စည္ပင္ဧည့္ရိပ္သာတြင္ ေရႊခုိးမႈ တရားခံမိၿပီ

စည္ပင္ဧည့္ရိပ္သာတြင္ ခိုးမႈက်ဴးလြန္သည့္ အမတ္တစ္ဦး၏ ေခၽြးမကို ဖမ္းဆီး

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ (၂) တြင္ က်ပ္သိန္း ၁၄၀ ခန္႔ တန္ဖိုးရွိ လက္ဝတ္ရတနာပစၥည္းမ်ားကို ခိုးယူမႈျဖင့္ ျပည္သူ႔လႊတ္ေတာ္အမတ္တစ္ဦး၏ ေခၽြးမျဖစ္သူကို ဇူလိုင္ ၁၃ ရက္ နံနက္ ၁ နာရီက ရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့သည္။

ခိုးမႈျဖင့္ ဖမ္းဆီးခံရသူ မမိုးသူသူေအာင္မွာ ျပည္သူ႔လႊတ္ေတာ္ အမတ္တစ္ဦး၏ ေခၽြးမျဖစ္ၿပီး ဇူလိုင္ ၁၁ ရက္ ညပိုင္းက စည္ပင္ဧည့္ရိပ္သာ (၂) အေဆာင္ (၁၁) အခန္း (၁) တြင္ ကုတင္ေပၚတင္ထားသည့္ ဆလင္းဘတ္အိတ္ကို ျပတင္းေပါက္မွ လက္ျဖင့္ လွမ္းဆြဲ၍ အိတ္ထဲရွိ ေရႊဘူးကို ခိုးယူခဲ့ျခင္းျဖစ္သည္။

“ခိုးယူသြားတဲ့ ပစၥည္းေတြ ျပန္ရပါၿပီ။” ဟု လက္ဝတ္ရတနာမ်ား ခိုးယူခံရသည့္ ျပည္သူ႔ လႊတ္ေတာ္အမတ္က ေျပာသည္။

လက္ဝတ္ရတနာပစၥည္းမ်ား ေပ်ာက္ဆံုးခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္အမတ္မွာ အခင္းျဖစ္ညက အျပင္သြားစဥ္ အခန္းတြင္ ဇနီးျဖစ္သူတစ္ဦးသာ က်န္ရွိေနခဲ့ၿပီး အမ်ိဳးသမီးက ေရခ်ိဳးခန္းဝင္ေနစဥ္ ဆလင္းဘတ္အိတ္ထဲရွိ စိန္လက္ေကာက္တစ္ကြင္း၊ စိန္လက္စြပ္ ႏွစ္ကြင္း၊ ေရႊလက္ေကာက္ ကိုးကြင္းႏွင့္ ေရႊေျခက်င္းတစ္ကြင္း ထည့္ထားေသာေရႊဘူးမွာ ခိုးယူခံရျခင္းျဖစ္သည္။

ယင္းအမႈမွ ျပစ္မႈက်ဴးလြန္သူ မမိုးသူသူေအာင္ကို ဇမၺဴသီရိၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး ခိုးမႈျဖစ္ပြားခဲ့သည့္ စည္ပင္ဧည့္ရိပ္သာ (၂) မွာ လႊတ္ေတာ္အမတ္ႏွင့္ ၎တို႔၏ မိသားစုအသိုင္းအဝိုင္းသာ သီးသန္႔တည္းခိုၾကသည္။ Ref – The Voice

==========

Unicode

စည်ပင်ဧည့်ရိပ်သာတွင် ခိုးမှုကျူးလွန်သည့် အမတ်တစ်ဦး၏ ချွေးမကို ဖမ်းဆီး

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် ကျပ်သိန်း ၁၄၀ ခန့် တန်ဖိုးရှိ လက်ဝတ်ရတနာပစ္စည်းများကို ခိုးယူမှုဖြင့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၏ ချွေးမဖြစ်သူကို ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ခိုးမှုဖြင့် ဖမ်းဆီးခံရသူ မမိုးသူသူအောင်မှာ ပြည်သူ့လွှတ်တော် အမတ်တစ်ဦး၏ ချွေးမဖြစ်ပြီး ဇူလိုင် ၁၁ ရက် ညပိုင်းက စည်ပင်ဧည့်ရိပ်သာ (၂) အဆောင် (၁၁) အခန်း (၁) တွင် ကုတင်ပေါ်တင်ထားသည့် ဆလင်းဘတ်အိတ်ကို ပြတင်းပေါက်မှ လက်ဖြင့် လှမ်းဆွဲ၍ အိတ်ထဲရှိ ရွှေဘူးကို ခိုးယူခဲ့ခြင်းဖြစ်သည်။

“ခိုးယူသွားတဲ့ ပစ္စည်းတွေ ပြန်ရပါပြီ။” ဟု လက်ဝတ်ရတနာများ ခိုးယူခံရသည့် ပြည်သူ့ လွှတ်တော်အမတ်က ပြောသည်။

လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ်မှာ အခင်းဖြစ်ညက အပြင်သွားစဉ် အခန်းတွင် ဇနီးဖြစ်သူတစ်ဦးသာ ကျန်ရှိနေခဲ့ပြီး အမျိုးသမီးက ရေချိုးခန်းဝင်နေစဉ် ဆလင်းဘတ်အိတ်ထဲရှိ စိန်လက်ကောက်တစ်ကွင်း၊ စိန်လက်စွပ် နှစ်ကွင်း၊ ရွှေလက်ကောက် ကိုးကွင်းနှင့် ရွှေခြေကျင်းတစ်ကွင်း ထည့်ထားသောရွှေဘူးမှာ ခိုးယူခံရခြင်းဖြစ်သည်။

ယင်းအမှုမှ ပြစ်မှုကျူးလွန်သူ မမိုးသူသူအောင်ကို ဇမ္ဗူသီရိမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားပြီး ခိုးမှုဖြစ်ပွားခဲ့သည့် စည်ပင်ဧည့်ရိပ်သာ (၂) မှာ လွှတ်တော်အမတ်နှင့် ၎င်းတို့၏ မိသားစုအသိုင်းအဝိုင်းသာ သီးသန့်တည်းခိုကြသည်။ Ref – The Voice

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.