ၿဖိဳးျပည့္စုံတို႔က အျပစ္မရွိလို႔ လြတ္သြားတာပါဟု ဗဟန္းၿမိဳ႕နယ္မႈးေျပာ

ၿဖိဳးျပည့္စုံတို႔က အျပစ္မရွိလို႔ လြတ္သြားတာပါဟု ဗဟန္းၿမိဳ႕နယ္မႈးေျပာ

အဆိုေတာ္ၿဖိဳးျပည့္ႏွင့္ သူငယ္ခ်င္းႏွစ္ဦးကို ယေန႔ ညေန ၃နာရီခြဲအခ်ိန္က လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမႈးသိန္းဝင္းက အတည္ျပဳသည္။“လြတ္ေပးလိုက္တာထက္ အျပစ္မရွိလြတ္သြားတာပါဗ်ာ။ ၃ နာရီခြဲေလာက္က လြတ္ေပးလိုက္တာပါ။ ဥပေဒအရ လႊတ္ရမယ့္ကိစၥရွိလို႔ လႊတ္ေပးလိုက္တာပါ။ ကြၽန္ေတာ္ အဲေလာက္ပဲေျဖပါရေစ။

ကြၽန္ေတာ္ခ်ည္းပဲ လႊတ္တာမဟုတ္ဘူး။ ဥပေဒေၾကာင္းအရ လႊတ္ရမယ့္ကိစၥျဖစ္ၿပီး ဥပေဒနဲ႔ အညီလႊတ္တာေနာ္။ ဗရမ္းဗတာလႊတ္တာမဟုတ္ပါဘူး”ဟု ရဲမႈးသိန္းဝင္းက ေျပာသည္။ေအာက္တိုဘာ ၇ ရက္ ညေနက ျမန္မာပလာဇာတြင္ ၿဖိဳးျပည့္စုံ ၊ ၿငိမ္းခ်မ္းကို ႏွင့္ ေရာ္နီစန္းလြင္တို႔ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

သတင္းေထာက္- ၿငိမ္းခ်မ္း

===

Unicode

ဖြိုးပြည့်စုံတို့က အပြစ်မရှိလို့ လွတ်သွားတာပါဟု ဗဟန်းမြို့နယ်မှုးပြော

အဆိုတော်ဖြိုးပြည့်နှင့် သူငယ်ချင်းနှစ်ဦးကို ယနေ့ ညနေ ၃နာရီခွဲအချိန်က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးသိန်းဝင်းက အတည်ပြုသည်။“လွတ်ပေးလိုက်တာထက် အပြစ်မရှိလွတ်သွားတာပါဗျာ။ ၃ နာရီခွဲလောက်က လွတ်ပေးလိုက်တာပါ။ ဥပဒေအရ လွှတ်ရမယ့်ကိစ္စရှိလို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် အဲလောက်ပဲဖြေပါရစေ။

ကျွန်တော်ချည်းပဲ လွှတ်တာမဟုတ်ဘူး။ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေနဲ့ အညီလွှတ်တာနော်။ ဗရမ်းဗတာလွှတ်တာမဟုတ်ပါဘူး”ဟု ရဲမှုးသိန်းဝင်းက ပြောသည်။အောက်တိုဘာ ၇ ရက် ညနေက မြန်မာပလာဇာတွင် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်- ငြိမ်းချမ်း

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.