အိပ်ပျော်နေစဉ် ယောင်ပြီးလမ်းလျှောက်တာ ချစ်သူရဲ့သူငယ်ချင်းနဲ့ အတူဆက်ဆံမိတဲ့ သူ

လူတိုင်း နီးပါးမဟုတ်ပေမဲ့ အချို့လူတွေဟာ အိပ်ပျော်နေရင်းနဲ့ ယောင်ပြီး လမ်းလျှောက်ကြတဲ့ အခါမှာ သူတို့ ဘာလုပ်လိုက်သလဲ၊ သူတို့ ဘယ်သွားသလဲ ဆိုတာကို သိတဲ့ သူ အလွန် နည်းပါးပါတယ်။

အခုလည်း အသက် (၂၁) နှစ်အရွယ် ဒယ်လ် ကယ်လီ (Dale Kelly) ဟာ အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းလျှောက်တဲ့ အချိန်မှာ သူ့ချစ်သူရဲ့ သူငယ်ချင်း အမျိုးသမီးနဲ့ အတူအိပ်ခဲ့ကြပေမဲ့လည်း ခွင့်လွတ်ခံခဲ့ရပါတယ်။ကယ်လီဟာ အစက တရားရုံးအထိ ရောက်သွားခဲ့ပေမဲ့လည်း တရားရုံမှာ အိမ်ပျော်နေစဉ် လမ်းလျှောက်ရင်းနဲ့ ဆက်ဆံမိခဲ့တာ ဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။ တရားသူကြီးက အသေးစိတ် စုံစမ်းစစ်ဆေးတဲ့အခါ ကယ်လီ ပြောတာ အမှန်ဖြစ်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

ကယ်လီဟာ ငယ်ငယ်ကတည်းက အအိပ်ရောဂါ တစ်ခု ဖြစ်တဲ့ “Parasomnia” ရောဂါကို ခံစားခဲ့ရပြီး ယောင်ပြီး လမ်းလျှောက်လေ့ရှိပါတယ်။ကယ်လီဟာ “York Crown Court” တရားရုံးမှာ ရက်သတ္တပတ်များစွာ ကြားနားမှု ခံခဲ့တဲ့နောက် အပြစ်မရှိတာ သက်သေပြနိုင်ခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။

ကယ်လီဟာ သူ့ချစ်သူ အပါအ၀င် သူ့ချစ်သူရဲ့ သူငယ်ချင်းနဲ့အတူ ကလပ်သွားခဲ့ပြီး ကလပ်ကနေ အိပ်ကို အငှားကားနဲ့ ပြန်လာခဲ့ကြပါတယ်။ အားလုံး အိပ်ယာဝင်ကြတဲ့ အချိန်မှာ ကယ်လီလည်း သူ့အိပ်ခန်းကို တန်းတန်းမတ်မတ် ၀င်ပြီး သွားအိပ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဟာ အိပ်ပြီး (၁) နာရီအကြာခန့်မှာ ယောင်ရင်း လမ်းလျှောက်လာခဲ့ပြီး သူ့ချစ်သူရဲ့ သူငယ်ချင်းနဲ့အတူ သွားအိပ်ခဲ့ပြီး ဆက်ဆံခဲ့ပါတယ်။ သူဟာ အတူအိပ်မိတာကို သိလိုက်တဲ့ အချိန်မှာ အိမ်ကနေ ထွက်ပြေသွားပြီး သူ့ချစ်သူရဲ့ သူငယ်ချင်းကို “ဘာဖြစ်သွားလဲ ဆိုတာ ဒီအချိန်မှာ ငါ လုံးဝ တွေးလို့ မရပါဘူး”လို့ စာပို့ခဲ့ပါတယ်။ နောက်ပိုင်း ကယ်လီမှာ “Parasomnia” ရောဂါရှိတာကို သိပြီး ခွင့်လွတ်ပေးခဲ့ပါတယ်။

Source – Ko Khant

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.