ေပ်ာက္သြားသည့္ ေက်ာက္ပန္းေတာင္းသူ မိန္းကေလးကို ျပန္ေတြ႔ပါၿပီ

တို႔ေဆးမိၿပီး ေပ်ာက္သြားသည့္ ေက်ာက္ပန္းေတာင္းသူ မိန္းကေလးကို ျပန္ေတြ႔

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္က တို႔ေဆးမိၿပီး ေပ်ာက္သြားတဲ့ မိန္းကေလးကို အခု ျပန္ေတြ႕ၿပီျဖစ္ၿပီး ၀တ္ဆင္ထားတဲ့ ေရႊေတြေတာ့ ပါသြားတယ္လို႔ ရြာလူႀကီးတေယာက္က ေျပာပါတယ္။

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ လက္ပံပ်ားရြာက အသက္ ၂၂ ႏွစ္အရြယ္ မေအးျမလင္းဟာ ဇူလိုင္ ၂၀ ရက္ညက ရြာကေန ေပ်ာက္သြားလို႔ အဲဒါကို သူ႔အေဖရဲ႕ သူငယ္ခ်င္းက ေဖ့စ္ဘြတ္ခ္မွာ တင္ခဲ့ၿပီး လူေပါင္း ၂၀၀၀၀ ေက်ာ္က ျပန္ၿပီးမွ်ေဝခဲ့ပါတယ္။

မိန္းကေလးဟာ ည ၈ နာရီေလာက္က ၾကက္ေၾကာ္ေရာင္းေနတဲ့ သူ႔အေမဆီကို သြားေနတုန္း လမ္းမွာပဲ ေပ်ာက္သြားခဲ့တာပါ။

လက္ပံပ်ားရြာလူႀကီး ဦးရဲသူက “လမ္းမွာ ကားတစီးနဲ႔လာတဲ့ မိန္းမႀကီးတေယာက္က ေတာင္ႀကီးလမ္း ဘယ္ဘက္က သြားရလဲ ေမးတယ္တဲ့။ သူက မသိဘူးေျဖၿပီး သူ႔ပခံုးကို ပုတ္လိုက္တာပဲ သိလိုက္တယ္။ တို႔ေဆးမိတဲ့ပံုစံေပါ့’’ လို႔ ေျပာပါတယ္။

မိန္းကေလးဟာ ဇူလိုင္ ၂၁ ရက္ မနက္ပိုင္းကေတာ့ သူ႔မိဘေတြဆီဖုန္းဆက္လာၿပီး “အေမေရ သမီးကို လူေတြက ကားနဲ႔ေခၚသြားတာ ခု မႏၲေလးအထြက္ဘက္ေရာက္ေနတယ္။ ဘယ္သြားေနတာလဲ မသိဘူး။ ကိုယ္မွာပါတဲ့ ေရႊေတြလည္း မရွိေတာ့ဘူး” ဆိုၿပီး ဖုန္းခ်သြားတယ္ မိဘေတြက ခ်က္ခ်င္း ျပန္ဆက္ေတာ့ ဖုန္းက စက္ပိတ္သြားတယ္’’ လို႔ ေပ်ာက္ဆံုးတဲ့ အေၾကာင္းေရးထားတဲ့ ပို႔စ္မွာ ေဖာ္ျပထားပါတယ္။

ဦးရဲသူက “ကေလးမ ျပန္ေျပာျပတာကေတာ့ မနက္က်ေတာ့ အျမန္လမ္းေဘး ေတာင္ညိဳရြာနားမွာ သူေရာက္ေနတယ္။ အဲမွာ တဲတလံုးနဲ႔ အဘိုးႀကီးတေယာက္ေတြ႕လို႔ အက်ိဳးအေၾကာင္းရွင္းျပၿပီး ဖုန္းဆက္ခြင့္ေတာင္းေတာ့ ဆက္လို႔ရတယ္။ ဒါေပမယ့္ ဖုန္းက မေကာင္းေတာ့ ဆက္ၿပီးတာနဲ႔ က်သြားတာ။ ဒါနဲ႔ပဲ အဘိုးႀကီးက သူ႔ကို ကားတစီးနဲ႔တင္ေပးလိုက္တယ္။ ဒီမနက္မွာေတာ့ သီးကုန္းကိုေရာက္တယ္။ သူ႔ရင္ဘတ္ထဲမွာ ေငြ ၂၀၀၀ ရွိေနေတာ့ ဆိုင္ကယ္တကၠစီေခၚၿပီး မိတၳီလာရဲ႐ံုးကို ပို႔ခိုင္းတယ္။ က်ေနာ္တို႔ဆီကို မိတၳီလာခ႐ိုင္ရဲ႐ံုးက ဆက္သြယ္လာတာပါ’’ လို႔ ေျပာပါတယ္။

ဒီဗြီဘီက မိတၳီလာခ႐ိုင္ရဲ႐ံုးကို ဆက္သြယ္ၾကည့္ရာမွာေတာ့ မိန္းကေလးဟာ ဆိုင္ကယ္တကၠစီနဲ႔ ေရာက္လာခဲ့ၿပီး သူတို႔က မိဘေတြဆီ ဆက္သြယ္ေပးထားလို႔ လာေခၚသြားၿပီလို႔ တာဝန္က် ရဲတပ္ဖြဲ႔ဝင္က ေျပာပါတယ္။

ဒီမိန္းကေလးဟာ တျခားပတ္သက္သူမရွိဘဲ မိဘေတြနဲ႔သေဘာတူထားသူရွိတယ္လို႔ ဦးရဲသူက ေျပာပါတယ္။

“သူ႔မွာ တျခားပတ္သက္တာ မရွိဘူး။ တေယာက္ပဲ။ ေစ့စပ္ထားတဲ့သေဘာေပါ့။ သူ႔ဆီကိုလည္း ေရာက္မလာလို႔ လူကုန္ကူးရဲတပ္ဖြဲ႔ဆီကိုေတာင္ အေၾကာင္းၾကားထားတာ။ အခုျပန္ေတြ႕ေတာ့ က်န္းက်န္းမာမာပါပဲ။ ကိုယ္မွာပါတဲ့ ဆြဲႀကိဳးရယ္၊ နားေတာင္း၊ ဆြဲသီးကေတာ့ မရွိေတာ့ဘူး’’ လို႔ ေျပာပါတယ္။ Ref – DVB

==========

Unicode

တို့ဆေးမိပြီး ပျောက်သွားသည့် ကျောက်ပန်းတောင်းသူ မိန်းကလေးကို ပြန်တွေ့

ကျောက်ပန်းတောင်းမြို့နယ်က တို့ဆေးမိပြီး ပျောက်သွားတဲ့ မိန်းကလေးကို အခု ပြန်တွေ့ပြီဖြစ်ပြီး ဝတ်ဆင်ထားတဲ့ ရွှေတွေတော့ ပါသွားတယ်လို့ ရွာလူကြီးတယောက်က ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားရွာက အသက် ၂၂ နှစ်အရွယ် မအေးမြလင်းဟာ ဇူလိုင် ၂၀ ရက်ညက ရွာကနေ ပျောက်သွားလို့ အဲဒါကို သူ့အဖေရဲ့ သူငယ်ချင်းက ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး လူပေါင်း ၂၀၀၀၀ ကျော်က ပြန်ပြီးမျှဝေခဲ့ပါတယ်။

မိန်းကလေးဟာ ည ၈ နာရီလောက်က ကြက်ကြော်ရောင်းနေတဲ့ သူ့အမေဆီကို သွားနေတုန်း လမ်းမှာပဲ ပျောက်သွားခဲ့တာပါ။

လက်ပံပျားရွာလူကြီး ဦးရဲသူက “လမ်းမှာ ကားတစီးနဲ့လာတဲ့ မိန်းမကြီးတယောက်က တောင်ကြီးလမ်း ဘယ်ဘက်က သွားရလဲ မေးတယ်တဲ့။ သူက မသိဘူးဖြေပြီး သူ့ပခုံးကို ပုတ်လိုက်တာပဲ သိလိုက်တယ်။ တို့ဆေးမိတဲ့ပုံစံပေါ့’’ လို့ ပြောပါတယ်။

မိန်းကလေးဟာ ဇူလိုင် ၂၁ ရက် မနက်ပိုင်းကတော့ သူ့မိဘတွေဆီဖုန်းဆက်လာပြီး “အမေရေ သမီးကို လူတွေက ကားနဲ့ခေါ်သွားတာ ခု မန္တလေးအထွက်ဘက်ရောက်နေတယ်။ ဘယ်သွားနေတာလဲ မသိဘူး။ ကိုယ်မှာပါတဲ့ ရွှေတွေလည်း မရှိတော့ဘူး” ဆိုပြီး ဖုန်းချသွားတယ် မိဘတွေက ချက်ချင်း ပြန်ဆက်တော့ ဖုန်းက စက်ပိတ်သွားတယ်’’ လို့ ပျောက်ဆုံးတဲ့ အကြောင်းရေးထားတဲ့ ပို့စ်မှာ ဖော်ပြထားပါတယ်။

ဦးရဲသူက “ကလေးမ ပြန်ပြောပြတာကတော့ မနက်ကျတော့ အမြန်လမ်းဘေး တောင်ညိုရွာနားမှာ သူရောက်နေတယ်။ အဲမှာ တဲတလုံးနဲ့ အဘိုးကြီးတယောက်တွေ့လို့ အကျိုးအကြောင်းရှင်းပြပြီး ဖုန်းဆက်ခွင့်တောင်းတော့ ဆက်လို့ရတယ်။ ဒါပေမယ့် ဖုန်းက မကောင်းတော့ ဆက်ပြီးတာနဲ့ ကျသွားတာ။ ဒါနဲ့ပဲ အဘိုးကြီးက သူ့ကို ကားတစီးနဲ့တင်ပေးလိုက်တယ်။ ဒီမနက်မှာတော့ သီးကုန်းကိုရောက်တယ်။ သူ့ရင်ဘတ်ထဲမှာ ငွေ ၂၀၀၀ ရှိနေတော့ ဆိုင်ကယ်တက္ကစီခေါ်ပြီး မိတ္ထီလာရဲရုံးကို ပို့ခိုင်းတယ်။ ကျနော်တို့ဆီကို မိတ္ထီလာခရိုင်ရဲရုံးက ဆက်သွယ်လာတာပါ’’ လို့ ပြောပါတယ်။

ဒီဗွီဘီက မိတ္ထီလာခရိုင်ရဲရုံးကို ဆက်သွယ်ကြည့်ရာမှာတော့ မိန်းကလေးဟာ ဆိုင်ကယ်တက္ကစီနဲ့ ရောက်လာခဲ့ပြီး သူတို့က မိဘတွေဆီ ဆက်သွယ်ပေးထားလို့ လာခေါ်သွားပြီလို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒီမိန်းကလေးဟာ တခြားပတ်သက်သူမရှိဘဲ မိဘတွေနဲ့သဘောတူထားသူရှိတယ်လို့ ဦးရဲသူက ပြောပါတယ်။

“သူ့မှာ တခြားပတ်သက်တာ မရှိဘူး။ တယောက်ပဲ။ စေ့စပ်ထားတဲ့သဘောပေါ့။ သူ့ဆီကိုလည်း ရောက်မလာလို့ လူကုန်ကူးရဲတပ်ဖွဲ့ဆီကိုတောင် အကြောင်းကြားထားတာ။ အခုပြန်တွေ့တော့ ကျန်းကျန်းမာမာပါပဲ။ ကိုယ်မှာပါတဲ့ ဆွဲကြိုးရယ်၊ နားတောင်း၊ ဆွဲသီးကတော့ မရှိတော့ဘူး’’ လို့ ပြောပါတယ်။ Ref – DVB

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.