မိမိယုံကြည်ရာတစ်ခုတည်းဖြင့် ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ Sinon ရဲ့ဘ၀အကြောင်း
===
Unicode
ယောကျ်ားကြီးဖြစ်ပြီး ဗလတောင့်တောင့်နဲ့ နည်းနည်းနှောနှော ဒေါက်အမြင့်ကြီးတွေကိုစီး catwalk ကိုကျွမ်းကျင်စွာလျှောက်ပြနေတဲ့ Sinon ဟာ ဘာလို့ဒီလိုလုပ်နေတာလဲ ဘာလို့ဒီလိုအောင်မြင်လာတာလည်း ဆိုတာကို ဝေဖန်နေကြတဲ့သူတွေအတွက် အနည်းငယ်ပြောပြပေးချင်ပါတယ်။သူကပရဟိတစိတ်လည်းအလွန်ထက်သန်တဲ့သူတစ်ယောက်ဆိုတာ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့အချိန်တွင် လှူဒါန်းမှုပြုလုပ်ခဲ့တာတွေကို အားလုံးပဲမြင်တွေ့ပြီးဖြစ်မှာပါ။
Sinon ဟာ သူငယ်ငယ်တုန်းကသူ့မိဘတွေကသူ့ကို gay ဖြစ်နေလို့ဆိုပြီးအိမ်ပေါ်ကနေနှင်ချခဲ့တော့ ၁၈ လလောက်လမ်းပေါ်မှာပဲနေခဲ့ရပြီး ပလက်စတစ်ဗူးတို့ဘာတို့တွေလိုက်ကောက်စုဆောင်းရောင်းစားရင်းအသက်ဆက်ရှင်ခဲ့ရတယ်။ နောက်ပိုင်းမှ London မှာနေနေတဲ့သူ့အစ်မကသူနဲ့လာနေဖို့ပြောတော့မှ London မှာ ၇ နှစ်လောက်သွားနေခဲ့ဖြစ်ရင်းအိမ်အကူတောင်လုပ်ခဲ့ရပြီးအလုပ်ရှင်ရဲ့ psychical abuse လုပ်တာခံခဲ့ရတယ်။
သူ့အစ်မအတွက်လည်းကျောက်ကပ်တစ်ခြမ်းလှူပေးထားတာပါ။ ၁၀ လက်မအမြင့်ရှိတဲ့ high heels ကြီးနဲ့ catwalk လျှောက်ရင်းပိုက်ဆံရှာပြီး homeless တွေကိုထောက်ပံ့ပေးနေတဲ့သူပါ။ သူရတဲ့ပိုက်ဆံတွေနဲ့ donate လုပ်ထားတာတွေမှအများကြီးပါပဲ။ Philippines က နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့လည်းအလုပ်တွဲလုပ်ခဲ့ပြီး သူ့ကို ‘The King Of Catwalk’ ဆိုပြီးတစ်ကမ္ဘာလုံးကတောင်သိတဲ့ worldwide fame ကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ Talent ကိုပြောရမယ်ဆိုရင်တော့ သူ့ရဲ့ Catwalk skills ကအကြမ်းကြီးပါပဲ။ Sinon ကိုရှေ့လျှောက်ပြီး ဒီထက်မက အားပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။
Source – sinonloresca #kingofcatwalk #myanmar#Myanmar_Online_News
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.