LocalNews
စက်တင်ဘာ၂၇ရက် ။ ။ မလေးရှားအဖမ်းအဆီးသတင်း
ref:Fact Media
Post By – Fact Media – FB
AdminNay Zaw Lin-1
===
Unicode
မလေးရှားကကိုရွှေမြန်မာတို့သတိထားကြလော့လူကုန်ကူးမှုနှင့်ပတ်သက်၍မလေးရှားနိုင်ငံသား၆ဦးနှင့်မြန်မာနိုင်ငံသား၇၁ ဦးအဖမ်းခံရပြီး တရားမဝင် နယ်ခြား အဝင်/အထွက်များ ပြစ်ခတ်ဖမ်းဆီးတော့မည်။စက်တင်ဘာ၂၂ရက်မှ စက်တင်ဘာ၂၅ ရက်အတွင်းမလေးရှားနိုင်ငံအထူးရဲတပ်ဖွဲ့မှ Klang Valley ဒေသ ၊ ကလန်တန်ပြည်နယ် ၊ ပီနန်းပြည်နယ်များတွင် စစ်ဆင်ရေးပြုလုပ်ဖမ်းဆီးမှုတွင် လူကုန်ကူးမှုနှင့်ပတ်သက်သော မလေးရှားနိုင်ငံသား၆ဦးနှင့် မြန်မာနိုင်ငံသား၇၁ဦးတို့ကိုဖမ်းဆီးထိန်သိမ်းလိုက်ပါသည်။
မလေးရှားအထူးရဲတပ်ဖွဲ့မှ ပီနန်းပြည်နယ်မှ နေရာ ၃နေရာ ၊ ကလန်တန်ပြည်နယ်မှ နေရာ ၆နေရာအပါဝင် ပြည်နယ် ၄ ခုတွင် နေရာ၁၂နေရာကို စစ်ဆင်ရေးပြုလုပ်ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ၂၆ရက်က Bukit Aman တွင်ပြုလုပ်သောသတင်းစာရှင်းပွဲ၌ မလေးရှားနိုင်ငံ အထူးရဲတပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး Datuk Cheong Koon Hock ကပြောကြားပါသည်။
လူမှောင်ခိုကူးသူတွေဟာ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံ Sungai Golok မှ တဆင့် ကလန်တန်ပြည်နယ် Rantau Panjang သို့သယ်ဆောင်လာကြပြီး စုံစမ်းစစ်ဆေးချက်များအရ ရွှေပြောင်းနေထိုင်သူတွေကိုအမျိုးမျိုးသောရည်ရွယ်ချက်ဖြင့်အခြားပြည်နယ်များသို့ ပို့ဆောင်ကြသည်။ပူချွုန်း(Puchong) ဒေသ၌ ဖမ်းဆီးမှုတွင်လူကုန်ကူးမှုနှင့်ပတ်သက်သောသူသည် ဆန့်ကျင်ပြီးထွက်ပြေးရန်ကြိုးစားခဲ့သဖြင့်အထူးရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
လူကုန်ကူးမှုနှင့်ပတ်သက်သောဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ ခေါင်းဆောင်နှင့်အေးဂျင့်အဖြစ်ကြိုးကိုင်သူများမှာ မလေးရှားနိုင်ငံသားများဖြစ်သည်ဟုယုံကြည်ရသည်။ဖမ်းဆီးထိန်းသိမ်းခံရသောရသောမြန်မာနိုင်ငံသားတစ်ချို့မှာ ဒုက္ခသည်မဟာမင်းကြီးရုံး၏ UNHCR ကတ်ကိုင်ဆောင်ထားကြသူများဖြစ်သည်။ လူကုန်ကူးသူတွေဟာ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့လည်းပတ်သက်နေပြီး လက်နက်များကိုင်ဆောင်ကြသောကြောင့် အန္တရာယ်ကြီးမားသည်။လူကုန်ကူးမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးစားအားထုတ်မှုကို ၂ဆ တိုးဆောင်ရွက်လုပ်ဆောင်သွားမည်ဟု မလေးရှားအထူးရဲတပ်ဖွဲ့၏လက်ထောက်ညှွန်ကြားရေးမှူး Datuk Checong Koon Hock ကပြောကြားပါသည်။
ref:Fact Media
Post By – Fact Media – FB
AdminNay Zaw Lin-1
Free Online Media – Malaysia