ဆိုးလ်ရှားကို အရှက်ရအောင် လှောင်ခဲ့တဲ့ မန်ယူပရိသတ်

မန်ယူအတွက်တော့ မှောင်မိုက်ခြင်းနေ့စွဲတွေ အဆုံးမသတ်သေးပါဘူး။ ဆိုးလ်ရှားနဲ့ ယူနိုက်တက်တစ်ခေတ်ပြန်ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အဲဒီအိပ်မက်တွေဟာ အခုအချိန်အထိ ဆေးသားမခိုင်သေးဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ မန်ယူအသင်းဟာ ဂန္ထ၀င်ကစားသမားကြီးဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် ရလဒ်တွေဆက်တိုက်ကောင်းမွန်လာတဲ့အချိန်မှာ မန်ယူဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တယ်။

ပြသနာကအဲမာ စတင်တာပါပဲ။ ဆိုးလ်ရားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ မန်ယူအသင်းရဲ့ရလဒ်တွေဟာ အံ့အားသင့်စရာကောင်းလောက်အောင် ဆိုးရွားသွားခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီမှာ မန်ယူဟာ လက်တစ်ကမ်းအကွာရောက်နေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

ဒီနှစ်ရာသီအစမှာလည်း မန်ယူဟာ ချဲလ်ဆီးကို အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ယူလိုက်တဲ့အချိန်မှာတော့ ယူနိုက်တက်ဝိညာဉ်အစစ်အမှန်ကို ပြန်လည်မြင်တွေ့ရတော့မယ်ဆုတဲ့အသံတွေ ပိုမိုကျယ်လောင်လာခဲ့တယ်။ သိပ်မကြာပါဘူး။ မန်ယူဟာ ရလဒ်ဆိုးတွေကြားမှာ ရုန်းကန်ခဲ့ရပြန်ပါတယ်။ပြီးခဲတဲ့ပွဲစဉ်မှာလည်း မန်ယူဟာ ၀က်စ်ဟမ်းကို အဝေးကွင်းမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒီပွဲစဉ်အပြီးမှာ ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ တောင်းဆိုလာတာမျိုးတွေအထိ ရှိလာပါတယ်။ အဆိုးရွားဆုံးကတော့ ပွဲပြီးကွင်းပြင်ကို ပြန်လည်ထွက်ခွာရာမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပါပဲ။

ဆိုးလ်ရှားဟာ ပွဲပြီးဆုံးချိန်မှာ စောင့်ဆိုင်းနေကြတဲ့ မန်ယူပရိသတ်တွေကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ အဲဒီမှာပဲ ပရိသတ်တစ်ယောက်က “ခင်ဗျားတော့ မနက်ကျရင် အထုတ်ခံရတော့မယ် ဘော့စ်”လို့ ဆက်တိုက်အောက်ဟစ်ကာ လူကြားထဲမှာပဲ ဆိုးလ်ရှားကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ အဲဒီပရိသတ်ကို မျက်ကွယ်ပြုခဲ့ပါတယ်။ ဘာပဲပြောပြော ဆိုးလ်ရှားအနေနဲ့ လူကြားထဲမှာ အရှက်ရခဲ့တယ်လို့ ဆိုရမှာပါ။

Ref: Sportbible

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.