မိုဘိုင္းဂိမ္းကစားသူမ်ား သတိထားဆင္ျခင္ဖြယ္ရာပါ

Game တအားစြဲလမ္းမႈေၾကာင့္အသက္ေပးလိုက္ရတဲ့ျဖစ္ရပ္ ပခုကၠဴ ဧရာဝတီတံတားေပၚတြင္ 21.9.2019 ည ၁၀နာရီခြဲခန္႔က မိုဘိုင္းလီဂ်က္ဂိမ္း ကစားေနေသာ သူငယ္ခ်င္း၆ေယာက္အုပ္စုမွ ၃ေယာက္သည္တံတားမိုင္တိုင္ ၃၁ တြင္ရထားလမ္းဘက္အျခမ္း၌ ဂိမ္းကစားေနျကစဥ္၂ေယာက္မွ ျပန္ျကေအာင္ဟု ေျပာျပီး ရထားလမ္းဘက္မွကားလမ္းဘက္သို႔ ကူးျကစဥ္ ေမာင္ေကာင္းဆက္ဟိန္းမွာ ဂိမ္းေဆာ့ရင္း တန္းလန္းျဖင့္ ရထားလမ္းကို ကူးလာရာကားလမ္းႏွင့္ရထားလမ္းအျကား တစ္ေပခန္႔ ဟေနေသာေနရာမွ တံတားေအာက္သို႔ ျပဳတ္က်ခါ တံတားေအာက္ရွိကရိမ္းႏွင့္ တံတားသံေဘာင္မ်ားေပၚသို႔ က်ျပီး ေနရာတင္ပြဲခ်င္းျပီးေသဆုံးခဲ့ပါတယ္။

ေသဆုံးသူ ေမာင္ေကာင္းဆက္ဟိန္းမွာ ပထမႏွစ္ေက်ာင္းသားျဖစ္ျပီးရန္ကုန္တိုင္းတိုက္ျကီးျမိဳ႕နယ္၊ ဥကၠံရြာမမွလာေရာက္ၿပီးပခုကၠဴျမိဳ႕ေပါက္လမ္း မ်က္မျမင္ေက်ာင္းေရွ႕ ကံသာ ေရခဲေသတၱာႏွင့္အဲယားကြန္းဆိုင္တြင္ ပညာသင္ျကားေနသူျဖစ္ပါတယ္။ညစဥ္၈နာရီမွ၁၀နာရီခန္႔အထိ ထိုေနရာတြင္ဂိမ္းေဆာ့သည္မွာ ညတိုင္းဟုသိရပါတယ္။ ထိုျပဳတ္က်ေသဆုံးသူ ေမာင္ေကာင္းဆက္ဟိန္း၏DB ကို က်ြန္တာ္တို႔ ကယ္ရီေမာင္ကားေလးျဖင့္ ပို႔ေဆာင္ကူညီေပးလိုက္ပါတယ္။

မိုဘိုင္းဂိမ္းကစားသူမ်ား သတိထားဆင္ျခင္ဖြယ္ရာပါ

Credit:သတိုးသတိုးေအာင္

====

Unicode

Game တအားစွဲလမ်းမှုကြောင့်အသက်ပေးလိုက်ရတဲ့ဖြစ်ရပ် ပခုက္ကူ ဧရာဝတီတံတားပေါ်တွင် 21.9.2019 ည ၁၀နာရီခွဲခန့်က မိုဘိုင်းလီဂျက်ဂိမ်း ကစားနေသော သူငယ်ချင်း၆ယောက်အုပ်စုမှ ၃ယောက်သည်တံတားမိုင်တိုင် ၃၁ တွင်ရထားလမ်းဘက်အခြမ်း၌ ဂိမ်းကစားနေကြစဉ်၂ယောက်မှ ပြန်ကြအောင်ဟု ပြောပြီး ရထားလမ်းဘက်မှကားလမ်းဘက်သို့ ကူးကြစဉ် မောင်ကောင်းဆက်ဟိန်းမှာ ဂိမ်းဆော့ရင်း တန်းလန်းဖြင့် ရထားလမ်းကို ကူးလာရာကားလမ်းနှင့်ရထားလမ်းအကြား တစ်ပေခန့် ဟနေသောနေရာမှ တံတားအောက်သို့ ပြုတ်ကျခါ တံတားအောက်ရှိကရိမ်းနှင့် တံတားသံဘောင်များပေါ်သို့ ကျပြီး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ မောင်ကောင်းဆက်ဟိန်းမှာ ပထမနှစ်ကျောင်းသားဖြစ်ပြီးရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်၊ ဥက္ကံရွာမမှလာရောက်ပြီးပခုက္ကူမြို့ပေါက်လမ်း မျက်မမြင်ကျောင်းရှေ့ ကံသာ ရေခဲသေတ္တာနှင့်အဲယားကွန်းဆိုင်တွင် ပညာသင်ကြားနေသူဖြစ်ပါတယ်။ညစဉ်၈နာရီမှ၁၀နာရီခန့်အထိ ထိုနေရာတွင်ဂိမ်းဆော့သည်မှာ ညတိုင်းဟုသိရပါတယ်။ ထိုပြုတ်ကျသေဆုံးသူ မောင်ကောင်းဆက်ဟိန်း၏DB ကို ကျွန်တာ်တို့ ကယ်ရီမောင်ကားလေးဖြင့် ပို့ဆောင်ကူညီပေးလိုက်ပါတယ်။

မိုဘိုင်းဂိမ်းကစားသူများ သတိထားဆင်ခြင်ဖွယ်ရာပါ

Credit:သတိုးသတိုးအောင်

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.