(၁၃)နှစ် ကလေးမလေးကို သတ်ပြီး အလောင်းကို တစ်လှည့်ဆီ မုဒိမ်းကျင့်ခဲ့




Sေource  – နေသူရိန်

===

Unicode

အင်ဒိုနီးရှားနိုင်ငံ၊ Banten မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၃၀)ရက်က (၁၃)နှစ်အရွယ် ကလေးမလေးကို လူသုံးယောက်က သတ်ဖြတ်ပြီး အလောင်းကောင်ကို မုဒိမ်းကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ကလေးမလေးဟာ Baduy လူမျိုးစုဖြစ်ပြီး၊ သူမတို့ရဲ့လယ်ကွင်းကို အစ်ကိုနဲ့အတူ လိုက်လာခဲ့တာပါ။

အစ်ကိုက ငှက်သွားပြီး ထောင်နေချိန်မှာ ကလေးမလေးဟာ မုဒိမ်းသမား(၃)ယောက်နဲ့ ပက်ပင်းတိုးပြီး ကံဆိုးခဲ့ရပါတယ်။ တရားခံတွေရဲ့ ထွက်ဆိုချက်အရ လယ်တဲမှာ တစ်ခြားလူကြီးတွေ ရှိမရှိသိဖို့ ကလေးမလေးကို အရင်ဆုံး ကိုင်းခုတ်ဓား ငှားခဲ့ကြောင်း ဆိုပါတယ်။

အဲဒီနောက် တဲမှာ တစ်ခြားလူကြီးတွေ မရှိဘူးဆိုတာ သိတာနဲ့ သူတို့သုံးယောက်ဟာ ကလေးမလေးကို မဖွယ်မရာ ပြုဖို့ကြိုးစားခဲ့ပေမယ့် ကလေးမလေးက အော်ခဲ့ပါတယ်။ ဒါကြောင့် စောစောက ငှားထားတဲ့ ကိုင်းခုတ်ဓားနဲ့ ကလေးမလေးကို ခုတ်သတ်လိုက်တာပါ။အဲဒီနောက် လူသတ်မုဒိမ်းသမားတွေဟာ ကလေးမလေးရဲ့အလောင်းကို တစ်လှည့်ဆီ အဓမ္မထပ်ပြီး ကျင့်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို နာရီပိုင်းခြားပြီး ဖော်ထုတ်နိုင်ခဲ့ပြီး အသက်(၁၅)နှစ်နဲ့ (၁၉)နှစ်အတွင်း လူငယ်တွေလို့ သိရပါတယ်။ သူတို့ကို ရဲက စစ်မေးနေဆဲဖြစ်ပြီး၊ ဆေးအဖြေကိုလည်း စောင့်ဆိုင်းနေပါတယ်။

Sေource  – နေသူရိန်

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.