၁၅ နှစ်နေခဲ့တဲ့ကျုးအိမ်လေး ဖျက်ခံရရင် နေစရာမရှိတော့ဘူးဆိုတဲ့ လူကြမ်းသရုပ်ဆောင်ကြီးးရဲ့ လက်ရှိဘဝ
CRD-State News
==========
Unicode
၁၅နှစ်နေခဲ့တဲ့ကျုးအိမ်လေးဖျက်ခံရရင်နေစရာမရှိတော့ဘူးဆိုတဲ့လူကြမ်းသရုပ်ဆောင်ဇော်ကြီးရဲ့လက်ရှိဘဝ
မြန်မာ့ရုပ်ရှင်လောကမှာ မစို့မပို့ ဝင်ငွေလေးရယူပြီး ဇာတ်ကားတစ်ကား ကောင်းမွန်ဖို့အတွက် ပံ့ပိုးပေးနေတဲ့ လူကြမ်း အနုပညာရှင်တွေရှိကြပါ တယ်။ သူတို့ဟာ ဇာတ်ကားတွေထဲမှာတော့ လူယုတ်မာကြီးတွေ မုဒိမ်းကောင်ကြီးတွေ ၊ ကောက်ကျစ်တဲ့သူတွေအဖြစ် သရုပ်ဆောင်ရင်း ပြင်ပဘဝမှာ မိသားစု စားဝတ်နေရေးတွေကို ဖြေရှင်းပေးနေရတဲ့ သူတွေ ဖြစ်ကြပါတယ်။
ရုပ်ရှင်လောကမှာ ဝင်ငွေနည်းပါးကြလို့ ပြင်ပဘဝမှာ စားဝတ်နေရေး ခက်ခဲကြရသလို နှစ်စဉ်ချီးမြင့်နေတဲ့ အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရရှာ ပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ ဇာတ်ကားတွေမှာ မပါမဖြစ်တဲ့ အနုပညာ သည် တွေပဲ ဖြစ်ပါတယ်။
လူကြမ်းသရုပ်ဆောင်တွေမှာတော့ ဇော်ကြီးကလဲ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ လူကြမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေရဲ့ ဘဝကတော့ အဆင်မပြေမှုတွေနဲ့ပဲ ရင်ဆိုင်နေကြရပါတယ်။ လတ်တလောမှာတော့ ဇော်ကြီးဟာ ကျုးရပ်ကွက်မှာနေထိုင်နေတာဖြစ်ပြီးလမ်းတွေချဲ့လာလို့အိမ်လေးဖျက်ပေးရတဲ့အကြောင်းပြောလာခဲ့ပါတယ်။
ဇော်ကြီးက”ကျနော့်မှာ မြေ အပိုင်မရှိလို့ ကျုးမှာ နေရတယ်။ နေခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်။ အခု လိုအပ်လို့ ပြန်ဖျက်ပေးရတော့မယ် ဆိုတော့လည်း ကျနော် ကျေကျေနပ်နပ် လိုလိုလားလား ဖျက်ပေးပါတယ်” လို့ ပြောလာခဲ့ပါတယ်။…..
CRD-State News
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.