“အရင္ဘဝက ဝဋ္ေႂကြးရွိလို႔ ကြၽန္ေတာ္တို႔ခံရတာပါ” ဆိုၿပီး အမွန္တရားကို ေျပာျပလာတဲ့ ၿဖိဳးျပည့္စုံ

မနက္က ေမာင္ေလးၿဖိဳးျပည့္စုံကို ဗဟန္းရဲစခန္းမွာ သြားၿပီး အားေပးျဖစ္တယ္။တကယ့္ကို မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ပါ။ သူနဲ႔အတူ အဖမ္းခံရတဲ့ေမာင္ေလး ၂ ေယာက္ကလည္း တကယ့္ကို ေအးေအးေဆးေဆးသမားေတြ။ဘယ္သူ႔ကိုမွလည္း အျပစ္မေျပာၾကရွာဘူး။အစပိုင္းကေတာ့ ဘာမွန္းမသိေတာ့ လန္႔ၿပီးစိတ္ပူမိတယ္ အစ္မရယ္တဲ့… အခုေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကို ယုံတယ္… မဟုတ္တာ မလုပ္ထားတာမို႔… အမွန္တရား ေပၚလာမွာပါတဲ့… 😢😢😢ဘယ္သူ႔ကိုမွလည္း အျပစ္မေျပာၾကရွာဘူး…ဖမ္းတဲ့သူေတြကလည္း သတင္းေပးလို႔ ဖမ္းရတာပါေလတဲ့… အရင္ဘဝက ဝဋ္ေႂကြးရွိလို႔ ကြၽန္ေတာ္တို႔ခံရတာပါတဲ့… အခုကံနိမ့္ေနတဲ့အခ်ိန္မို႔ထင္တယ္… အခုလို မထင္ထားတာေတြ ျဖစ္တာတဲ့… 😢😢😢

ျဖစ္တာက သတင္းေပးသူက… အဲ့ဒီဆိုင္မွာ ၂ ေယာက္ထိုင္ေနတဲ့ ဝိုင္းဆိုၿပီး ဝိုင္းေနရာကို ေျပာသြားေတာ့… လာဖမ္းတဲ့အခ်ိန္မွာ ၿဖိဳးျပည့္စုံက တျခားမွာစကားသြားေျပာေနတဲ့အခ်ိန္… ပိုက္ဆံအိတ္နဲ႔ ကားေသာ့ပဲ က်န္ခဲ့ေတာ့… ၂ ေယာက္ထဲရွိေနတဲ့ သူ႔မိတ္ေဆြေတြ ဆြမ္းခံရင္းငွက္သင့္တာလည္း ျဖစ္ႏိုင္ပါတယ္ေလ တဲ့ 😢😢😢သတင္းေပးသူကိုေရာ… ဖမ္းတဲ့သူေတြကိုပါ… တကယ္ အေကာင္းဖက္က လွည့္ေတြးေပးၾကရွာတယ္…

ေနာက္တစ္ခ်က္ ေလးစားသြားတာက… ၃ ေယာက္လုံး တစ္ေယာက္ကိုတစ္ေယာက္ သံသယမဝင္ဘူး… မင္းေၾကာင့္. ငါ့ေၾကာင့္ဆိုၿပီး အျပစ္ပုံမခ်ၾကဘူး… အခ်င္းခ်င္း မဟုတ္တာမလုပ္ဘူးဆိုတာ ယုံၾကည္မႈရွိေနၾကတယ္…ၿဖိဳးျပည့္စုံကေတာ့ ေျပာရွာတယ္… ေနမေကာင္းလို႔အလုပ္ေတြ ခဏနားမယ္ေျပာထားတာ… ပါးစပ္စီးသြားတာလားမသိဘူး တဲ့… အခု ဒီလိုပုံစံနဲ႔ ဒီမွာ လာနားရတယ္လို႔ပဲ သူ႔စိတ္မွာ မွတ္ပါတယ္တဲ့… 😢😢😢

ဝဋ္ရွိရင္ေတာ့ ေရွာင္လို႔ ဘယ္ရမလဲ အစ္မရယ္တဲ့… 😢😢😢

အားလုံးဝိုင္းၿပီး ဆုေတာင္းေပးေနပါတယ္ ေမာင္ေလးေရ… 🙏🏻🙏🏻🙏🏻

အမွန္တရားအစစ္အတိုင္း ျဖစ္ပါေစ🙏🏻🙏🏻🙏🏻

မူရင္း post တင္သူ
Credit : Nang Tin Moe Thu

===

Unicode

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… 😢😢😢ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး…ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့… အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့… အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်… အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… 😢😢😢

ဖြစ်တာက သတင်းပေးသူက… အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့… လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန်… ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့… ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ တဲ့ 😢😢😢သတင်းပေးသူကိုရော… ဖမ်းတဲ့သူတွေကိုပါ… တကယ် အကောင်းဖက်က လှည့်တွေးပေးကြရှာတယ်…

နောက်တစ်ချက် လေးစားသွားတာက… ၃ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သံသယမဝင်ဘူး… မင်းကြောင့်. ငါ့ကြောင့်ဆိုပြီး အပြစ်ပုံမချကြဘူး… အချင်းချင်း မဟုတ်တာမလုပ်ဘူးဆိုတာ ယုံကြည်မှုရှိနေကြတယ်…ဖြိုးပြည့်စုံကတော့ ပြောရှာတယ်… နေမကောင်းလို့အလုပ်တွေ ခဏနားမယ်ပြောထားတာ… ပါးစပ်စီးသွားတာလားမသိဘူး တဲ့… အခု ဒီလိုပုံစံနဲ့ ဒီမှာ လာနားရတယ်လို့ပဲ သူ့စိတ်မှာ မှတ်ပါတယ်တဲ့… 😢😢😢

ဝဋ်ရှိရင်တော့ ရှောင်လို့ ဘယ်ရမလဲ အစ်မရယ်တဲ့… 😢😢😢

အားလုံးဝိုင်းပြီး ဆုတောင်းပေးနေပါတယ် မောင်လေးရေ… 🙏🏻🙏🏻🙏🏻

အမှန်တရားအစစ်အတိုင်း ဖြစ်ပါစေ🙏🏻🙏🏻🙏🏻

မူရင်း post တင်သူ
Credit : Nang Tin Moe Thu

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.