CelebrityLocalNews

ကမာၻ႕အဆင့္တျဖည္းျဖည္းတက္လာတ့ဲ သက္ထားသူဇာကေတာ့ Maldive International Challenge ကုိအနုိင္နဲ႔စဖြင့္ လုိက္ပါၿပီ

ျမန္မာနိုင္ငံကိုယ္စားျပဳ ၾကက္ေတာင္မယ္ သက္ထားသူဇာ ဟာ ၂၀၂၀ အိုလံပစ္ ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္နိုင္ဖို႔အတြက္ အျပင္းအထန္ ႀကိဳးစားၿပီး အမွတ္စုေဆာင္းေနသူေလး တစ္ဦးလည္းျဖစ္ပါတယ္။ သူမဟာဆိုရင္ ၾကက္ေတာင္ အားကစားကို ၇ နွစ္ေလာက္ကတည္းက ဝါသနာပါခဲ့တာျဖစ္ျပီး မိဘနွစ္ပါးလံုးကလည္း ၾကက္ေတာင္ အားကစားသမားေဟာင္းေတြ ျဖစ္တယ္လို႔ သိရပါတယ္။ အေဖျဖစ္သူကလည္း ထိုင္းနိုင္ငံအထိ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး သူမလည္း လိုက္ၾကည့္ရင္း ဒီကစားနည္းကိုစိတ္ဝင္စားခဲ့တာလို႔ ဆိုပါတယ္။ အခုဆုိရင္ သက္ထားသူဇာဟာ စက္တင္ဘာလ ၂၅ ရက္ေန႔ စတင္က်င္းပခဲ့တဲ့ Maldives International Challenge 2019 ၿပိဳင္ပဲြမွာ သက္ထားသူဇာရဲ႕ အဖြင့္ပဲြစဥ္ဟာ အႏုိင္ရလာဒ္နဲ႔ ဖြင့္ခဲ့ပါတယ္။

ပဲြစဥ္ေတြမွာ ဘုိင္မရခဲ့ေသာ္လည္း၊ သီရီလကၤာ ၾကက္ေတာင္မယ္ ဟန္ဒါဟီဝါနဲ႔ ယွဥ္ၿပိဳင္ခဲ့ရာ ၂၁-၉၊ ၁၂-၂၁၊ ၂၁-၃ နဲ႔ အႏုိင္ရခဲ့ပါတယ္။ ဟန္ဒါဟီဝါဟာ ကမၻာ့အဆင့္ ၂၈၁ ျဖစ္ပါတယ္။ သက္ထားသူဇာနဲ႔ ဟန္ဒါဟီဝါတုိ႔ဟာ Maldives Future Series 2019 ၿပိဳင္ပဲြမွာလည္း ကြာတားဖိုင္နယ္မွာ ဆံုေတြ႔ခဲ့ၾကၿပီး သက္ထားသူဇာက ၂ ပဲြျပတ္နဲ႔ အႏုိင္ယူခဲ့ပါတယ္။တစ္ဦးခ်င္း ၿပိဳင္ပဲြမွာ ပထမ အဆင့္ကုိ ေက်ာ္ျဖတ္ခဲ့ၿပီး ေနာက္တစ္ရက္မွာေတာ့ ဒုတိယအဆင့္ကုိ ဆက္လက္ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားသြားရမွာျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အိႏၵိယၾကက္ေတာင္မယ္ ဂူမာဒီ ကမၻာ့အဆင့္ ၉၈ နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ဂူမာဒီဟာ ဒီၿပိဳင္ပဲြမွာ အေမရိကန္ ၾကက္ေတာင္မယ္ ဂူပ္တာကုိ အႏုိင္ယူခဲ့ၿပီး၊ ယင္းအဆင့္ကို ေရာက္ရွိခဲ့တာပါ။ သက္ထားသူဇာအေနနဲ႔ ၿပိဳင္ဘက္ေကာင္း တစ္ဦးနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ထုိင္းႏုိင္ငံ Asia Junior Championship ၿပိဳင္ပဲြမွာ သက္ထားသူဇာကုိ ၂ ပဲြျပတ္အႏုိင္ယူထားခဲ့ဖူးတဲ့ မွတ္တမ္းမ်ားလည္း ရွိပါတယ္။ သုိ႔ေပမယ့္လည္း သက္ထားသူဇာဟာ ယမာန္ႏွစ္မ်ားထက္ စြမ္းေဆာင္ႏုိင္ရည္ဟာ အမ်ားႀကီး တုိးတက္ခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဂူမာဒီထက္ သာလြန္ေနတယ္လုိ႔ သံုးသပ္သူတခ်ိဳ႕က ဆုိပါတယ္။

တကယ္လုိ႔ သက္ထားသူဇာဟာ ဒုတိယအဆင့္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့မယ္ဆုိရင္ အီရန္ၾကက္ေတာင္မယ္ႏွင့္ ယွဥ္ၿပိဳင္ရဖြယ္ရွိပါတယ။္ ကဲ ပရိတ္သတ္ႀကီးေရ ကမၻာ့အဆင့္ ၇၃ ကေန ၆၈ အထိ ရရွိေအာင္ စြမ္းေဆာင္ႏုိင္တဲ့ ျမန္မာ့ ဂုဏ္ေဆာင္ သက္ထားသူဇာေလးကုိ အားေပးလုိက္ၾကရေအာင္ေနာ္။

Source- Daily MM

====

Unicode

မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်မယ် သက်ထားသူဇာ ဟာ ၂၀၂၀ အိုလံပစ် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားပြီး အမှတ်စုဆောင်းနေသူလေး တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာဆိုရင် ကြက်တောင် အားကစားကို ၇ နှစ်လောက်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မိဘနှစ်ပါးလုံးကလည်း ကြက်တောင် အားကစားသမားဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဖေဖြစ်သူကလည်း ထိုင်းနိုင်ငံအထိ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး သူမလည်း လိုက်ကြည့်ရင်း ဒီကစားနည်းကိုစိတ်ဝင်စားခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် သက်ထားသူဇာဟာ စက်တင်ဘာလ ၂၅ ရက်နေ့ စတင်ကျင်းပခဲ့တဲ့ Maldives International Challenge 2019 ပြိုင်ပွဲမှာ သက်ထားသူဇာရဲ့ အဖွင့်ပွဲစဉ်ဟာ အနိုင်ရလာဒ်နဲ့ ဖွင့်ခဲ့ပါတယ်။

ပွဲစဉ်တွေမှာ ဘိုင်မရခဲ့သော်လည်း၊ သီရီလင်္ကာ ကြက်တောင်မယ် ဟန်ဒါဟီဝါနဲ့ ယှဉ်ပြိုင်ခဲ့ရာ ၂၁-၉၊ ၁၂-၂၁၊ ၂၁-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဟန်ဒါဟီဝါဟာ ကမ္ဘာ့အဆင့် ၂၈၁ ဖြစ်ပါတယ်။ သက်ထားသူဇာနဲ့ ဟန်ဒါဟီဝါတို့ဟာ Maldives Future Series 2019 ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်မှာ ဆုံတွေ့ခဲ့ကြပြီး သက်ထားသူဇာက ၂ ပွဲပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။တစ်ဦးချင်း ပြိုင်ပွဲမှာ ပထမ အဆင့်ကို ကျော်ဖြတ်ခဲ့ပြီး နောက်တစ်ရက်မှာတော့ ဒုတိယအဆင့်ကို ဆက်လက်ကျော်ဖြတ်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒိယကြက်တောင်မယ် ဂူမာဒီ ကမ္ဘာ့အဆင့် ၉၈ နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဂူမာဒီဟာ ဒီပြိုင်ပွဲမှာ အမေရိကန် ကြက်တောင်မယ် ဂူပ်တာကို အနိုင်ယူခဲ့ပြီး၊ ယင်းအဆင့်ကို ရောက်ရှိခဲ့တာပါ။ သက်ထားသူဇာအနေနဲ့ ပြိုင်ဘက်ကောင်း တစ်ဦးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံ Asia Junior Championship ပြိုင်ပွဲမှာ သက်ထားသူဇာကို ၂ ပွဲပြတ်အနိုင်ယူထားခဲ့ဖူးတဲ့ မှတ်တမ်းများလည်း ရှိပါတယ်။ သို့ပေမယ့်လည်း သက်ထားသူဇာဟာ ယမာန်နှစ်များထက် စွမ်းဆောင်နိုင်ရည်ဟာ အများကြီး တိုးတက်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ဂူမာဒီထက် သာလွန်နေတယ်လို့ သုံးသပ်သူတချို့က ဆိုပါတယ်။

တကယ်လို့ သက်ထားသူဇာဟာ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အီရန်ကြက်တောင်မယ်နှင့် ယှဉ်ပြိုင်ရဖွယ်ရှိပါတယ။် ကဲ ပရိတ်သတ်ကြီးရေ ကမ္ဘာ့အဆင့် ၇၃ ကနေ ၆၈ အထိ ရရှိအောင် စွမ်းဆောင်နိုင်တဲ့ မြန်မာ့ ဂုဏ်ဆောင် သက်ထားသူဇာလေးကို အားပေးလိုက်ကြရအောင်နော်။

Source- Daily MM