LocalNews

အသက္ ( ၁၈ )ႏွစ္မျပည္႔ေသးတဲ့ သားနွစ္ဦးရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစတဲ့အျပင္

ဗစ္တိုရီးယားရဲ႕ ဖခင္အပါအဝင္ ေျခာက္ဦး ကို Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလိႈင္က ကေလးသူငယ္မ်ားဆိုင္ရာဥပေဒနဲ႕အမႈဖြင့္ လုိက္တယ္လုိ႕ စုံစမ္းသိရိွရပါတယ္။အမႈဖြင့္ခံရတဲ့ ေျခာက္ဦးကေတာ့ ဗစ္တိုရီးယားရဲ႕ဖခင္ ၊ ဗစ္တိုးရီးယား ဖခင္ရဲ႕ အကုိနဲ႕အမ ၊ တရားလိုေရွ႕ေန ေဒၚရြက္ႏုေအာင္ ၊ ေအာင္ႀကီးရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္ ၊ ဗစ္တိုရီးယားအမႈမွာ လုိက္ပါေဆာင္ရြက္ေပးသူ သကၠမိုးညိဳ(ခ) ေဒါက္တာ ဝင္းကုိကုိသိန္း တို႕ျဖစ္ပါတယ္။

လူမႈကြန္ရက္မွာ ပ်ံနွံေနတဲ့ ကိုကိုညီညီ ဆိုတဲ့ ဓာတ္ပုံနဲ႕ စြပ္စြဲေျပာဆိုခ်က္ ေတြကို အေျခခံၿပီး သက္ေသတင္သြင္းမ ႈေတြ ၊ ေျဖၾကားမႈေတြ ၊ ေရးသားမႈေတြဟာ အသက္ ( ၁၈ )ႏွစ္မျပည္႔ေသးတဲ့ သားနွစ္ဦးရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစတဲ့အျပင္ ကေလးႏွစ္ဦးဟာ စိတ္ပိုိင္းဆိုင္ရာထိခိုက္ခံစားေစရၿပီး

လူ႕ပတ္ဝန္းက်င္မွာလည္းအရွက္ရေစလို႕ အဲဒီေျခာက္ဦးကို အေရးယူေပးဖို႕ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)(၂) နဲ႕ မေန႕က စက္တင္ဘာလ ၂၆ ရက္ ညေနပိုင္းက ပုဗၺသီရိၿမိဳ႕နယ္၊ ပတၱာနယ္ေျမရဲစခန္း မွာ ေဒၚဥမၼာလိႈင္က အမႈဖြင့္ခဲ့တာလို႕သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ေအာင္ႀကီးရဲ႕ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ေဒၚစုဒါလီေအာင္ကိုလည္း ကေလးသူငယ္ဆိုင္ရာ ဥပေဒနဲ႕ ေဒၚဥမၼာလိႈင္က အမႈဖြင့္ထားပါေသးတယ္။

Source – Daily MM

===

Unicode

ဗစ်တိုရီးယားရဲ့ ဖခင်အပါအဝင် ခြောက်ဦး ကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်များဆိုင်ရာဥပဒေနဲ့အမှုဖွင့် လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။အမှုဖွင့်ခံရတဲ့ ခြောက်ဦးကတော့ ဗစ်တိုရီးယားရဲ့ဖခင် ၊ ဗစ်တိုးရီးယား ဖခင်ရဲ့ အကိုနဲ့အမ ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် ၊ အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော် ၊ ဗစ်တိုရီးယားအမှုမှာ လိုက်ပါဆောင်ရွက်ပေးသူ သက္ကမိုးညို(ခ) ဒေါက်တာ ဝင်းကိုကိုသိန်း တို့ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံနှံနေတဲ့ ကိုကိုညီညီ ဆိုတဲ့ ဓာတ်ပုံနဲ့ စွပ်စွဲပြောဆိုချက် တွေကို အခြေခံပြီး သက်သေတင်သွင်းမ ှုတွေ ၊ ဖြေကြားမှုတွေ ၊ ရေးသားမှုတွေဟာ အသက် ( ၁၈ )နှစ်မပြည့်သေးတဲ့ သားနှစ်ဦးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အပြင် ကလေးနှစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားစေရပြီး

လူ့ပတ်ဝန်းကျင်မှာလည်းအရှက်ရစေလို့ အဲဒီခြောက်ဦးကို အရေးယူပေးဖို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ မနေ့က စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း မှာ ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကိုလည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ထားပါသေးတယ်။

Source – Daily MM