လမ္းေလွ်ာက္တတ္ခါစ သမီးေလးရဲ႕တင္ပါးကို ဓားရွည္ျဖင့္လွီးျဖတ္ပစ္ခဲ့တဲ့ဖခင္

မိဘေတြတိုင္းကေတာ့ ကိုယ့္ရဲ႕သားသမီးထိခိုက္ဒဏ္ရာရရွိမွာကိုစိုးရိမ္ေလ့ရွိၾကပါတယ္ ။ တိရစာၦန္ေတြဆိုရင္ေတာင္မွ ကိုယ့္ကေလးထိခိုက္ဒဏ္ရာမရေအာင္ နည္းမ်ိဳးစုံနဲ႔ကာကြယ္ေပးေလ့ရွိၾကတာ သဘာဝပါပဲ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕ေသာမိဘေတြကေတာ့ ကိုယ့္ရဲ႕သားသမီးေတြကို ႐ုပ္ပိုင္းဆိုင္ရာေကာ ၊ စိတ္ပိုင္းဆိုင္ရာ အရပါ မညာမတာ ႏွိပ္စက္ေလ့ရွိ ၾကပါတယ္ …။ဒီတစ္ေခါက္မွာလည္း ဖခင္တစ္ဦးဟာ သူ၏လမ္းေလွ်ာက္တတ္ခါစ သမီးေလးကို သနားၾကင္နာမႈလုံးဝမထားရွိဘဲ ဓားရွည္ျဖင့္ ႏွိပ္စက္ညႇဥ္းပန္းခဲ့ပုံကို Sarawakian social group အမည္ျဖင့္ Facebook တြင္ေဝမွ်သြားခဲ့ပါတယ္ …။

အဆိုပါအျဖစ္အပ်က္ဟာ ဖခင္ျဖစ္သူမူးယစ္ေဆးအလြန္အကြၽံသုံးစြဲျခင္းေၾကာင့္ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ သမီးျဖစ္သူ၏ တင္ပါးကို ခြၽန္ထက္လြန္းေသာ ဓားရွည္ႀကီးဖို႔အႀကိမ္ေပါင္းမ်ားစြာ လွီးျဖတ္ခဲ့ပါတယ္ ။ေဝမွ်ထားတဲ့ ဓာတ္ပုံမ်ားကိုၾကည့္လိုက္မယ္ဆိုရင္ေတာ့ ကေလးငယ္ဟာၾကမ္းျပင္ေပၚသို႔ ေမွာက္လ်က္အိပ္ခ်ေနခဲ့ၿပီး သူမ၏ဒဏ္ရာရရွိထားတဲ့ ခႏၶာကိုယ္ေအာက္ဖက္ပိုင္းျဖစ္တဲ့ ေပါင္တံ ႏွင့္ တင္ပါး မ်ားကိုေဖာ္ျပထားပါတယ္ …။

သူမ၏တင္ပါးေပၚရွိ အေရးျပားမ်ားဟာ ခြၽန္ထက္လြန္းတဲ့အရာမ်ားျဖင့္ လွီးျဖတ္ထားခဲ့တဲ့ ဒဏ္ရာမ်ားကိုေတြ႕ရွိရမွာျဖစ္ၿပီး သူမ၏လက္ေခ်ာင္းေလးမ်ားကိုၾကည့္ျခင္းအားျဖင့္ သူမျပန္လည္ခုခံခဲ့ပုံရေနသည္ကိုလည္း ခန္႔မွန္းၾကည့္လို႔ရမွာပါ …။အဆိုပါအျဖစ္အပ်က္ရဲ႕ေနာက္ဆက္တြဲအေျခအေနကိုေတာ့ ဆက္လက္တင္ျပထားျခင္းမ်ိဳးမရွိသည့္အျပင္ ၊ ဖခင္ျဖစ္သူ၏ ကိုယ္ေရးအေၾကာင္းအရာမ်ားကိုလည္း အေသးစိတ္ဆက္လက္ေဖာ္ျပထားျခင္းမ်ိဳး မရွိခဲ့ပါဘူး …။

အဆိုပါ Post ကိုျမင္ေတြ႕ခဲ့ၾကတဲ့လူအမ်ားစုကေတာ့ ကေလးငယ္၏ဖခင္ျဖစ္သူ လုပ္ရပ္မ်ားကိုအေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ၾကၿပီး ၊ ငယ္႐ြယ္ၿပီးအကူအညီမဲ့ေနခဲ့တဲ့ကေလးငယ္ကိုမယုံႏိုင္ေလာက္ေအာင္ ရက္ရက္စက္စက္ျပဳမႈဆက္ဆံခဲ့တဲ့အတြက္ လူအမ်ားက ျပစ္တက္ ရႈတ္ခ်ေဝဖန္ ခဲ့ၾကပါေတာ့တယ္ …။

Source: worldofbuzz

===

Unicode

မိဘတွေတိုင်းကတော့ ကိုယ့်ရဲ့သားသမီးထိခိုက်ဒဏ်ရာရရှိမှာကိုစိုးရိမ်လေ့ရှိကြပါတယ် ။ တိရစ္ဆာန်တွေဆိုရင်တောင်မှ ကိုယ့်ကလေးထိခိုက်ဒဏ်ရာမရအောင် နည်းမျိုးစုံနဲ့ကာကွယ်ပေးလေ့ရှိကြတာ သဘာဝပါပဲ ။ သို့ပေမဲ့လည်း တစ်ချို့သောမိဘတွေကတော့ ကိုယ့်ရဲ့သားသမီးတွေကို ရုပ်ပိုင်းဆိုင်ရာကော ၊ စိတ်ပိုင်းဆိုင်ရာ အရပါ မညာမတာ နှိပ်စက်လေ့ရှိ ကြပါတယ် …။ဒီတစ်ခေါက်မှာလည်း ဖခင်တစ်ဦးဟာ သူ၏လမ်းလျှောက်တတ်ခါစ သမီးလေးကို သနားကြင်နာမှုလုံးဝမထားရှိဘဲ ဓားရှည်ဖြင့် နှိပ်စက်ညှဉ်းပန်းခဲ့ပုံကို Sarawakian social group အမည်ဖြင့် Facebook တွင်ဝေမျှသွားခဲ့ပါတယ် …။

အဆိုပါအဖြစ်အပျက်ဟာ ဖခင်ဖြစ်သူမူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ သမီးဖြစ်သူ၏ တင်ပါးကို ချွန်ထက်လွန်းသော ဓားရှည်ကြီးဖို့အကြိမ်ပေါင်းများစွာ လှီးဖြတ်ခဲ့ပါတယ် ။ဝေမျှထားတဲ့ ဓာတ်ပုံများကိုကြည့်လိုက်မယ်ဆိုရင်တော့ ကလေးငယ်ဟာကြမ်းပြင်ပေါ်သို့ မှောက်လျက်အိပ်ချနေခဲ့ပြီး သူမ၏ဒဏ်ရာရရှိထားတဲ့ ခန္ဓာကိုယ်အောက်ဖက်ပိုင်းဖြစ်တဲ့ ပေါင်တံ နှင့် တင်ပါး များကိုဖော်ပြထားပါတယ် …။

သူမ၏တင်ပါးပေါ်ရှိ အရေးပြားများဟာ ချွန်ထက်လွန်းတဲ့အရာများဖြင့် လှီးဖြတ်ထားခဲ့တဲ့ ဒဏ်ရာများကိုတွေ့ရှိရမှာဖြစ်ပြီး သူမ၏လက်ချောင်းလေးများကိုကြည့်ခြင်းအားဖြင့် သူမပြန်လည်ခုခံခဲ့ပုံရနေသည်ကိုလည်း ခန့်မှန်းကြည့်လို့ရမှာပါ …။အဆိုပါအဖြစ်အပျက်ရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ ဆက်လက်တင်ပြထားခြင်းမျိုးမရှိသည့်အပြင် ၊ ဖခင်ဖြစ်သူ၏ ကိုယ်ရေးအကြောင်းအရာများကိုလည်း အသေးစိတ်ဆက်လက်ဖော်ပြထားခြင်းမျိုး မရှိခဲ့ပါဘူး …။

အဆိုပါ Post ကိုမြင်တွေ့ခဲ့ကြတဲ့လူအများစုကတော့ ကလေးငယ်၏ဖခင်ဖြစ်သူ လုပ်ရပ်များကိုအတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး ၊ ငယ်ရွယ်ပြီးအကူအညီမဲ့နေခဲ့တဲ့ကလေးငယ်ကိုမယုံနိုင်လောက်အောင် ရက်ရက်စက်စက်ပြုမှုဆက်ဆံခဲ့တဲ့အတွက် လူအများက ပြစ်တက် ရှုတ်ချဝေဖန် ခဲ့ကြပါတော့တယ် …။

Source: worldofbuzz

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.