ေထာင္ ၁၀ ႏွစ္အထိက်ခံရမည့္ပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္အေရးယူခံရသည့္ သ႐ုပ္ေဆာင္လင္းလက္ဟိန္း၏ျဖစ္စဥ္ သတင္းအျပည့္အစုံ

၁၉.၉.၂၀၁၉ ရက္ေန႔ နံနက္(၅၃၀)အခ်ိန္ခန႔္တြင္ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး(၁၉၉)သတင္းဌာနမွသဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္၊ရတနာပုံလမ္း၊တိုက္(၉)ေရွ႕တြင္ လူတစ္ဦး ဓါးကိုင္ရမ္းကားမူးယစ္ေသာင္းက်န္းေနေၾကာင္း သတင္းအရသဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း ဒုရဲမႉးတင္ဦး၏တာဝန္ေပးခ်က္အရ (၁၉၉)သတင္းအတည္ျပဳစုံစမ္းဖမ္းဆီးရန္ အတြက္နယ္ထိန္း ရဲတပ္ၾကပ္ ေတဇာဝင္း၊ရဲတပ္သား ေက်ာ္ထက္လင္း၊ရဲတပ္သားေက်ာ္စြာလင္းတို႔အဖြဲ႕သည္ဆယ္သိန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦး၊ရာအိမ္မႉးဦးသိန္းဝင္းအဖြဲ႕တို႔ႏွင့္အတူ သြားေရာက္ထိန္းသိမ္းဖမ္းဆီးရာဓါးကိုင္ရမ္းကားမူးယစ္ ေသာင္းက်န္းေနသူအား

-၎ရပ္ကြက္ ရတနာပုံလမ္းမေပၚတြင္ ၎၏ယာဘက္လက္ထဲ၌အရွည္(၃)ေပခန႔္ ဗ်က္(၁)လက္မခန႔္၊ ဟင္ဂဟန္သံျပား(၁)ေခ်ာင္းအားလည္းေကာင္း၊

ဝဲဘက္လက္ထဲတြင္ လက္ကိုင္အစိမ္းေရာင္ကြင္းပါအရွည္(၈)လက္မခန႔္ရွိ ကပ္ေၾကးအားလည္းေကာင္း
ကိုင္ေဆာင္ထားသည္ကိုေတြ႕ရွိရသျဖင့္ကိုင္ေဆာင္ထားေသာလက္နက္မ်ားအား ေအာက္သို႔ ခ်၍အသာတၾကည္ အဖမ္းခံရန္

နယ္ထိန္း ရဲတပ္ၾကပ္ ေတဇာဝင္းအဖြဲ႕ႏွင့္ဆယ္သိန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးဝင္းေဇာ္ဦး အဖြဲ႕တို႔မွအႀကိမ္ႀကိမ္ေျပာဆို ေသာ္လည္း၎မွလက္မခံဘဲ လက္ထဲတြင္အသင့္ကိုင္ေဆာင္ထားသည့္ သံေခ်ာင္းျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦးအား ႐ိုက္ႏွက္ခဲ့ရာ

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦးတြင္ဝဲဘက္လက္ေကာက္ဝတ္အနီးပြန္းပဲဒဏ္ရာရရွိခဲ့ၿပီးထပ္မံ၍ ရဲတပ္ၾကပ္ေတဇာဝင္းအား ကတ္ေၾကးျဖင့္ေျပးထိုးစဥ္ ရဲတပ္သား ေက်ာ္ထက္လင္းမွအသင့္ကိုင္ေဆာင္ထားေသာ ၁၂ဗို႔ပန္အက္ရွင္ ေသနတ္ျဖင့္ ၎၏ေအာက္ပိုင္းအား (၁)ခ်က္ပစ္ခတ္ဖမ္းဆီးခဲ့ရာ

တရားခံမွာယာဘက္ေပါင္ရင္းတြင္ေပါက္ၿပဲဒဏ္ရာ (၃)ခ်က္ထိမွန္ၿပီးလဲက်စဥ္လုံးေထြးဖမ္းဆီးရမိခဲ့ၿပီးစစ္ေဆးေမးျမန္းရာ ၎မွာ လင္လတ္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္၊(ဘ)ဦးလႈိင္ျမင့္၊အႏွပညာသ႐ုပ္ေဆာင္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း သိရွိရပါသည္

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊(၃၆)ႏွစ္ (သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတာနာပုံလမ္း၊ဆယ္သိန္းရပ္ကြက္ေနသူ)ကိုသဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌(ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၇ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

ပုဒ္မ-၃၀၇ ဆိုသည္မွာ ျပဳလုပ္မႈတစ္ခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္(သို႔)လူသတ္မႈေျမာက္ႏိုင္မည့္ႀကံ႐ြယ္ခ်က္ျဖင့္လည္းေကာင္း၊ ထိုကဲ့သို႔ေသာ(ျပဳလုပ္မႈတခုခုကို ျပဳရာတြင္ေသျခင္းကိုျဖစ္ေစခဲ့ေသာ္လူသတ္မႈေျမာက္ႏိုင္မည့္) ပတ္ဝန္းက်င္ေၾကာင္းျခင္းရာျဖင့္လည္းေကာင္း၊မည္သူမဆို၊ ျပဳလုပ္မႈတစ္ခုခုကိုျပဳလွ်င္၊ ထိုသူကို (၁၀)ႏွစ္ထိေထာင္ဒဏ္တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟုျပဌန္းထားပါေၾကာင္းသိရပါသည္

NEWS REPORT-ပီတာႏွင့္အဖြဲ႕(SH သတင္းဌာန) သဃန္းကြၽန္းၿမိဳ႕နယ္႐ုံး

EDIT————U U THET(SHသတင္းဌာန)

“ရႈေထာင့္”မႈခင္းႏွင့္သတင္းစုံဂ်ာနယ္

အမွန္တရား သတင္းဂ်ာနယ္

========

Unicode

၁၉.၉.၂၀၁၉ ရက်နေ့ နံနက်(၅၃၀)အချိန်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး(၁၉၉)သတင်းဌာနမှသင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ရတနာပုံလမ်း၊တိုက်(၉)ရှေ့တွင် လူတစ်ဦး ဓါးကိုင်ရမ်းကားမူးယစ်သောင်းကျန်းနေကြောင်း သတင်းအရသင်္ဃန်းကျွန်းမြို့မရဲစခန်း ဒုရဲမှူးတင်ဦး၏တာဝန်ပေးချက်အရ (၁၉၉)သတင်းအတည်ပြုစုံစမ်းဖမ်းဆီးရန် အတွက်နယ်ထိန်း ရဲတပ်ကြပ် တေဇာဝင်း၊ရဲတပ်သား ကျော်ထက်လင်း၊ရဲတပ်သားကျော်စွာလင်းတို့အဖွဲ့သည်ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး၊ရာအိမ်မှူးဦးသိန်းဝင်းအဖွဲ့တို့နှင့်အတူ သွားရောက်ထိန်းသိမ်းဖမ်းဆီးရာဓါးကိုင်ရမ်းကားမူးယစ် သောင်းကျန်းနေသူအား

-၎င်းရပ်ကွက် ရတနာပုံလမ်းမပေါ်တွင် ၎င်း၏ယာဘက်လက်ထဲ၌အရှည်(၃)ပေခန့် ဗျက်(၁)လက်မခန့်၊ ဟင်ဂဟန်သံပြား(၁)ချောင်းအားလည်းကောင်း၊

ဝဲဘက်လက်ထဲတွင် လက်ကိုင်အစိမ်းရောင်ကွင်းပါအရှည်(၈)လက်မခန့်ရှိ ကပ်ကြေးအားလည်းကောင်း
ကိုင်ဆောင်ထားသည်ကိုတွေ့ရှိရသဖြင့်ကိုင်ဆောင်ထားသောလက်နက်များအား အောက်သို့ ချ၍အသာတကြည် အဖမ်းခံရန်

နယ်ထိန်း ရဲတပ်ကြပ် တေဇာဝင်းအဖွဲ့နှင့်ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ဦး အဖွဲ့တို့မှအကြိမ်ကြိမ်ပြောဆို သော်လည်း၎င်းမှလက်မခံဘဲ လက်ထဲတွင်အသင့်ကိုင်ဆောင်ထားသည့် သံချောင်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးအား ရိုက်နှက်ခဲ့ရာ

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးတွင်ဝဲဘက်လက်ကောက်ဝတ်အနီးပွန်းပဲဒဏ်ရာရရှိခဲ့ပြီးထပ်မံ၍ ရဲတပ်ကြပ်တေဇာဝင်းအား ကတ်ကြေးဖြင့်ပြေးထိုးစဉ် ရဲတပ်သား ကျော်ထက်လင်းမှအသင့်ကိုင်ဆောင်ထားသော ၁၂ဗို့ပန်အက်ရှင် သေနတ်ဖြင့် ၎င်း၏အောက်ပိုင်းအား (၁)ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ

တရားခံမှာယာဘက်ပေါင်ရင်းတွင်ပေါက်ပြဲဒဏ်ရာ (၃)ချက်ထိမှန်ပြီးလဲကျစဉ်လုံးထွေးဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးမေးမြန်းရာ ၎င်းမှာ လင်လတ်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်၊(ဘ)ဦးလှိုင်မြင့်၊အနှပညာသရုပ်ဆောင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊(၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ဆယ်သိန်းရပ်ကွက်နေသူ)ကိုသင်္ဃန်းကျွန်းမြို့မရဲစခန်း၌(ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ပုဒ်မ-၃၀၇ ဆိုသည်မှာ ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော်(သို့)လူသတ်မှုမြောက်နိုင်မည့်ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော(ပြုလုပ်မှုတခုခုကို ပြုရာတွင်သေခြင်းကိုဖြစ်စေခဲ့သော်လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ ထိုသူကို (၁၀)နှစ်ထိထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုပြဌန်းထားပါကြောင်းသိရပါသည်

NEWS REPORT-ပီတာနှင့်အဖွဲ့(SH သတင်းဌာန) သဃန်းကျွန်းမြို့နယ်ရုံး

EDIT————U U THET(SHသတင်းဌာန)

“ရှုထောင့်”မှုခင်းနှင့်သတင်းစုံဂျာနယ်

အမှန်တရား သတင်းဂျာနယ်

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.