနဲ႔ ေတြ႕သြားတာ။ သူက ကြၽန္မကိုနယ္ေတြ ပို႔တယ္၊ယဥ္းေတြထလာလို႔ နယ္ကေန ရန္ကုန္ျပန္ပို႔တယ္၊ ေဆး႐ုံမွာျဖတ္ေပး တယ္၊ ဒီဟာျပတ္သြားၿပီဆို အျခားဟာ ေတြသုံးမွာဆိုၿပီး မ်က္လုံးေအာက္ကေန အေပ်ာက္မခံေတာ့ဘူး။

 

သူဟာ ျမန္မာျပည္မွာ မူးယစ္ေဆး ဝါး ရွစ္မ်ိဳးရွိတဲ့အထဲမွာ အကုန္လုံးသုံးခဲ့

ဖူးသူပါ။ WY Ice လည္း ပါတယ္။ ေရနဲ႔ရႉ တာ WY ေပါ့ အကုန္သုံးခဲ့တာ။ စိတ္ ပိုင္းဆိုင္ရာစြဲလမ္းတာ WY လို႔ေခၚတဲ့ စိတ္ႂကြေဆးနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအရဆို ကြၽန္ မ နံပါတ္ဖိုးစြဲခဲ့တာပါ။

သူ႔အေမသိသြားတာနဲ႔ တစ္ၿပိဳင္ တည္း အႏုပညာအလုပ္ေတြေရာ၊ ပရဟိ တအလုပ္ေတြေရာ လူေတြနဲ႔ပါအဆက္ ျဖတ္ၿပီး နယ္ကိုပို႔လိုက္ပါတယ္။ နယ္ကို ေရာက္ခ်ိန္မွာလည္း ဘယ္လိုမွမေနႏိုင္ဘဲ ယဥ္းထေနတာေၾကာင့္ ရန္ကုန္မွာရွိတဲ့ ျမင့္ျမတ္ေတာ္ဝင္ဆိုတဲ့ စိတ္က်န္းမာေရး ေဆး႐ုံမွာ သုံးေလးလေလာက္ အခ်ိန္ယူၿပီး ျဖတ္ခဲ့ရပါတယ္။

ဘဝသစ္ျပန္စ

ေဆးျဖတ္ၿပီးခ်ိန္အထိ အိမ္ထဲကေန အိမ္အျပင္ကို မထြက္ရဘဲ ေနအိမ္ထဲမွာ ေနရင္း အထီးက်န္အခ်ိန္ေတြကို ျဖတ္ သန္းခဲ့ရင္းက လြန္ခဲ့တဲ့ ငါးလကစၿပီး သန္ လ်င္ သဘာဝရိပ္သာမွာ ေရေပၚသဘာဝ စိုက္ပ်ိဳးေရး သုေတသနၿခံမွာ စိုက္ပ်ိဳးေရး တာဝန္ခံအေနနဲ႔ လက္ရွိမွာ ဘဝသစ္ျပန္ စေနပါၿပီ။

သူက“ဒီဆိုး႐ြားတဲ့ဒဏ္ေတြနဲ႔ ကြၽန္မ ေက်ာက္ကပ္ထိသြားတာေပါ့၊ သဘာဝ တရားရိပ္သာမွာ အလုပ္လုပ္ရတဲ့အ ေၾကာင္းတရားကေတာ့ ပထမတစ္ႀကိမ္ မွာ လာၿပီးလည္ရင္းက ဆရာဝန္တစ္ဦး က ေက်ာက္ကပ္ကုေပးတယ္၊ အဆင္ေျပ သြားတာကေန ဒီမွာစခဲ့တာပါ”လို႔ သူက ေျပာရင္း အရင္ကနဲ႔မတူတဲ့ သူ႔ပုံစံကို သူ ျပန္ၾကည့္မိတိုင္း ဘဝသစ္ျပန္စဖို႔ သူႀကိဳး စားေနရပါတယ္။

ေမာင္ႏွမသုံးဦးရွိတဲ့ သူ႔ကို သူ႔အစ္မ အရင္းက ခုခ်ိန္အထိမေခၚေတာ့ပါဘူး၊ သည္လို မူးယစ္ေဆးဝါးသုံးခဲ့တာေၾကာင့္ လုပ္လက္စအလုပ္ေတြနဲ႔  အႏုပညာအ လုပ္ေတြကို ေက်ာခိုင္းခဲ့ရပါတယ္။ အခ်ိန္ ေပးလာရင္ေတာ့ အႏုပညာအလုပ္ကို ျပန္ လုပ္ဖို႔ သူရည္မွန္းထားေပမဲ့ လက္ရွိသူ႔ ႐ုပ္ရည္ကို ပရိသတ္ကို ခ်ျပဖို႔ သူအင္အား မရွိေသးပါဘူး။

သူႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ဆိုးကို ျပန္ စဥ္းစားတိုင္း  သူဝမ္းနည္းခဲ့ရၿပီ။ အႏု ပညာ အတူလုပ္ခဲ့တဲ့ ေမာင္ႏွမေတြရဲ႕ ဇာတ္ကားေတြေတာင္ မၾကည့္ေတာ့ဘဲ ႐ုပ္ရွင္ကအစ မၾကည့္ေတာ့တာ သည္ ေလာကကေန ေက်ာခိုင္းသြားတဲ့ အခ်ိန္ ကတည္းကပါပဲ။

လက္ရွိမွာ သူသဘာဝတရားရိပ္သာ မွာရွိေနတယ္ဆိုတာကို အႏုပညာေလာက ကေရာ ပရိသတ္ကပါ မသိေသးဘဲ သည္ မွာ သူ႔ကို သိၾကတာက မီးမီးသုခမဟုတ္ ဘဲ “ဧပရယ္”ဆိုတဲ့ နာမည္ကိုပါ။

လက္ရွိအခ်ိန္မွာ အသက္ ၃၂ ႏွစ္ရွိေန ၿပီျဖစ္တဲ့ သူဟာ အႏုပညာေလာကကို စ တင္ခ်ိန္က ၂၄ ႏွစ္ အ႐ြယ္ျဖစ္ၿပီး ဟိန္း ေဝယံ၊ မင္းေသြး၊ ေကာင္းခန႔္နဲ႔ အျခား နာမည္ရေနသူေတြနဲ႔ တြဲလုပ္ခဲ့ဖူးပါတယ္။ သူဟာ အင္ဂ်င္နီယာ ဘြဲ႕ရထားသူတစ္ဦး ပါ။

“မူးယစ္ေဆးစြဲခဲ့တယ္ဆိုတာကို သိပ္ ရင္းႏွီးခဲ့တဲ့ လူေတြေလာက္ပဲ သိခဲ့တာ၊ ဘာေၾကာင့္ ေပ်ာက္သြားတယ္ဆိုတာကို သူတို႔မထင္ထားဘူးေပါ့၊ ပရဟိတနဲ႔ အႏု ပညာအလုပ္ကို တြဲလုပ္ေနတဲ့သူက ဒီလို ျဖစ္သြားတယ္ဆိုတာ သူတို႔ထင္မထားဘူး ေလ”လို႔ အႏုပညာေလာကက သူေတြအ ေၾကာင္းေျပာရင္း အသံေတြတိမ္ဝင္သြား သလို မ်က္ရည္ေတြလည္း စီးက်ေနပါ တယ္။ အႏုပညာအလုပ္ကိုပဲ လုပ္ခဲ့တဲ့ သူဟာ ေျမႀကီးေပၚမွာ ေပါက္တူးကိုင္ခဲ့ရ မယ္လို႔ အိမ္မက္ေတာင္ တစ္ခါမွ မမက္ဖူး ခဲ့တာအမွန္ပါပဲ။ သည္ေနရာမွာ ေရေပၚ စိုက္ပ်ိဳးေရးတာဝန္ခံဆိုေတာ့ သူ႔နဲ႔အတူ စိုက္ပ်ိဳးေရးပညာသင္ခဲ့ဖူးတဲ့ ေမာင္ႏွမ ေတြနဲ႔ လုပ္ကိုင္ေနရတာပါ။

လက္ရွိသန္လ်င္သဘာဝရိပ္သာက လုပ္ေနတဲ့ ေျမာက္ျမားစြာေသာ အလုပ္ ေတြထဲက ေရေပၚစိုက္ပ်ိဳးေရးတာဝန္ခံ အေနနဲ႔အလုပ္လုပ္ေနတာ ႏွစ္လပဲ ရွိပါ ေသးတယ္။ သည္ေနရာေရာက္ဖို႔ စိုက္ ပ်ိဳးေရးပညာကို ႏိုင္ငံျခားက ပညာရွင္ ေတြဆီကေန သင္ယူခဲ့ရတာပါ။

သည္ေနရာမွာ စလုပ္ဖို႔ ေျမေနရာရွာ တာကေန အစအဆုံးျမင္ခဲ့ရၿပီး သည္အ လုပ္ကို ဆရာေတာ္တာဝန္ေပးတဲ့အထိ ဆက္လုပ္ဖို႔ ရည္မွန္းထားပါတယ္။ သည္ ေနရာမွာ ေန႔တိုင္းအိပ္တာမ်ိဳး မဟုတ္ဘဲ ေနအိမ္ကေန သြားလိုက္ျပန္လိုက္ေန ေန ပါတယ္။

“ဒီေနရာေရာက္မွ သိခဲ့ရတာက ပညာရွာ သူဖုန္းစားပမာဆိုတဲ့ ဥပမာေလး ပါပဲ၊ ေျမ႐ိုင္းႀကီးကေန ဒီလိုျဖစ္ေအာင္ လုပ္ခဲ့ရတာ”လို႔ သီးသန႔္စမ္းသပ္ထားတဲ့ အပင္ေလးေတြကို ၾကည့္ရင္း ေျပာျပေန ပါတယ္။

သူက “ေပ်ာ္ခ်င္ရင္ သစ္ပင္စိုက္ပါဆို တဲ့အတိုင္းပဲ အေစ့ေလးတစ္ေစ့ကေန အပင္ေလးျဖစ္လာတယ္၊ အဖူးေလးျမင္ လာရေတာ့ အပင္ေလးေတြကႀကီးလာ တယ္ဆိုေတာ့ ဒါေလးေတြျမင္ရေတာ့ ေနာက္ေန႔ ဒီအပင္ေလးက ဘာျဖစ္လာ မလဲဆိုတာကို ၾကည့္ရင္းတဲ့ ေပ်ာ္လာပါ တယ္”လို႔ ေျပာပါတယ္။

သူနဲ႔အတူ သ႐ုပ္ေဆာင္ခဲ့ဖူးသူေတြနဲ႔ျပန္မေတြ႕ေသးေပမဲ့ အတူသ႐ုပ္ေဆာင္ လုပ္ခဲ့တဲ့ မင္းေသြးေသဆုံးခ်ိန္မွာ သတိ တရ ရွိခဲ့ဖူးတယ္လို႔ ဝန္ခံပါတယ္။ သည္ သန္လ်င္သဘာဝတရားရိပ္သာကို ပရဟိ တနဲ႔ အႏုပညာအလုပ္ကို လက္ရွိတြဲလုပ္ ေနတဲ့ မင္းသမီးခိုင္ႏွင္းေဝတစ္ေယာက္ လာမယ္ဆိုလို႔ သူေပ်ာ္႐ႊင္ေနရပါတယ္။

သူနဲ႔အတူ အႏုပညာေလာကထဲ ဝင္ လာသူေတြထဲက အခ်ိဳ႕ဆို အကယ္ဒမီရ တာေတြ ရွိေနတာကိုသူၾကားသိေနရ ေပမဲ့ တီဗီမၾကည့္မိေအာင္ ထိန္းေနရၿပီး သူ႔အခန္းထဲက တီဗီေတာင္ မီးပလတ္ ျဖဳတ္ထားတာပါ။

မိသားစုကေတာ့ လက္ရွိ သူလုပ္ေန တဲ့ အလုပ္ကိုအားေပးေနၿပီး မူးယစ္ေဆး ဝါးေလာက ကေန ေဝးတဲ့ ေနရာေရာက္ေန လို႔ အရင္က မ်က္စိေအာက္က အေပ်ာက္ မခံႏိုင္ေအာင္ ထိန္းခဲ့တဲ့ သူ႔အေမရဲ႕ ယုံ ၾကည္မႈကို ျပန္ရေနပါၿပီ။

“တစ္ခ်ိန္တည္း ဆန႔္က်င္ဘက္အရာ ေတြကို လုပ္ခဲ့ရလို႔လားမသိဘူး၊ ကြၽန္မ ရဲ႕ဘဝက ရသစုံပါတယ္၊ အခ်ိဴအခ်ဥ္အ စပ္ေတြ အကုန္စုံတယ္”လို႔ လက္ရွိ သူ႔ဘဝ ကို တင္စားပါတယ္။

အႏုပညာလုပ္ခဲ့တဲ့ အခ်ိန္နဲ႔ မူးယစ္ ေဆးသုံးစြဲခဲ့တဲ့ အခ်ိန္ေတြက တစ္ခ်ိန္ တည္းျဖစ္ေနလို႔ မတူညီတဲ့အေနအထား ႏွစ္ခုကို ၿပိဳင္လုပ္ခဲ့ရတဲ့ သူ႔အျဖစ္ကို အခု ထိ မေမ့ေသးဘဲ မူးယစ္ေဆးဝါးေလာက ကိုေတာ့ ျပန္မသြားေတာ့ဘူးလို႔ သူဆုံး ျဖတ္ထားပါတယ္။

သူအျမတ္ႏိုးဆုံးနဲ႔တန္ဖိုးအထားဆုံး ပစၥည္းေလးတစ္ခုဟာ မူးယစ္ေဆးဝါး ေၾကာင့္ ဆုံးရႈံးခဲ့ရလို႔ ျပန္မလုပ္ေတာ့ဘူး လို႔ ဆုံးျဖတ္ခဲ့ရတာလို႔ ေျပာပါတယ္။

မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး သူ စာ တမ္းေတြေရးေနၿပီး မူးယစ္ေဆးစြဲေဝဒ နာသည္မ်ားလို႔ သူက တင္စားထားၿပီး သုံး စြဲသူေတြေထာင္ထဲပို႔တာမ်ိဳးေတြမျဖစ္ေစ ခ်င္လို႔ မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ ဥပ ေဒျပင္ဆင္ေရးကိစၥေတြမွာ တင္ဖို႔ စာတမ္း ေတြ ေရးေနပါတယ္။

လူငယ္ေတြမူးယစ္ေဆးသုံးစြဲေနတာ နဲ႔ပတ္သက္ၿပီး ေဆးျပားေတြကို လူ ငယ္ေတြသုံးစြဲမႈေတြမ်ားလာတာကို ျမင္ ေနရတာေၾကာင့္ မူးယစ္ေဆးဝါးေတြကို သူတို႔ဘဝေတြထဲ အဝင္မခံဖို႔ သူက သတိ ေပးေနေျပာပါတယ္။

သူက“အႏုပညာအလုပ္ လုပ္ေနတဲ့ ကြၽန္မဘဝက ေသသြားၿပီ၊ အရာရာကၿပီး သြားၿပီ၊ပတ္ဝန္းက်င္နဲ႔ ဆက္သြယ္ခြင့္မရခဲ့ ဘူး၊ အႏုပညာကို ႐ူးေနေအာင္ ဝါသနာပါ ေပမဲ့ ဘဝကို အိမ္ေထာင္ျပဳၿပီးေတာ့ပဲ ႐ိုး ႐ိုးႀကီး ျဖတ္သန္းသြားရမလား၊ ကြၽန္မ အမ်ားအက်ိဳးေတြ ဆက္လုပ္ခ်င္ေသး တယ္၊ အဲဒီအခ်ိန္မွာ ဆရာေတာ္နဲ႔ေတြ႕ခဲ့ တာ၊ ကြၽန္မ ဘဝရဲ႕ ဒုတိယအႀကိမ္ ႀကိဳး စားခြင့္ရသြားတာ”လို႔ေျပာရင္း ဝမ္းပန္း တစ္နည္းငိုေႂကြးေနပါေတာ့တယ္။

သူ႔လိုမူးယစ္ေဆးႏြံဘဝကို ေရာက္ခဲ့ သူေတြကိုလည္း ဘဝသစ္ျပန္စဖို႔ သန္ လ်င္ သဘာဝတရားရိပ္သာကို လာခဲ့ဖို႔ သူ က ဖိတ္ေခၚပါတယ္။

“ဒီလိုဘဝေတြကေန ႐ုန္းထြက္ဖို႔ ကြၽန္မတာဝန္ထား၊ အစြမ္းကုန္ကူညီပါ့ မယ္”

Credit – Kumudra

 

==========

Unicode

အဲသည်နေ့က သူယဉ်းနည်းနည်းထနေတာ။ မူးယစ်ဆေးဝါး နံပါတ်ဖိုးထိုးဖို့အပ်ကို သူရှာလိုက်တာပေါ့။ ဆေးကို မိုးရေတွေနဲ့ဖျော်ပြီး သူ့ရဲ့လက်ဖျံရိုးထဲ ထည့်ထိုးလိုက်တဲ့အချိန်မှာပဲ အခန်းတံခါးဝမှာ ပေါ်လာတာက သူ့ရဲ့အမေပါ။

သူပစ္စည်းတွေကို လုံးဝသိမ်းလို့မမီ တော့ဘူး။ သူအခါတိုင်း ရုပ်ရှင်ရိုက်ရင် တိုင်ပင်ကိုက် ထားတာတောင် သူ့အဖြစ် အပျက်လောက် တိုင်ပင်မကိုက်နိုင်တော့ပါ ဘူး၊ ဘိန်းဖြူထိုးရင်းတန်းလန်းမှာပဲ သူ့ အမေတွေ့သွားတာကြောင့် ဘယ်လိုမှ ရှင်းပြချိန် မရလိုက်ပါဘူး။

လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ တွေ့လိုက်တဲ့အချိန်မှာပဲ သူ့အမေအခန်း တံခါးဝမှာ ပုံလျက်သားလဲကျသွားတာကို သူတွေ့လိုက်ရပေမဲ့ ဆေးထိုးအပ်ထိုး ထားတာကို ချက်ချင်းမဖြုတ်သေးဘဲ နောက်တစ်ကြိမ် ပြန်သွင်းဖို့သာ သူကြိုး စားနေပါတယ်။

ကမ္ဘာပျက်တဲ့နေ့

အဲသည်နေ့က သူရော သူ့အမေပါ ကမ္ဘာပျက်တဲ့နေ့ပေါ့။ အမေ့ကို သည်လို ပုံစံမျိုးနဲ့ တစ်သက်လုံး မမြင်ခဲ့ဖူးဘူးလေ။ သူ့အမေရဲ့ဘဝမှာ ပြိုလဲသွားပြီဆိုပြီး ငိုလိုက်တာ သူငိုင်ပြီးငေးကြည့်နေပေမဲ့ ဆေးထိုးအပ်တန်းလန်းနဲ့ ထိုးနေတာကို တော့ ရပ်မသွားဘဲ  ပြီးဆုံးအောင် သွေး အေးအေးနဲ့ လုပ်နေပါတော့တယ်။

‘ဖြစ်မှဖြစ်ရလေဆိုပြီး အမေက ရင် ဘတ်ကိုထုပြီးတော့ကို ငိုတာ၊ နင်ဒါတွေလုပ်နေတာ ဟုတ်လား ငါဘယ်လောက် တောင် အသုံးမကျတဲ့သူဖြစ်သွားပြီလဲ၊ ငါ ဒီလိုအသုံးမကျတဲ့ အမေမျိုးလားဆိုပြီး ငိုတာ၊ ဒီအဖြစ်အပျက်က လုံးဝရှော့ပဲ”လို့ သူ့အတိတ်က အကြောင်းတွေကို ပြန်ပြော ပြရင်း ပါးပေါ်ကျလာတဲ့ မျက်ရည်တွေကို သေးသွယ်တဲ့ သူ့လက်ဖမိုးနဲ့ သုတ်လိုက် ပါတယ်။

လွန်ခဲ့သော လေးနှစ်ကျော်က အ ဖြစ်အပျက်ကို ပြောပြနေသူကတော့ သ ရုပ်ဆောင်အလုပ်ကို လေးနှစ်နီးပါးလုပ် ကိုင်ခဲ့ဖူးတဲ့ မင်းသမီး“မီးမီးသုခ”ပါ။

အရပ်ငါးပေကျော်၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ချစ်စရာဟန်ပန်နဲ့သူ့ပုံစံကို ပရိသတ်တွေ ရင်းနှီးခဲ့ပြီး မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ သူ့ပုံတွေက နေရာယူခဲ့ဖူး ပါတယ်။ ဗီဒီယို၂၈ ကား ရိုက်ခဲ့ဖူးသူ တစ် ဦးပါ။

အနုပညာအလုပ်ကို အချိန်ယူနေရင်း က “အေးမြကရုဏာ”ပရဟိတအသင်းကို တည်ထောင်ထားပြီး နေ့ရောညပါ မနား တမ်း အလုပ်တွေလုပ်နေရတဲ့ သူ့ကို သည် လိုမူးယစ်ဆေးဝါးနဲ့ စတင်မိတ်ဆက်ပေး ခဲ့တာက အနုပညာလောကထဲက အလုပ် တွဲလုပ်ဖူးတဲ့ အန်တီကြီး တစ်ယောက် ပါ။

အနုပညာလောကမှာ လေးနှစ် လောက်နေပြီး အရှိန်ရစဖြစ်နေတဲ့သူ မူး ယစ်ဆေးဝါး စသုံးမိသွားတာ၂၀၁၃ လောက်ကပေါ့။ ၂၀၁၄ ခုနှစ် ၅လပိုင်း လောက်မှာ အမေသိသွားတာပါ။

“သိပ်ပင်ပန်းတယ်ပေါ့၊ ညဘက်ဆို လဲ အလုပ်တွေလုပ်၊ မနက်ဘက်ဆိုလဲ ပရဟိတအလုပ်တွေနဲ့ မို့ သုံးကြည့်ပါလား ဆိုလို့ အိမ်ကိုယူလာခဲ့တယ်၊ အဲဒီလိုလုပ် ရင်းနဲ့ ငြိသွားတာ၊ ကျွန်မက တစ်ခုခုဆိုရင် အစွန်းရောက်တယ်ရှင့်၊ အဆုံးထိလုပ် တတ်တယ်၊ ဒါက ဒီတစ်မျိုးတည်းလား၊ ဘာတွေ ရှိသေးလဲဆိုပြီး ဆက်ရှာဖွေ တယ်”လို့ သူက မူးယစ်ဆေး စသုံးစွဲခဲ့ပုံကို ပြောပါတယ်။

ပုံမှန်ဆိုရင်တော့ သူ့အမေဟာ သူ့ အခန်းကို လာနေကျမဟုတ်ဘဲ သည်လို သုံးစွဲနေတာကို မရိပ်မိခဲ့တာက သူ့အနီး နားမှာနေတဲ့ အိမ်အကူက အစစအရာရာ လုပ်ပေးနေပြီး ဖုံးဖိနေတာကြောင့်ပါ။

တစ်နေ့မှာတော့ သူ့အမေဟာ သူတို့ အိမ်ကို ကြွလာတဲ့သူကိုးကွယ်နေတဲ့ ဘုန်း ကြီးကိုသမီးဖြစ်သူ ပရဟိတအလုပ်လုပ် နေတယ်ဆိုတာကို ဧည့်ခန်းမှာကြွားရင်းနဲ့ သူနဲ့မိတ်ဆက်ပေးဖို့ သူ့အခန်းတံခါးကိုဖွင့် လိုက်တာကနေ စသိခဲ့တာပါ။

ကျွန်မထိုးနေရင်း တန်းလန်းကြီးနဲ့ တွေ့သွားတာ။ သူက ကျွန်မကိုနယ်တွေ ပို့တယ်၊ယဉ်းတွေထလာလို့ နယ်ကနေ ရန်ကုန်ပြန်ပို့တယ်၊ ဆေးရုံမှာဖြတ်ပေး တယ်၊ ဒီဟာပြတ်သွားပြီဆို အခြားဟာ တွေသုံးမှာဆိုပြီး မျက်လုံးအောက်ကနေ အပျောက်မခံတော့ဘူး။

သူဟာ မြန်မာပြည်မှာ မူးယစ်ဆေး ဝါး ရှစ်မျိုးရှိတဲ့အထဲမှာ အကုန်လုံးသုံးခဲ့

ဖူးသူပါ။ WY Ice လည်း ပါတယ်။ ရေနဲ့ရှူ တာ WY ပေါ့ အကုန်သုံးခဲ့တာ။ စိတ် ပိုင်းဆိုင်ရာစွဲလမ်းတာ WY လို့ခေါ်တဲ့ စိတ်ကြွဆေးနဲ့ ရုပ်ပိုင်းဆိုင်ရာအရဆို ကျွန် မ နံပါတ်ဖိုးစွဲခဲ့တာပါ။

သူ့အမေသိသွားတာနဲ့ တစ်ပြိုင် တည်း အနုပညာအလုပ်တွေရော၊ ပရဟိ တအလုပ်တွေရော လူတွေနဲ့ပါအဆက် ဖြတ်ပြီး နယ်ကိုပို့လိုက်ပါတယ်။ နယ်ကို ရောက်ချိန်မှာလည်း ဘယ်လိုမှမနေနိုင်ဘဲ ယဉ်းထနေတာကြောင့် ရန်ကုန်မှာရှိတဲ့ မြင့်မြတ်တော်ဝင်ဆိုတဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ သုံးလေးလလောက် အချိန်ယူပြီး ဖြတ်ခဲ့ရပါတယ်။

ဘဝသစ်ပြန်စ

ဆေးဖြတ်ပြီးချိန်အထိ အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ရဘဲ နေအိမ်ထဲမှာ နေရင်း အထီးကျန်အချိန်တွေကို ဖြတ် သန်းခဲ့ရင်းက လွန်ခဲ့တဲ့ ငါးလကစပြီး သန် လျင် သဘာဝရိပ်သာမှာ ရေပေါ်သဘာဝ စိုက်ပျိုးရေး သုတေသနခြံမှာ စိုက်ပျိုးရေး တာဝန်ခံအနေနဲ့ လက်ရှိမှာ ဘဝသစ်ပြန် စနေပါပြီ။

သူက“ဒီဆိုးရွားတဲ့ဒဏ်တွေနဲ့ ကျွန်မ ကျောက်ကပ်ထိသွားတာပေါ့၊ သဘာဝ တရားရိပ်သာမှာ အလုပ်လုပ်ရတဲ့အ ကြောင်းတရားကတော့ ပထမတစ်ကြိမ် မှာ လာပြီးလည်ရင်းက ဆရာဝန်တစ်ဦး က ကျောက်ကပ်ကုပေးတယ်၊ အဆင်ပြေ သွားတာကနေ ဒီမှာစခဲ့တာပါ”လို့ သူက ပြောရင်း အရင်ကနဲ့မတူတဲ့ သူ့ပုံစံကို သူ ပြန်ကြည့်မိတိုင်း ဘဝသစ်ပြန်စဖို့ သူကြိုး စားနေရပါတယ်။

မောင်နှမသုံးဦးရှိတဲ့ သူ့ကို သူ့အစ်မ အရင်းက ခုချိန်အထိမခေါ်တော့ပါဘူး၊ သည်လို မူးယစ်ဆေးဝါးသုံးခဲ့တာကြောင့် လုပ်လက်စအလုပ်တွေနဲ့  အနုပညာအ လုပ်တွေကို ကျောခိုင်းခဲ့ရပါတယ်။ အချိန် ပေးလာရင်တော့ အနုပညာအလုပ်ကို ပြန် လုပ်ဖို့ သူရည်မှန်းထားပေမဲ့ လက်ရှိသူ့ ရုပ်ရည်ကို ပရိသတ်ကို ချပြဖို့ သူအင်အား မရှိသေးပါဘူး။

သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးကို ပြန် စဉ်းစားတိုင်း  သူဝမ်းနည်းခဲ့ရပြီ။ အနု ပညာ အတူလုပ်ခဲ့တဲ့ မောင်နှမတွေရဲ့ ဇာတ်ကားတွေတောင် မကြည့်တော့ဘဲ ရုပ်ရှင်ကအစ မကြည့်တော့တာ သည် လောကကနေ ကျောခိုင်းသွားတဲ့ အချိန် ကတည်းကပါပဲ။

လက်ရှိမှာ သူသဘာဝတရားရိပ်သာ မှာရှိနေတယ်ဆိုတာကို အနုပညာလောက ကရော ပရိသတ်ကပါ မသိသေးဘဲ သည် မှာ သူ့ကို သိကြတာက မီးမီးသုခမဟုတ် ဘဲ “ဧပရယ်”ဆိုတဲ့ နာမည်ကိုပါ။

လက်ရှိအချိန်မှာ အသက် ၃၂ နှစ်ရှိနေ ပြီဖြစ်တဲ့ သူဟာ အနုပညာလောကကို စ တင်ချိန်က ၂၄ နှစ် အရွယ်ဖြစ်ပြီး ဟိန်း ဝေယံ၊ မင်းသွေး၊ ကောင်းခန့်နဲ့ အခြား နာမည်ရနေသူတွေနဲ့ တွဲလုပ်ခဲ့ဖူးပါတယ်။ သူဟာ အင်ဂျင်နီယာ ဘွဲ့ရထားသူတစ်ဦး ပါ။

“မူးယစ်ဆေးစွဲခဲ့တယ်ဆိုတာကို သိပ် ရင်းနှီးခဲ့တဲ့ လူတွေလောက်ပဲ သိခဲ့တာ၊ ဘာကြောင့် ပျောက်သွားတယ်ဆိုတာကို သူတို့မထင်ထားဘူးပေါ့၊ ပရဟိတနဲ့ အနု ပညာအလုပ်ကို တွဲလုပ်နေတဲ့သူက ဒီလို ဖြစ်သွားတယ်ဆိုတာ သူတို့ထင်မထားဘူး လေ”လို့ အနုပညာလောကက သူတွေအ ကြောင်းပြောရင်း အသံတွေတိမ်ဝင်သွား သလို မျက်ရည်တွေလည်း စီးကျနေပါ တယ်။ အနုပညာအလုပ်ကိုပဲ လုပ်ခဲ့တဲ့ သူဟာ မြေကြီးပေါ်မှာ ပေါက်တူးကိုင်ခဲ့ရ မယ်လို့ အိမ်မက်တောင် တစ်ခါမှ မမက်ဖူး ခဲ့တာအမှန်ပါပဲ။ သည်နေရာမှာ ရေပေါ် စိုက်ပျိုးရေးတာဝန်ခံဆိုတော့ သူ့နဲ့အတူ စိုက်ပျိုးရေးပညာသင်ခဲ့ဖူးတဲ့ မောင်နှမ တွေနဲ့ လုပ်ကိုင်နေရတာပါ။

လက်ရှိသန်လျင်သဘာဝရိပ်သာက လုပ်နေတဲ့ မြောက်မြားစွာသော အလုပ် တွေထဲက ရေပေါ်စိုက်ပျိုးရေးတာဝန်ခံ အနေနဲ့အလုပ်လုပ်နေတာ နှစ်လပဲ ရှိပါ သေးတယ်။ သည်နေရာရောက်ဖို့ စိုက် ပျိုးရေးပညာကို နိုင်ငံခြားက ပညာရှင် တွေဆီကနေ သင်ယူခဲ့ရတာပါ။

သည်နေရာမှာ စလုပ်ဖို့ မြေနေရာရှာ တာကနေ အစအဆုံးမြင်ခဲ့ရပြီး သည်အ လုပ်ကို ဆရာတော်တာဝန်ပေးတဲ့အထိ ဆက်လုပ်ဖို့ ရည်မှန်းထားပါတယ်။ သည် နေရာမှာ နေ့တိုင်းအိပ်တာမျိုး မဟုတ်ဘဲ နေအိမ်ကနေ သွားလိုက်ပြန်လိုက်နေ နေ ပါတယ်။

“ဒီနေရာရောက်မှ သိခဲ့ရတာက ပညာရှာ သူဖုန်းစားပမာဆိုတဲ့ ဥပမာလေး ပါပဲ၊ မြေရိုင်းကြီးကနေ ဒီလိုဖြစ်အောင် လုပ်ခဲ့ရတာ”လို့ သီးသန့်စမ်းသပ်ထားတဲ့ အပင်လေးတွေကို ကြည့်ရင်း ပြောပြနေ ပါတယ်။

သူက “ပျော်ချင်ရင် သစ်ပင်စိုက်ပါဆို တဲ့အတိုင်းပဲ အစေ့လေးတစ်စေ့ကနေ အပင်လေးဖြစ်လာတယ်၊ အဖူးလေးမြင် လာရတော့ အပင်လေးတွေကကြီးလာ တယ်ဆိုတော့ ဒါလေးတွေမြင်ရတော့ နောက်နေ့ ဒီအပင်လေးက ဘာဖြစ်လာ မလဲဆိုတာကို ကြည့်ရင်းတဲ့ ပျော်လာပါ တယ်”လို့ ပြောပါတယ်။

သူနဲ့အတူ သရုပ်ဆောင်ခဲ့ဖူးသူတွေနဲ့ပြန်မတွေ့သေးပေမဲ့ အတူသရုပ်ဆောင် လုပ်ခဲ့တဲ့ မင်းသွေးသေဆုံးချိန်မှာ သတိ တရ ရှိခဲ့ဖူးတယ်လို့ ဝန်ခံပါတယ်။ သည် သန်လျင်သဘာဝတရားရိပ်သာကို ပရဟိ တနဲ့ အနုပညာအလုပ်ကို လက်ရှိတွဲလုပ် နေတဲ့ မင်းသမီးခိုင်နှင်းဝေတစ်ယောက် လာမယ်ဆိုလို့ သူပျော်ရွှင်နေရပါတယ်။

သူနဲ့အတူ အနုပညာလောကထဲ ဝင် လာသူတွေထဲက အချို့ဆို အကယ်ဒမီရ တာတွေ ရှိနေတာကိုသူကြားသိနေရ ပေမဲ့ တီဗီမကြည့်မိအောင် ထိန်းနေရပြီး သူ့အခန်းထဲက တီဗီတောင် မီးပလတ် ဖြုတ်ထားတာပါ။

မိသားစုကတော့ လက်ရှိ သူလုပ်နေ တဲ့ အလုပ်ကိုအားပေးနေပြီး မူးယစ်ဆေး ဝါးလောက ကနေ ဝေးတဲ့ နေရာရောက်နေ လို့ အရင်က မျက်စိအောက်က အပျောက် မခံနိုင်အောင် ထိန်းခဲ့တဲ့ သူ့အမေရဲ့ ယုံ ကြည်မှုကို ပြန်ရနေပါပြီ။

“တစ်ချိန်တည်း ဆန့်ကျင်ဘက်အရာ တွေကို လုပ်ခဲ့ရလို့လားမသိဘူး၊ ကျွန်မ ရဲ့ဘဝက ရသစုံပါတယ်၊ အချိူအချဉ်အ စပ်တွေ အကုန်စုံတယ်”လို့ လက်ရှိ သူ့ဘဝ ကို တင်စားပါတယ်။

အနုပညာလုပ်ခဲ့တဲ့ အချိန်နဲ့ မူးယစ် ဆေးသုံးစွဲခဲ့တဲ့ အချိန်တွေက တစ်ချိန် တည်းဖြစ်နေလို့ မတူညီတဲ့အနေအထား နှစ်ခုကို ပြိုင်လုပ်ခဲ့ရတဲ့ သူ့အဖြစ်ကို အခု ထိ မမေ့သေးဘဲ မူးယစ်ဆေးဝါးလောက ကိုတော့ ပြန်မသွားတော့ဘူးလို့ သူဆုံး ဖြတ်ထားပါတယ်။

သူအမြတ်နိုးဆုံးနဲ့တန်ဖိုးအထားဆုံး ပစ္စည်းလေးတစ်ခုဟာ မူးယစ်ဆေးဝါး ကြောင့် ဆုံးရှုံးခဲ့ရလို့ ပြန်မလုပ်တော့ဘူး လို့ ဆုံးဖြတ်ခဲ့ရတာလို့ ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သူ စာ တမ်းတွေရေးနေပြီး မူးယစ်ဆေးစွဲဝေဒ နာသည်များလို့ သူက တင်စားထားပြီး သုံး စွဲသူတွေထောင်ထဲပို့တာမျိုးတွေမဖြစ်စေ ချင်လို့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပ ဒေပြင်ဆင်ရေးကိစ္စတွေမှာ တင်ဖို့ စာတမ်း တွေ ရေးနေပါတယ်။

လူငယ်တွေမူးယစ်ဆေးသုံးစွဲနေတာ နဲ့ပတ်သက်ပြီး ဆေးပြားတွေကို လူ ငယ်တွေသုံးစွဲမှုတွေများလာတာကို မြင် နေရတာကြောင့် မူးယစ်ဆေးဝါးတွေကို သူတို့ဘဝတွေထဲ အဝင်မခံဖို့ သူက သတိ ပေးနေပြောပါတယ်။

သူက“အနုပညာအလုပ် လုပ်နေတဲ့ ကျွန်မဘဝက သေသွားပြီ၊ အရာရာကပြီး သွားပြီ၊ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ခွင့်မရခဲ့ ဘူး၊ အနုပညာကို ရူးနေအောင် ဝါသနာပါ ပေမဲ့ ဘဝကို အိမ်ထောင်ပြုပြီးတော့ပဲ ရိုး ရိုးကြီး ဖြတ်သန်းသွားရမလား၊ ကျွန်မ အများအကျိုးတွေ ဆက်လုပ်ချင်သေး တယ်၊ အဲဒီအချိန်မှာ ဆရာတော်နဲ့တွေ့ခဲ့ တာ၊ ကျွန်မ ဘဝရဲ့ ဒုတိယအကြိမ် ကြိုး စားခွင့်ရသွားတာ”လို့ပြောရင်း ဝမ်းပန်း တစ်နည်းငိုကြွေးနေပါတော့တယ်။

သူ့လိုမူးယစ်ဆေးနွံဘဝကို ရောက်ခဲ့ သူတွေကိုလည်း ဘဝသစ်ပြန်စဖို့ သန် လျင် သဘာဝတရားရိပ်သာကို လာခဲ့ဖို့ သူ က ဖိတ်ခေါ်ပါတယ်။

“ဒီလိုဘဝတွေကနေ ရုန်းထွက်ဖို့ ကျွန်မတာဝန်ထား၊ အစွမ်းကုန်ကူညီပါ့ မယ်”

Credit – Kumudra

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.