LocalNews

ဆောက်ထားတာ (၃) နှစ်ပဲရှိသေးတဲ့ ကျောင်းဆောင်မျက်နှာကျက်ပြိုကျလို့ ကျောင်းသူကျောင်းသားတွေ ဒဏ်ရာရ


 




Crd- Inthiran Thein

===

Unicode

၂၂.၉.၂၀၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅မိနစ်မှာ စာသင်နေတဲ့ ကျောင်းသားတွေအပေါ် မျက်နှာကျက် နဲ့ သံတန်းတွေ ပြိုကျပါတယ်။ကလေးတွေကတော့ ဒဏ်ရာ နည်းပေမယ့် လုံးဝဖရိုဖရဲဖြစ်သွားတယ်ကျွန်တော့်အနေနဲ့ ပြောရရင် ကန်ထရိုက်ကိုလိုင်စင်ပိတ်သင့်တယ်… တကယ်ကို ရင်လေးစရာဘဲ. နောက်ထပ် နဝမတန်း ၊ ဒသမ တန်း စာသင်ဆောင်ရဲ့ မျက်နှာကျက်တွေလည်း အန္တရာယ် ရှိနေပါပြီ …

တာဝန်သိတဲ့ ပုဂ္ဂိုလ်များ ကျောင်းသားတွေရဲ့ အန္တရာယ်ကိုအလေးထားပြီး လာရောက် ကြည့်ရှုပြီး၊ အကြံပြုစေ၊ ကူညီစေချင်ပါတယ်… ပြီးစလွယ်လုပ်တဲ့သူတွေ၊ စစ်ဆေးတာဝန်ယူတဲ့ သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်. နိုင်ငံတော်က လုံလောက်တဲ့ ငွေကြေးပေးပြီးသော်လည်း တာဝန်မကျေတဲ့သူတွေကြောင့်အခုလိုဖြစ်ရတာလို့ ယူဆပါတယ်ပညာရေးဌာနမှာ အဆောက်အဦးနဲ့ပတ်သတ်လာရင် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်တာမျိုးမရှိဘဲ နီးစပ်ရာကုမ္ပဏီတွေက အဆောက်အဦးတွေ ကို တာဝန်ယူဆောက်လုပ်နေတာမျိုးတွေ ရှိနေပါတယ်။

ကျောင်းနဲ့ပတ်သတ်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်ခွင့်ကျလာပြီဆိုရင် သက်ဆိုင်ရာကျောင်းအုပ်တွေက ဘာမှ သေချာမသိရဘဲ အဆောက်အဦးဆောက်လုပ်ပြီးစီးောကာင်း လက်မှတ်ထိုးပေးလိုက်ရတွေတောင် ရှိပါတယ်. . .ဒီလိုဆောက်ပြီး ဘာမှ မကြာသေးခင် မိုးယိုလာတာတွေ ၊မျက်နှာကျက်ပြိုကျလာတာတွေ၊နံရံတွေ အက်ကွဲလာတာတွေ၊ သမံတလင်းတွေ အက်ကွဲပေါက်ထွက်လာတာတွေ ဖြစ်နေတဲ့ ကျောင်းဆောင်တွေ နိုင်ငံအနှံ့မှာ ရှိနေပါတယ်။

သက်ဆိုင်ရာအနေနဲ့ သေချာစိစစ် အရေးယူပေးသင့်ပါတယ်

Crd- Inthiran Thein