ငယ္ငယ္ကတည္းက ဖိနပ္ခ်ဳပ္ ပုိက္ဆံရွာရင္း ဘဝရဲ႕အဓိပၸါယ္ကို သိေနတဲ့ ေမာင္ႏွမႏွစ္ဦး

ဖိလစ္ပုိင္က၊ လမ္းမေဘးတစ္ေနရာမွာ ျဖစ္သလုိ ေနထုိင္ေနရတဲ့ မိသားစုဟာ ဘဝကို ခက္ခက္ခဲခဲ ႐ုန္းကန္ေနရပါတယ္။ အဲဒီမိသားစုမွာ ေက်ာင္းတက္ေနတဲ့ ေမာင္ႏွမႏွစ္ဦးဟာ ေန႔ခင္းပုိင္းနဲ႔ မနက္ပုိင္း အားတဲ့အခ်ိန္မွာ၊ အပ္ထားတဲ့ ဖိနပ္ေတြကို ခ်ဳပ္ရပါတယ္။ဒါမွလည္း သူတုိ႔မိသားစုရဲ႕ စားဝတ္ေနေရးကို တစ္ဖက္တစ္လမ္းက ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္။ သူတုိ႔ မိသားစုမွာ ကိုယ္စီအလုပ္ေတြ ရွိေသာ္လည္း၊ တကမ္းတမ္းက ဝင္ေငြအရပ္ရပ္နည္းလုိ႔ တစ္ေယာက္က အပါးခုိၿပီး အလုပ္မလုပ္လုိက္တာနဲ႔ စားဝတ္ေနေရးက သိသိသာသာ ထိခုိက္ပါတယ္။

သူတုိ႔ ေမာင္ႏွမႏွစ္ေယာက္ဟာ ဖိနပ္ေတြကို ကၽြမ္းကၽြမ္းက်င္က်င္ ခ်ဳပ္တတ္၊ ျပင္တတ္ၾကသလုိ၊ လက္ရာကလည္း ေသသပ္တာေၾကာင့္ အပ္တဲ့သူလည္း မ်ားတယ္လုိ႔ ဆုိပါတယ္။ တစ္ခ်ိဳ႕ကလည္း တန္ဖုိးႀကီးဖိနပ္ေတြ ပ်က္သြားတဲ့အခါ ဒီအတုိင္း လႊင့္မပစ္ရက္ၾကပါဘူး။ကေလးမေလးက (၁၃)ႏွစ္ျဖစ္ၿပီး၊ ေမာင္ေလးကေတာ့ (၁၂)ႏွစ္လုိ႔ သိရပါတယ္။ အစ္မရဲ႕နာမည္ကေတာ့ Manuelita ျဖစ္ၿပီး၊ ေမာင္ေလးကေတာ့ Micko Borbon ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ပလာဝမ္စီရင္စု၊ Puerto Princesa မွာတည္ရွိတဲ့ အလယ္တန္းေက်ာင္းမွာ တက္ေနၾကပါတယ္။

သူတုိ႔အဆုိအရေတာ့ သူတုိ႔ဟာ ဖိနပ္ခ်ဳပ္တာကေန ရတဲ့ေငြနဲ႔ ေန႔လည္စာ ဝယ္စားတယ္လုိ႔ ေျပာပါတယ္။ ေနာက္ၿပီး သူတုိ႔ရဲ႕ ေက်ာင္းစာရိတ္ကုိ မိဘေတြဆီက ျပန္မေတာင္းပါဘူးတဲ့။ မိဘေတြကေတာ့ သူတုိ႔ဟာ အရင္က စီးပြားေရးလုပ္တာ အ႐ႈံးႀကီး႐ႈံးၿပီး လမ္ေဘး ေရာက္ခဲ့တာပါတဲ့။သူတုိ႔က ဆင္းရဲလုိ႔ ကေလးေတြကို အလုပ္မလုပ္ေစခ်င္ေပမယ့္၊ ဘဝကိုက ဒီလုိအေျခအေန ဖန္တီးလာေတာ့ မေျပာသာဘူးလုိ႔ ဆုိပါတယ္။ ဘာပဲျဖစ္ျဖစ္ Manuelita တုိ႔ ေမာင္ႏွမကေတာ့ ငယ္ငယ္ကတည္းက ၾကမ္းတမ္းတဲ့ဘဝမွာ ရင္းနီးေနၿပီး၊ ႀကီးလာတဲ့အခါ သူတုိ႔ဘဝကို ကုိယ္တုိင္ ထိမ္းေၾကာင္းႏုိင္မယ္လုိ႔ ယူဆရပါတယ္။

Source – လင္းေဇာ္ကို

===

Unicode

ဖိလစ်ပိုင်က၊ လမ်းမဘေးတစ်နေရာမှာ ဖြစ်သလို နေထိုင်နေရတဲ့ မိသားစုဟာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ အဲဒီမိသားစုမှာ ကျောင်းတက်နေတဲ့ မောင်နှမနှစ်ဦးဟာ နေ့ခင်းပိုင်းနဲ့ မနက်ပိုင်း အားတဲ့အချိန်မှာ၊ အပ်ထားတဲ့ ဖိနပ်တွေကို ချုပ်ရပါတယ်။ဒါမှလည်း သူတို့မိသားစုရဲ့ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ သူတို့ မိသားစုမှာ ကိုယ်စီအလုပ်တွေ ရှိသော်လည်း၊ တကမ်းတမ်းက ဝင်ငွေအရပ်ရပ်နည်းလို့ တစ်ယောက်က အပါးခိုပြီး အလုပ်မလုပ်လိုက်တာနဲ့ စားဝတ်နေရေးက သိသိသာသာ ထိခိုက်ပါတယ်။

သူတို့ မောင်နှမနှစ်ယောက်ဟာ ဖိနပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ချုပ်တတ်၊ ပြင်တတ်ကြသလို၊ လက်ရာကလည်း သေသပ်တာကြောင့် အပ်တဲ့သူလည်း များတယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း တန်ဖိုးကြီးဖိနပ်တွေ ပျက်သွားတဲ့အခါ ဒီအတိုင်း လွှင့်မပစ်ရက်ကြပါဘူး။ကလေးမလေးက (၁၃)နှစ်ဖြစ်ပြီး၊ မောင်လေးကတော့ (၁၂)နှစ်လို့ သိရပါတယ်။ အစ်မရဲ့နာမည်ကတော့ Manuelita ဖြစ်ပြီး၊ မောင်လေးကတော့ Micko Borbon ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပလာဝမ်စီရင်စု၊ Puerto Princesa မှာတည်ရှိတဲ့ အလယ်တန်းကျောင်းမှာ တက်နေကြပါတယ်။

သူတို့အဆိုအရတော့ သူတို့ဟာ ဖိနပ်ချုပ်တာကနေ ရတဲ့ငွေနဲ့ နေ့လည်စာ ဝယ်စားတယ်လို့ ပြောပါတယ်။ နောက်ပြီး သူတို့ရဲ့ ကျောင်းစာရိတ်ကို မိဘတွေဆီက ပြန်မတောင်းပါဘူးတဲ့။ မိဘတွေကတော့ သူတို့ဟာ အရင်က စီးပွားရေးလုပ်တာ အရှုံးကြီးရှုံးပြီး လမ်ဘေး ရောက်ခဲ့တာပါတဲ့။သူတို့က ဆင်းရဲလို့ ကလေးတွေကို အလုပ်မလုပ်စေချင်ပေမယ့်၊ ဘဝကိုက ဒီလိုအခြေအနေ ဖန်တီးလာတော့ မပြောသာဘူးလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် Manuelita တို့ မောင်နှမကတော့ ငယ်ငယ်ကတည်းက ကြမ်းတမ်းတဲ့ဘဝမှာ ရင်းနီးနေပြီး၊ ကြီးလာတဲ့အခါ သူတို့ဘဝကို ကိုယ်တိုင် ထိမ်းကြောင်းနိုင်မယ်လို့ ယူဆရပါတယ်။

Source – လင်းဇော်ကို

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.