Credit- Naung cho news
===
Unicode
၁၅.၈.၁၉ ရှမ်းမြောက်တိုက်ပွဲသတင်း ၁၀၃၀နာရီအချိန်။ ။TNLAတအောင်း၊SSAရှမ်း၊KIAကချင်ပူးပေါင်းထားတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့က ခန့်မှန်း အင်အား ၃၅၀လောက်နဲ့နေရာစုံက ဖြန့်တိုက်နေတာပါ။ကွတ်ခိုင်ကတပ်တွေဆင်းလာပါပြီ၊မိတ္ထီလာကို ရဟတ်ယာဉ်တွေရောက်ပြီ၊နာမည်ကြီး တပ်မ၉၉ကို အနီးဆုံးနေရာမှာချပေးမယ်ကြား ၊ရှမ်းတဲကတိုက်လေယာဉ်တွေတက်သွားပါပြီကြည်းတပ်နဲ့ လေတပ်ပေါင်းပြီး ဝိုင်းပတ်ချေမှုန်းတော့မှာပါ။
တံတားကင်း၊ရဲကင်း၊ပြည်သူ့စစ်ကင်းတွေကျကုန်ပါပြီ၊ နောင်ချိုတိုးဂိတ်ကဝန်ထမ်းတွေနဲ့ ကားကြီးသမားအချို့ကို ဓားစာခံလုပ်ဖမ်းထားပါတယ်။သံချပ်ကာတပ်တွေတက်မရအောင် သောင်းကျန်းသူတွေက ဂုတ်တွင်းတံတားမိုင်းခွဲလိုက်ကြောင်းကနဦးကြားသိရပြီးအခြေအနေသတင်းအတည်ပြုချက်ရဖို့ကြိုးစားနေပါတယ်။
သီပေါနှင့်ကျောက်မဲကြားမှာနယ်မြေအခြေအနေစိုးရိမ်ရတဲ့အတွက်အဆင်းကားကြီးကားငယ်တွေကိုသီပေါဘော်ကြိုဘုရားအနီးမှာ၎င်း သီပေါတံတားအနီးမှာ၎င်းခေတ္တတားထားပါတယ်။အခြေအနေမကောင်းသေး၍ကားကြီးကားလေးများယာဉ်ထိန်းနှင့်ရဲတပ်ဖွ့ဲဝင်များ၏စီစဉ်မှုအတိုင်းလိုက်နာသွားလာပေးကြဖို့လိုပါမယ်။
Credit- Naung cho news
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.