လိပ္ကြ်န္းလူသတ္မႈ ေနာက္ဆံုးအယူခံ ပယ္ခ်ခံရ

ေကာ့ေတာင္ကြ်န္း(လိပ္ကြ်န္း)တြင္ ၂၀၁၄ ခုႏွစ္က ျဗိတိန္ႏိုင္ငံသားစံုတြဲ အသတ္ခံရမႈျဖင့္ ျမန္မာႏိုင္ငံသားႏွစ္ဦး ေသဒဏ္ခ်မွတ္ခံထားရမႈအတြက္ ေနာက္ဆံုးအယူခံေလွ်ာက္ထားမႈကို ယေန႔ ၾသဂုတ္ ၂၉ ရက္တြင္ အမိန္႔ခ်မွတ္ရာ အယူခံကို ပယ္ခ်လိုက္ေၾကာင္း သတင္းရရွိသည္။

အဆိုပါအမႈအတြက္ အယူခံေလွ်ာက္တင္မႈကို ထိုင္းႏိုင္ငံ၏ အျမင့္ဆံုးတရား႐ုံးျဖစ္သည့္ ဗဟိုတရား႐ုံးသို႔ ေလွ်ာက္တင္ထားျခင္းျဖစ္ျပီး ဗဟိုတရား႐ုံး၏အမိန္႔ကို ႏြန္ထဘူရီခရုိင္တရား႐ုံးမွတဆင့္ Video Conferencing ဖတ္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ႏြန္ထဘူရီခ႐ုိင္တရား႐ုံးတြင္ေရာက္ရွိေနသူ ျမန္မာသံ႐ုံးအထူးဖြဲ႔၀င္၊ ပညာေရးႏွင့္ ဖြံ႔ျဖိဳးတိုးတက္ေရးေဖာင္ေဒရွင္းမွ အမႈေဆာင္ဒါ႐ုိက္တာ ဦးထူးခ်စ္က“ေကာ့စမြီခ႐ုိင္တရား႐ုံးက ခ်မွတ္ခဲ့တဲ့အမိန္႔အတိုင္း ေသဒဏ္ျပန္ခ်တယ္။ အယူခံ႐ႈံးတယ္ေပါ့။ ထိုင္းေရွ႕ေနေတြက အၾကံေပးတာကေတာ့ ေနာက္ဆံုးအဆင့္အေနနဲ႔ ထိုင္းဘုရင္မင္းျမတ္ဆီကို အသနားခံစာတင္လို႔ရတယ္ေပါ့။ သူတို႔ အၾကံေပးတာကေတာ့ ဒီအသနားခံစာတင္တဲ့ဟာကို မိသားစုကတင္တာထက္ ျမန္မာအစိုးရအေနနဲ႔ တင္ေပးရင္ ပိုေကာင္းမယ္လို႔ဆိုတယ္။ ကေလးေတြက က်န္းမာေရးေတာ့ေကာင္းပါတယ္။ ဒါေပမယ့္ အယူခံပယ္ခ်ခံရတဲ့အေပၚမွာေတာ့ အင္မတန္ စိတ္မေကာင္းျဖစ္တာေပါ့။ ကြ်န္ေတာ္တို႔ကလည္း ဘုရင္ဆီ အသနားခံစာတင္လို႔ရေသးတယ္လိုတဲ့အေၾကာင္း အားေပးခဲ့ပါတယ္”ဟု News Watch သို႔ ေျပာသည္။

အမႈမွာ ထိုင္းႏိုင္ငံ ေကာ့စမြီခ႐ုိင္ ေကာ့ေတာင္ကြ်န္း(လိပ္ကြ်န္း) ဆိုင္ရီးကမ္းေျခတြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္က ျဗိတိန္နိုင္ငံသား ဟန္နာ၀ုသားရစ္ခ်္ (၂၃ ႏွစ္) ႏွင့္ ေဒးဗစ္မီလာ (၂၄ ႏွစ္) တို႔ႏွစ္ဦး ျပင္းထန္ေသာဦးေခါင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့သည့္အမႈႏွင့္ပတ္သက္ျပီး ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂ ဦးျဖစ္သည့္ ၀င္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း (၀င္းႏွင့္ေဇာ္) တို႔အား တရားခံမ်ားအျဖစ္ စြပ္စြဲဖမ္းဆီးခဲ့ျခင္းျဖစ္သည္။ Ref – News Watch

၀ီရ

=========

Unicode

ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရမှုအတွက် နောက်ဆုံးအယူခံလျှောက်ထားမှုကို ယနေ့ သြဂုတ် ၂၉ ရက်တွင် အမိန့်ချမှတ်ရာ အယူခံကို ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုအတွက် အယူခံလျှောက်တင်မှုကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးသို့ လျှောက်တင်ထားခြင်းဖြစ်ပြီး ဗဟိုတရားရုံး၏အမိန့်ကို နွန်ထဘူရီခရိုင်တရားရုံးမှတဆင့် Video Conferencing ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နွန်ထဘူရီခရိုင်တရားရုံးတွင်ရောက်ရှိနေသူ မြန်မာသံရုံးအထူးဖွဲ့ဝင်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က“ကော့စမွီခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့အမိန့်အတိုင်း သေဒဏ်ပြန်ချတယ်။ အယူခံရှုံးတယ်ပေါ့။ ထိုင်းရှေ့နေတွေက အကြံပေးတာကတော့ နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်လို့ရတယ်ပေါ့။ သူတို့ အကြံပေးတာကတော့ ဒီအသနားခံစာတင်တဲ့ဟာကို မိသားစုကတင်တာထက် မြန်မာအစိုးရအနေနဲ့ တင်ပေးရင် ပိုကောင်းမယ်လို့ဆိုတယ်။ ကလေးတွေက ကျန်းမာရေးတော့ကောင်းပါတယ်။ ဒါပေမယ့် အယူခံပယ်ချခံရတဲ့အပေါ်မှာတော့ အင်မတန် စိတ်မကောင်းဖြစ်တာပေါ့။ ကျွန်တော်တို့ကလည်း ဘုရင်ဆီ အသနားခံစာတင်လို့ရသေးတယ်လိုတဲ့အကြောင်း အားပေးခဲ့ပါတယ်”ဟု News Watch သို့ ပြောသည်။

အမှုမှာ ထိုင်းနိုင်ငံ ကော့စမွီခရိုင် ကော့တောင်ကျွန်း(လိပ်ကျွန်း) ဆိုင်ရီးကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာဝုသားရစ်ချ် (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်) တို့နှစ်ဦး ပြင်းထန်သောဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့သည့်အမှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်း (ဝင်းနှင့်ဇော်) တို့အား တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Ref – News Watch

ဝီရ

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.