၁၂ ႏွစ္အ႐ြယ္ စြံ႔အနားမၾကားေသာ သမီးအပါအဝင္ သမီးအရင္း ၂ ဦးအား အဓမၼျပဳက်င့္သည့္ ဖခင္

မႏၲေလးခရိုင္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္တြင္ အသက္ ၁၂ ႏွစ္အ႐ြယ္ ဆြံ႕အနားမၾကား သမီးႏွင့္ အသက္ ၂၀ အ႐ြယ္ သမီးတို႔ကို အဓမၼျပဳက်င့္ခဲ့ေသာ ဖခင္ရင္းကို ဖမ္းဆီးလိုက္ၿပီ ျဖစ္ေၾကာင္း ျပည္ႀကီး တံခြန္ၿမိဳ႕မရဲစခန္းက သိရသည္။

သမီးအရင္း၂ ဦးအား အဓမၼျပဳက်င့္ခဲ့မႈျဖင့္ မ်ိဳးျမင့္ေအာင္ ဆိုသူကို ဇနီးျဖစ္သူကိုယ္တိုင္က သက္ဆိုင္ရာ နယ္ေျမရဲစခန္းတြင္ ဇူလိုင္ ၁၅ ရက္က အမႈဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတဦးက “အမႈကို မိခင္ကိုယ္တိုင္က လာေရာက္တိုင္ၾကားလို႔ က်ဳးလြန္တဲ့ တရားခံကိုေတာ့ ဖမ္းမိထားပါၿပီ၊ လက္ရွိမွာ တရားခံကို တရား႐ုံးမွာ ခ်ဳပ္ရမန္ယူထားၿပီး အမႈကို စစ္ေဆး ေနပါတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

က်ဳးလြန္သူမွာ ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူ အသက္ ၄၂ ႏွစ္အ႐ြယ္ မ်ိဳးျမင့္ေအာင္ ဆိုသူျဖစ္ၿပီး တအိမ္တည္း အတူေန သားသမီးမ်ားအနက္ အသက္ ၁၂ ႏွစ္အ႐ြယ္ ဆြံ႕အနားမၾကား သမီးအရင္းကို အဓမၼျပဳက်င့္ခဲ့သလို အသက္ ၂၀ အ႐ြယ္ရွိ သမီးႀကီးကိုလည္း အသက္ ၁၀ ႏွစ္ခန႔္အ႐ြယ္မွ စတင္ကာ အိမ္ေထာင္က်ၿပီး သားသမီး တဦးထြန္းကားၿပီးခ်ိန္ အထိ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သည္ဟု ရဲမွတ္တမ္းမ်ားအရ သိရသည္။

မ်ိဳးျမင့္ေအာင္သည္ လြန္ခဲ့သည့္ ၁၄ ႏွစ္က တရားလိုျဖစ္သည့္ ဇနီးႏွင့္ အိမ္ေထာင္က်ခဲ့ၿပီး သားသမီး ၅ ဦး ထြန္း ကားခဲ့ေၾကာင္း၊ ထို႔အျပင္ ယခင္အိမ္ေထာင္ႏွင့္လည္း သမီး ၂ ဦး ရွိသည့္အနက္မွ သမီးႀကီးမွာ ဖခင္ႏွင့္အတူ လိုက္ပါေနထိုင္ ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္ ၁၄ ရက္ေန႕က က်ဳးလြန္ခံရသူ အသက္ ၁၂ ႏွစ္အ႐ြယ္ ဆြံ႕အနားမၾကား သမီးအား မိခင္မွ ေျခဟန္ လက္ဟန္ျဖင့္ “နင့္အေဖ ေနာက္မိန္းမယူသြားၿပီ” ဟု ေျပာသည့္အခါ သမီးျဖစ္သူက ဖခင္ျဖစ္သူက အိမ္ေပၚတြင္ သုံးႀကိမ္ခန႔္ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း ေျခဟန္လက္ဟန္ျဖင့္ ရွင္းျပခဲ့ရာမွ သိရွိခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ေနာက္ဆုံးျပဳက်င့္ခဲ့သည့္အႀကိမ္မွာ လြန္ခဲ့ေသာ တပတ္ခန႔္ျဖစ္သည္ဟုေျပာဆိုခဲ့ေၾကာင္း၊ အဆိုပါ ျဖစ္စဥ္အား အသက္ ၂၀ အ႐ြယ္ သမီးႀကီး
သိရွိၿပီးေနာက္ သူမကိုလည္း အသက္ ၁၀ ႏွစ္ဝန္းက်င္အ႐ြယ္မွ စတင္ကာ ဖခင္က အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အသက္ ၂၀ အ႐ြယ္ သမီးႀကီးမွာ ပထမအိမ္ေထာင္ႏွင့္ ရရွိခဲ့သူျဖစ္ၿပီး အိမ္ေထာင္ျပဳ၍ သားသမီး တဦးထြန္းကားျပီးခ်ိန္အထိ ဖခင္မွ မၾကာခဏ အဓမၼျပဳက်င့္ခဲ့ သည္ဟု ဆိုသည္။ ယခုအခါ အဆိုပါသမီးႀကီး၏ ခင္ပြန္းျဖစ္သူမွာလည္း ကြယ္လြန္ခဲ့ၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ မွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိခင္ျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းသည့္အတြက္ က်ဴးလြန္သူ မ်ိဳးျမင့္ေအာင္ ၄၂ ႏွစ္ အား ျပည္ႀကီး တံခြန္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၇၇/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္၍ ဖမ္းဆီး စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Ref – Irrawaddy

========

Unicode

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးနှင့် အသက် ၂၀ အရွယ် သမီးတို့ကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ရင်းကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်ကြီး တံခွန်မြို့မရဲစခန်းက သိရသည်။

သမီးအရင်း၂ ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် မျိုးမြင့်အောင် ဆိုသူကို ဇနီးဖြစ်သူကိုယ်တိုင်က သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ဇူလိုင် ၁၅ ရက်က အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက “အမှုကို မိခင်ကိုယ်တိုင်က လာရောက်တိုင်ကြားလို့ ကျုးလွန်တဲ့ တရားခံကိုတော့ ဖမ်းမိထားပါပြီ၊ လက်ရှိမှာ တရားခံကို တရားရုံးမှာ ချုပ်ရမန်ယူထားပြီး အမှုကို စစ်ဆေး နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျုးလွန်သူမှာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၂ နှစ်အရွယ် မျိုးမြင့်အောင် ဆိုသူဖြစ်ပြီး တအိမ်တည်း အတူနေ သားသမီးများအနက် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သလို အသက် ၂၀ အရွယ်ရှိ သမီးကြီးကိုလည်း အသက် ၁၀ နှစ်ခန့်အရွယ်မှ စတင်ကာ အိမ်ထောင်ကျပြီး သားသမီး တဦးထွန်းကားပြီးချိန် အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

မျိုးမြင့်အောင်သည် လွန်ခဲ့သည့် ၁၄ နှစ်က တရားလိုဖြစ်သည့် ဇနီးနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၅ ဦး ထွန်း ကားခဲ့ကြောင်း၊ ထို့အပြင် ယခင်အိမ်ထောင်နှင့်လည်း သမီး ၂ ဦး ရှိသည့်အနက်မှ သမီးကြီးမှာ ဖခင်နှင့်အတူ လိုက်ပါနေထိုင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက်နေ့က ကျုးလွန်ခံရသူ အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးအား မိခင်မှ ခြေဟန် လက်ဟန်ဖြင့် “နင့်အဖေ နောက်မိန်းမယူသွားပြီ” ဟု ပြောသည့်အခါ သမီးဖြစ်သူက ဖခင်ဖြစ်သူက အိမ်ပေါ်တွင် သုံးကြိမ်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြခဲ့ရာမှ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နောက်ဆုံးပြုကျင့်ခဲ့သည့်အကြိမ်မှာ လွန်ခဲ့သော တပတ်ခန့်ဖြစ်သည်ဟုပြောဆိုခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်အား အသက် ၂၀ အရွယ် သမီးကြီး
သိရှိပြီးနောက် သူမကိုလည်း အသက် ၁၀ နှစ်ဝန်းကျင်အရွယ်မှ စတင်ကာ ဖခင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အသက် ၂၀ အရွယ် သမီးကြီးမှာ ပထမအိမ်ထောင်နှင့် ရရှိခဲ့သူဖြစ်ပြီး အိမ်ထောင်ပြု၍ သားသမီး တဦးထွန်းကားပြီးချိန်အထိ ဖခင်မှ မကြာခဏ အဓမ္မပြုကျင့်ခဲ့ သည်ဟု ဆိုသည်။ ယခုအခါ အဆိုပါသမီးကြီး၏ ခင်ပွန်းဖြစ်သူမှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသည့်အတွက် ကျူးလွန်သူ မျိုးမြင့်အောင် ၄၂ နှစ် အား ပြည်ကြီး တံခွန်မြို့မရဲစခန်းတွင် (ပ)၇၇၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ref – Irrawaddy

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.