ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခံရတဲ့ ပုဂံမှာ အန္တရာယ်ရှိတဲ့လုပ်ရပ်
ချစ်ဆွေတို့ရေ …
#Photo Credit
==========
Unicode
အမွေအနှစ်ကို စောင့်ရှောက်တဲ့ တည်ဆဲဥပဒေ ထဲမှ အနည်းဆုံး(၁)ချက်နဲ့ ငြိစွန်းခဲ့ရင် အန္တရာယ်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခံရနိုင်တဲ့ ပုဂံ
ပုဂံဟာ UNESCO World Heritage Site ဝင်လို့ ဂုဏ်ပြုဖို့ ဆိုပြီး ၃ ရက် ဆက်တိုက် ဖျော်ဖြေမှုတွေကို လုပ်ဖို့ အာနန္ဒာဘုရားနားက ကားကွင်းမှာ စင်ဆောက်နေကြတာပါ။
( ဒီတော့ နေရာရွှေ့စေချင်လို့ ကျမရဲ့ ကြိတ်ပြီး ဆုတောင်းနေတဲ့ ဆုတောင်းချက်ဟာ မပြည့်တော့ဘူးပေါ့လေ။ )
2016 တုံးကလဲ ဒီနားမှာပဲ IC ပွဲကို ကျင်းပခဲ့ကြတာပါတဲ့။ ဒါပေမယ့် အခု ပြောချင်တာက အခြေအနေနဲ့ အချိန်အခါတွေ မတူတော့ပါဘူး။ 2016 တုံးက ပုဂံဟာ UNESCO ဝင်ဖို့ အသည်းအသန် ကြိုးစားနေရတဲ့ အချိန်ပါ။ အခုလက်ရှိ 2019 မှာ ပုဂံဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲကို ဝင်ခွင့်ရရှိ သွားပါပြီ။
စောင့်စည်းရမှာတွေ၊ စောင့်ထိန်းရမှာတွေ ရှိလာပါပြီ။ တာဝန်ယူရမယ့် အပိုင်းတွေလည်း ရှိလာပါပြီ။ ခွဲခြား သိပေးကြပါ။
ဒါ့ကြောင့်မို့လို့ ပုဂံဟာ မြန်မာတစ်ဦးတည်းပိုင် မဟုတ်တော့ပါဘူး။ ကမ္ဘာကပါ ပိုင်ဆိုင်လာပြီ ဆိုတာကို သိစေချင်ပါတယ်။
အမွေအနှစ်ကို စောင့်ရှောက်တဲ့ တည်ဆဲဥပဒေ ဆိုတာလည်း ရှိတယ်။ အဲဒီထဲက အနည်းဆုံး (၁)ချက်နဲ့ ငြိစွန်းခဲ့ရင် အန္တရာယ်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေငြာနိုင်တယ်လို့ သိရပါတယ်။
ရှေးဟောင်း အဆောက်ဦးတွေနားမှာ စက်ပစ္စည်းမျိုးစုံသုံးပြီး သီချင်း/တီးလုံး ဖွင့်မယ်ဆို အသံဆူညံမှုနှုန်း 127 Db ကျော်လို့မရပါဘူး။
127 Db ကျော်တာနဲ့ ရှေးဟောင်း အဆောက်အဦးအတွက် harmful noise level ဖြစ်သွားပါတယ်။
127 Db ကျော်တဲ့ ဆူညံမှုနှုန်းနဲ့ ဆက်တိုက်ဖွင့်တဲ့အခါ မူလရှေးအုတ်တွေရဲ့ Sonic Velocity နှင့် Comprehensive Strength တွေကို ကျသွားစေနိုင်တယ်။ ဒါက အပြစ်နာဆာမရှိတဲ့ အကောင်းပကတိ အုတ်ချပ်ကိုပြောတာ။
နံရံဆေးရေးတွေကတော့ အဖတ်လိုက် ကွာကျမယ်။ အပေါ်ယံ မျက်နှာပြင်ပေါ်က မြေသား ပလာစတာ နှင့် အုတ်ချပ်တွေကြားက ကုတ်အား ( bonding strength )တွေ ကျဆင်းသွားတာကြောင့် နံရံဆေးရေး အချပ်လိုက် ကွာကျလာနိုင်တယ်။
Mortar Failure ဖြစ်ထားတဲ့နေရာ၊ နံရံအက်ကြောင်းရှိတဲ့နေရာ၊ ရေယိုဖူးတဲ့ နေရာတွေဟာ အသံလှိုင်းကြောင့် မူလအက်ကြောင်းထက် ကြီးလာမယ်။ အက်ကြောင်းရှည်လာမယ်။
အခု ပုဂံမှာ ဖွင့်မယ့် စက်သံတွေဟာ ဆူညံမှုနှုန်း 1270 Db လောက် ရှိပါတယ်။ Harmful Noise Level ထက် အဆ ( ၁၀၀ ) လောက် ပိုပါတယ်တဲ့။
ပြီးတော့ ပုဂံ ဟာ Ankor Wut နဲ့လည်း မတူသလို၊ Greece နဲ့လည်း မတူပါဘူး။ ကျောက်‌တုံးကြီးတွေနဲ့ တည်‌‌ဆောက်‌ထား‌တဲ့ သူတို့ဆီက အ‌ဆောက်‌အဦးတွေနဲ့ အုတ်‌နဲ့ တည်‌‌ဆောက်‌ထားတဲ့ ပုဂံဟာ နှိုင်‌းယှဉ်‌လို့ မရပါဘူး။ ပုဂံအတွက် သီးခြားတွေးပေးမှကို ရပါလိမ့်မယ်။
ပုဂံက ဘုရားကြီး‌တွေဟာ ခေတ်အဆက်ဆက်ရဲ့ ရာသီဥတုဒဏ်‌၊ မြေငလျင်‌ဒဏ်‌၊ အင်းဆက်ပိုးမွှားဒဏ်၊ အင်းဝခေတ် အနှစ် ၄၀ စစ်ဘေးဒဏ်၊ ရှေးဟောင်းတူးသူ၊ သိုက်တူးသူ အပါအဝင် လူသား‌တွေ ဖျက်‌ဆီး‌တဲ့ဒဏ်‌ အမျိုးမျိုး ခံစားခဲ့ရတာ များ‌နေပါပြီ။ မိုးနည်းတဲ့ ဒေသမို့လို့ အခုလို နှစ်‌ေ‌ထာင်‌ချီ ‌ပြီး တည်ရှိနေကြတာပါ။ အုတ်‌‌တွေကလည်း ဆွေး‌မြေ့နေကြပါပြီတဲ့။
ချစ်ဆွေတို့ရေ …
Noise Pollution ဆိုတာ ရှိမှန်း သိကြတယ် မဟုတ်လား။ ကဲ … အခု ဘယ်လို လုပ်ရပါ့ ???
အသံကို ထိန်းမယ် ဆိုလားပဲ။ ဘယ်လို ထိန်းမှာလဲ? ဘယ်လောက်အထိလဲ? သတ်မှတ်ချက်အထိ ထိန်းပေးနိုင်ပါ့မလား? ??
#Photo Credit
#Credit-Chaw Muyar Win ‘s Fb
Comments are closed.