LocalNews

မန္တလေးမှာ မိုင်းရှာဖွေ အထူးစီမံချက်အနေနဲ့ ကြိုတင်ပြုလုပ်





===

Unicode

မန္တလေးမြို့က လူစည်ကားရာနေရာတွေမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဒီကနေ့ညနေပိုင်းမှာ လုံခြုံရေးအတွက် မိုင်းရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။မနော်ရမ္မံကစားကွင်း၊ Central Point၊ ပြည်ကြီးမျက်ရှင်ကားဝန်း၊ မဟာမုနိဘုရားကြီး တို့လို နေရာတွေမှာ မိုင်းရှာဖွေခဲ့တာပါ။

အထူးစီမံချက်အနေနဲ့ ကြိုတင်ပြုလုပ်တာဖြစ်ပြီး စစ်ဆေးခဲ့တဲ့နေရာတွေမှာတော့ ရှင်းလင်းကြောင်း မိုင်းရှင်းလင်းရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။အခုလို ပြုလုပ်တာကို အဖွဲ့ သုံးဖွဲ့ခွဲပြုလုပ်တာဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်လို့ဆိုပါတယ်။

မြို့အဝင် အထွက်တွေမှာလည်း ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေပါတယ်။

Source – Photo: Khaymani Win/RFA