ထိုင္းႏုိင္ငံမွာ ညပိုင္း လမ္းေပၚေသာင္းက်န္းေနတဲ့ ျမန္မာလူငယ္ဂိုဏ္ဝင္မ်ား

ထိုင္းေျမာက္ပိုင္းတြင္ ညပိုင္း အုပ္စုဖြဲ ့ ရန္ရွာေနၾကသည့္ ျမန္မာလူငယ္ ဂိုဏ္း၀င္မ်ားအား ရဲတပ္ဖြဲ ့လိုက္လံဖမ္းဆီးေနရေၾကာင္း ထိုင္း Page တစ္ခုမွ တင္ျပထားမႈကို Social Action for Children and Women – SAW မွ ဘာသာျပန္ေဖာ္ျပထားေၾကာင္းေတြ႔ရသည္။ခ်င္းမိုင္ခရိုင္က စံစိုင္းနဲ ့ဒိြဳင္စကက္ျမိဳ ့နယ္ေတြမွာသူတို ့ကိုယ္သူတို ့” ဖီရဒန္ ”ဂိုဏ္းလို ့နံမည္ေပးထားတဲ့ ျမန္မာႏြယ္ဖြား ရွမ္းတိုင္းသား လူငယ္ (၃၀) အုပ္စုဟာ ညပိုင္း လမ္းမေတြေပၚမွာဆိုင္ကယ္ေတြနဲ ့ အုပ္စုလိုက္ လက္နွက္မ်ိုးစံုကိုင္ျပီး ရမ္းကားေနၾကတာလို ့ စံစိုင္းျမိဳ ့ခံေတြကေျပာပါတယ္။

စက္တင္ဘာလ ၂၄ ရက္ေန ့က ညပိုင္းတစ္ဦးထဲဆိုင္ကယ္ေမာင္းတဲ့ ထိုင္းတကၠသိုလ္ေက်ာင္းသား ကို ေလာက္ေလးဂြေတြနဲ ့ အရင္စပစ္ပါတယ္၊ ထိုင္းေက်ာင္းဦးေခါင္းကို ထိမွန္ခဲ့လို ့ လမ္းေဘးမွာ ဆိုင္ကယ္ရပ္တဲ့အခါ သူ ့အနားကို ျမန္မာလုငယ္အုပ္စုက ၀ိုင္းလာျပီး တိုက္ခိုက္ေတာ့တာဘဲလို ့ ထိုင္းေက်ာင္းသားကေျပာပါတယ္။

စက္တင္ဘာလ ၂၇ ရက္ေန ့မွာေတာ့ ခ်င္းမိုင္ခရိုင္ စံစိုင္းရဲတပ္ဖြဲ ့က အသက္ ၂၀ ေအာက္ ျမန္မာႏြယ္ဖြား ရွမ္းလူငယ္ ေလးဦးကို ဖမ္းဆီးနိုင္ခဲ့ျပီး သူတို ့ကိုင္ေဆာင္ထားတဲ့ ဓါး-သံဒုတ္ သံလက္သီး နဲ ့ ေလာက္ေလးဂြေတြကိုသ္ေသအျဖစ္ သိမ္းခဲ့ပါတယ္။အဆိုပါ ျမန္မာလူငယ္ ေလးဦးကို လက္နက္ကိုင္ေဆာင္မွု-အုပ္စုဖြဲ ့ တိုက္ ခိုက္မွု ေတြနဲ ့ တရားစြဲခံရမွာျဖစ္ပါတယ္။

ထိုင္းေက်ာင္းသားတစ္ဦးအား ဖီရဒန္ အဖြဲ ့က တိုက္ခိုက္ခဲ့တဲ့ရုပ္သံ

Social Action for Children and Women – SAW

===

Unicode

ထိုင်းမြောက်ပိုင်းတွင် ညပိုင်း အုပ်စုဖွဲ့ ရန်ရှာနေကြသည့် မြန်မာလူငယ် ဂိုဏ်းဝင်များအား ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးနေရကြောင်း ထိုင်း Page တစ်ခုမှ တင်ပြထားမှုကို Social Action for Children and Women – SAW မှ ဘာသာပြန်ဖော်ပြထားကြောင်းတွေ့ရသည်။ချင်းမိုင်ခရိုင်က စံစိုင်းနဲ့ ဒွိုင်စကက်မြို့နယ်တွေမှာ သူတို့ကိုယ်သူတို့”” ဖီရဒန် “”ဂိုဏ်းလို့ နံမည်ပေးထားတဲ့ မြန်မာနွယ်ဖွား ရှမ်းတိုင်းသား လူငယ် (၃၀) အုပ်စုဟာ ညပိုင်း လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက် လက်နှက်မျိုးစုံကိုင်ပြီး ရမ်းကားနေကြတာလို့ စံစိုင်းမြို့ခံတွေကပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့က ညပိုင်းတစ်ဦးထဲဆိုင်ကယ်မောင်းတဲ့ ထိုင်းတက္ကသိုလ်ကျောင်းသား ကို လောက်လေးဂွတွေနဲ့ အရင်စပစ်ပါတယ်၊ ထိုင်းကျောင်းဦးခေါင်းကို ထိမှန်ခဲ့လို့ လမ်းဘေးမှာ ဆိုင်ကယ်ရပ်တဲ့အခါ သူ့အနားကို မြန်မာလုငယ်အုပ်စုက ဝိုင်းလာပြီး တိုက်ခိုက်တော့တာဘဲလို့ ထိုင်းကျောင်းသားကပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ချင်းမိုင်ခရိုင် စံစိုင်းရဲတပ်ဖွဲ့က အသက် ၂၀ အောက် မြန်မာနွယ်ဖွား ရှမ်းလူငယ် လေးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်ထားတဲ့ ဓါး-သံဒုတ် သံလက်သီး နဲ့ လောက်လေးဂွတွေကိုသ်သေအဖြစ် သိမ်းခဲ့ပါတယ်။အဆိုပါ မြန်မာလူငယ် လေးဦးကို လက်နက်ကိုင်ဆောင်မှု-အုပ်စုဖွဲ့ တိုက် ခိုက်မှု တွေနဲ့ တရားစွဲခံရမှာဖြစ်ပါတယ်။

Social Action for Children and Women – SAW

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.