လေယာဉ်ကွင်းစောင့် လုံခြုံရေးရဲနှစ်ယောက်ရဲ့ ယုတ်မာမှု


19.7.2019

အမှုဖြစ်စဉ်မှာ…..




မုံရွာလေယာဉ်ကွင်း လုံခြုံရေး တာဝန်ကျ ရဲနှစ်ယောက်သည် မည်သူက တာဝန်ပေး၍ ယူနီဖောင်းဝတ်ဆင်ထားခြင်း မရှိပါပဲ မြစ်ကမ်းနားက ကိုင်းတောထဲသို့ လက်ထိပ်များဖြင့် ရောက်ရှိနေသနည်း။


သို့ပါ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲများ အထူးကြပ်မတ် စစ်ဆေးအရေးယူသင့်ပါကြောင်း ရေးသား ဖေါ်ပြလိုက်ရပါသည်။

Mr Nann Hlaing

=====

Unicode

မုံရွာလေယာဉ်ကွင်းစောင့် လုံခြုံရေးရဲနှစ်ယောက် ဘာ့ကြောင့် အချုပ်ထဲရောက်

19.7.2019

အမှုဖြစ်စဉ်မှာ…..

အလုံတပ်မြို့ ပန်းဘဲတပ်ရပ်ကွက်နေ ဒေါ်ခင်အေးလွင်သည် (18.7.2019)နေ့ည(၇:၃၀)အချိန်ခန့်ကမြစ်ဆိပ်ကမ်းနားသို့ အလုပ်သမားများ ပို့ပြီးပြန်အလာတွင် ကိုင်းတောထဲမှ လူနှစ်ယောက်ထွက်လာပြီး တစ်ယောက်သောသူမှ လက်ကိုဆွဲသဖြင့် အပြန်အလှန်လုံးထွေးပြီး ကယ်ကျပါအုံးအော်ဟစ်ရာမှ အသံကြား၍ ပြေးလာသူအမျိုးသမီးတစ်ယောက်အား တစ်ခုခုဖြင့် ပစ်လိုက်သဖြင့် ရင်ဘတ်တွင် ဒဏ်ရာရရှိခဲ့ပြီး

အလုပ်သမားများ ရောက်လာချိန်တွင် တစ်ယောက်သောသူမှာ ထွက်ပြေးလွှတ်မြောက်သွားပြီး ကျမဖြင့်လုံးထွေးသူမှာ လုံးထွေးအော်ဟစ် အကူအညီတောင်းနေစဉ် ၎င်းလက်ထဲမှ ဖုန်းမီးပွင့်သွားသဖြင့် လေယာဉ်ကွင်း လုံခြုံရေးစောင့်ရဲမှန်း သိရှိရပြီး ၎င်းအား အလုပ်သမားများမှ ဝိုင်းဝန်းဖမ်းဆီးစဉ် ထွက်ပြေးလွှတ်မြောက်သွားပြီး

၎င်းဆီမှကျန်နေခဲ့သော ဖုန်းအားပြသပြီး အမှတ်(၁)ရဲစခန်း မုံရွာသို့် သွားရောက်တိုင်ကြားပြီး အမှုဖွင့်ထားရှိကြောင်း ကျမမှာလဲ အင်္ကျီးတွေစုတ် ဘော်လီတွေပြဲ ထမိန်တွေပင် ကျွတ်ခဲ့ကြောင်း ဒေါ်ခင်အေးလွင် ၏ ပြောပြချက်အရ သိရှိရသည်။

မုံရွာလေယာဉ်ကွင်း လုံခြုံရေး တာဝန်ကျ ရဲနှစ်ယောက်သည် မည်သူက တာဝန်ပေး၍ ယူနီဖောင်းဝတ်ဆင်ထားခြင်း မရှိပါပဲ မြစ်ကမ်းနားက ကိုင်းတောထဲသု့ိ့ လက်ထိပ်များဖြင့် ရောက်ရှိနေသနည်း။

တာဝန်ပေးအပ်ထားခြင်း မရှိပါက ဒေါ်ခင်အေးလွင် အား ညအချိန်အမှောင်ထဲမှ ထွက်ဆွဲပြီး မုဒိန်းမှုကျူ းလွန်ရန် ကြံစည်ခြင်းလား..ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံ၍ မြစ်ဆိပ်မှ အလုပ်သမားများ မကြား၍ အကူအညီမရပါက လက်ထိပ်ခတ်ပြီး နှစ်ယောက်တစ်ယောက် ကျင့်ကြံမသွားနိင်ပါသလော..ကျင့်ကြံပြီးသတ်ထားခဲ့ပါကအသက်ပင်သေစေနိင်ခြင်းများ ဖြစ်ပျက်လာနိင်ပါသည်။

သု့ိပါ၍ သက်ဆိုင်ရာရဲတပ်ဖွ့ဲအကြီးအကဲများ အထူးကြပ်မတ် စစ်ဆေးအရေးယူသင့်ပါကြောင်း ရေးသား ဖေါ်ပြလိုက်ရပါသည်။

Mr Nann Hlaing

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.