လူနာဆီးပိုက္ထည့္ရာမွာ အမွားအယြင္းျဖစ္ၿပီး၊ ေသြးေတြပန္းထြက္ေစခဲ့တဲ့ ေဒါက္တာရဲ႕လုပ္ရပ္

လူမႈကြန္ရက္ အသုံးျပဳသူတစ္ဦးျဖစ္တဲ့ Love Ummi အမည္ရ Facebook အသုံးျပဳသူတစ္ဦးဟာ သူမရဲ႕ခင္ပြန္း ေလျဖတ္လို႔ ေဆး႐ုံအျမန္တင္ခဲ့ရာ၊ ေဒါက္တာတစ္ဦးရဲ႕လုပ္ရပ္က သေဘာမက်စရာျဖစ္ခဲ့လို႔ လူမႈကြန္ရက္ေပၚမွာ ပုံေတြတင္ၿပီး ေဝဖန္ခဲ့ပါတယ္။ဒီအေၾကာင္းကို WorldOfBuzz က ေဖာ္ျပခဲ့တာျဖစ္ၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ Ummi ရဲ႕ ခင္ပြန္းဟာ ဒုတိယအႀကိမ္ေျမာက္ ေလျဖတ္ခဲ့တာျဖစ္ၿပီး၊ ဒီတစ္ခါမွာေတာ့ ေဒါက္တာက ဆီးပိုက္ကို မွားထည့္ခဲ့တာလို႔ ဆိုပါတယ္။

ဒါေၾကာင့္လည္း ဆီးအိတ္ထဲမွာ ဆီးေတြဆင္းရမယ့္အစား ေသြးေတြ မရပ္နားႏိုင္ေလာက္ေအာင္ ဆင္းခဲ့ပါတယ္။ ေဒါက္တာရဲ႕ နေမာနမဲ့ႏိုင္မႈေၾကာင့္ ေလျဖတ္ထားတဲ့ ခင္ပြန္းဟာ ဆိုး႐ြားနာက်င္မႈကို ပိုခံစားခဲ့ရပါတယ္။ ဆီးပိုက္အပ္ဟာ ဆီးလမ္းေၾကာင္းကို သြင္းရမယ့္အစား-ေဘးဘက္ ႂကြက္သားအတြင္းက ေသြးေၾကာကို ထိမိသြားခဲ့တာပါ။ အမွားအယြင္းလုပ္ခဲ့တဲ့ ေဒါက္တာရဲ႕အမည္ကိုလည္း Ummi က တိုက္႐ိုက္ထည့္သြင္း ေရးသားခဲ့ပါတယ္။

ေဒါက္တာရဲ႕အမည္ကေတာ့ Dr A Fz Karena လို႔ သိရၿပီး၊ သူရဲ႕အမွားအတြက္ တစ္ျခားေဒါက္တာေတြက ေတာင္းပန္ခဲ့ေပမယ့္-ကာယကံရွင္ေဒါက္တာကေတာ့ ဘာမွ မေျပာခဲ့ဘူးလို႔ ဆိုပါတယ္။ ခင္ပြန္းသည္က ေလျဖတ္လို႔ ေဆး႐ုံတက္ေနရခ်ိန္မွာေတာင္ သူမကလည္း ခြဲခန္းဝင္ၿပီး ကေလးေမြးခဲ့ရပါေသးတယ္တဲ့။ သက္ဆိုင္ရာ ေဆး႐ုံကေတာ့ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္အတြက္ အလြန္စိတ္မေကာင္းဘူးလို႔ ေၾကညာခဲ့ပါတယ္။

Source – နတ္သူႀကီး

===

Unicode

လူမှုကွန်ရက် အသုံးပြုသူတစ်ဦးဖြစ်တဲ့ Love Ummi အမည်ရ Facebook အသုံးပြုသူတစ်ဦးဟာ သူမရဲ့ခင်ပွန်း လေဖြတ်လို့ ဆေးရုံအမြန်တင်ခဲ့ရာ၊ ဒေါက်တာတစ်ဦးရဲ့လုပ်ရပ်က သဘောမကျစရာဖြစ်ခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ ပုံတွေတင်ပြီး ဝေဖန်ခဲ့ပါတယ်။ဒီအကြောင်းကို WorldOfBuzz က ဖော်ပြခဲ့တာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ Ummi ရဲ့ ခင်ပွန်းဟာ ဒုတိယအကြိမ်မြောက် လေဖြတ်ခဲ့တာဖြစ်ပြီး၊ ဒီတစ်ခါမှာတော့ ဒေါက်တာက ဆီးပိုက်ကို မှားထည့်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဆီးအိတ်ထဲမှာ ဆီးတွေဆင်းရမယ့်အစား သွေးတွေ မရပ်နားနိုင်လောက်အောင် ဆင်းခဲ့ပါတယ်။ ဒေါက်တာရဲ့ နမောနမဲ့နိုင်မှုကြောင့် လေဖြတ်ထားတဲ့ ခင်ပွန်းဟာ ဆိုးရွားနာကျင်မှုကို ပိုခံစားခဲ့ရပါတယ်။ ဆီးပိုက်အပ်ဟာ ဆီးလမ်းကြောင်းကို သွင်းရမယ့်အစား-ဘေးဘက် ကြွက်သားအတွင်းက သွေးကြောကို ထိမိသွားခဲ့တာပါ။ အမှားအယွင်းလုပ်ခဲ့တဲ့ ဒေါက်တာရဲ့အမည်ကိုလည်း Ummi က တိုက်ရိုက်ထည့်သွင်း ရေးသားခဲ့ပါတယ်။

ဒေါက်တာရဲ့အမည်ကတော့ Dr A Fz Karena လို့ သိရပြီး၊ သူရဲ့အမှားအတွက် တစ်ခြားဒေါက်တာတွေက တောင်းပန်ခဲ့ပေမယ့်-ကာယကံရှင်ဒေါက်တာကတော့ ဘာမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ခင်ပွန်းသည်က လေဖြတ်လို့ ဆေးရုံတက်နေရချိန်မှာတောင် သူမကလည်း ခွဲခန်းဝင်ပြီး ကလေးမွေးခဲ့ရပါသေးတယ်တဲ့။ သက်ဆိုင်ရာ ဆေးရုံကတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် အလွန်စိတ်မကောင်းဘူးလို့ ကြေညာခဲ့ပါတယ်။

Source – နတ်သူကြီး

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.