အမ်ိဳးသမီးသုံးဦး ဘုန္းႀကီးပိုက္ဆံ ၂၁ သိန္း ခိုးယူ

အမ်ိဳးသမီးသုံးဦးက ဘုန္းႀကီးပိုက္ဆံ ၂၁ သိန္းကို ခိုးယူသည့္ျဖစ္စဥ္ ဖ်ာပုံၿမိဳ႕နယ္မွာျဖစ္ပြား

ဧရာဝတီတိုင္​း​ေဒသႀကီး၊ ဖ်ာပုံၿမိဳ႕၊ သလိပ္​ႀကီး​ေက်းရြာ ဘုန္​​း​ေတာ္​ႀကီး​ေက်ာင္​းတိုက္ ဆရာေတာ္ ဦး၀ါသ၀၏ ပိုက္ဆံ ၂၁ သိန္းကို ခိုးယူခဲ့သည့္ အမ်ဳိးသမီး ၃ ဦးႏွင္​့ အမ်ိဳးသား ၁ ဦးတို႔အား ဖ်ာပံုၿမိဳ႕မရဲစခန္းမွ ယမန္ေန႔တြင္ ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။

“ဘုန္းႀကီးေက်ာင္းရဲ႕သီးသန္႔ခန္းထဲက ေငြနဲ႔ဘဏ္စာအုပ္ေတြခိုးခံရတယ္လုိ႔ သိရတာနဲ႔ ဖ်ာပံုၿမိဳ႕မရဲစခန္းကို ခ်က္ျခင္းအေၾကာင္းၾကားၿပီး အမႈဖြင့္လွစ္ခဲ့ပါတယ္။ အမႈဖြင့္တဲ့ေနာက္ ရဲတပ္ဖဲြ႔နဲ႔အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူေတြ လုိက္လံဖမ္းဆီးခဲ့ရာမွာ နာရီပိုင္းအတြင္း တရားခံေတြကို ဖမ္းမိခဲ့ပါတယ္”ဟု ဘုန္းေတာ္
ႀကီးေက်ာင္း ေဂါပကအဖဲြ႔အတြင္းေရးမွဴး ဦးျမင့္စိန္က ဧရာ၀တီတုိင္းမ္ကို ေျပာသည္။

သလိပ္ႀကီးေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းမွ ဘဏ္စာအုပ္ႏွင့္ေငြမ်ားေပ်ာက္ဆံုးၿပီးေနာက္ ဖ်ာပုံၿမိဳ႕မရဲစခန္​းမွ နယ္​ထိန္​း​ေခါင္​း​ေဆာင္​ႏွင္​့ နယ္​ထိန္​းတပ္​ဖြဲ႔ဝင္​မ်ား၊ သလိပ္​ႀကီး​ေက်းရြာ အုပ္​ခ်ဳပ္​​ေရးမွဴးတို႔မွ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ၀ဘာဂီၿမိဳ႕သစ္၊ ဇဗၶဴရာဇ္​​ေရႊစင္​လမ္​းတြင္ေနထိုင္သူ မစန္​းစန္​းၿငိမ္​း (၄၆)ႏွစ္​၊ အင္းစိန္ၿမိဳ႕နယ္၊ ရြာမရပ္ကြက္၊ ဓမၼာရံုလမ္းတြင္ေနထုိင္သူ မ​ေဆြ​ေဆြထိုက္​ (၃၆)ႏွစ္​၊ အင္းစိန္ၿမိဳ႕နယ္ ေဖာ့ကန္ရပ္ကြက္၊ ကန္ဦးလမ္းတြင္ ေနထုိင္သည့္ မညဳိညိဳ (၂၃)ႏွစ္​တို႔အား စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးခဲ့ရာ မညိွညိွကိုင္​​ေဆာင္​ထားသည္​့ အနက္​​ေရာင္​သား​ေရ ပိုက္​ဆံအိတ္​အတြင္​းမွ KBZ ဘဏ္​​ေငြစု စာအုပ္​တြင္​ ဦးဝါသဝအမည္​ပါ ဘဏ္​စာအုပ္​ ၁ အုပ္​၊ ဦးဝါသဝအမည္ပါ ျမန္​မာ့စီးပြား​ေရးဘဏ္​ ​ေငြစုစာအုပ္​ ၁ အုပ္​၊ ဦးဝါသဝအမည္ပါ CB ဘဏ္​ အခ်ိန္​ပိုင္​းအပ္​​ေငြစာရြက္​ ၁ ရြက္​၊ ဦးဝါသဝအမည္ပါ ႏိုင္​ငံကူးလက္မွတ္​ ​စာအုပ္​ ၁ အုပ္​၊ ဦးဝါသဝ ဘြဲ႔​ေတာ္​ပါ သာသနာစီစစ္​​ေရးကဒ္​ ၁ ခု တို႔အား​ေတြ႔ရိွရသျဖင္​့​ေမးျမန္​းရာ ​ေငြမ်ားႏွင္​့ စာရြက္​စာတမ္​းမ်ားအား သလိပ္​ႀကီး​ေက်ာင္​းဆရာ​ေတာ္​ ဦးဝါသဝ၏ သီးသန္​႔ခန္​းမွ ခိုးယူခ့ဲ​ေၾကာင္​းႏွင္​့ က်န္​​ေငြ ၂၁ သိန္​းက်ပ္​အား Probox အျဖဴ​ေရာင္​ယာဥ္​​ေမာင္​း ​ေဇာ္​​ေဇာ္​ဝင္​းထံ ​ေပးအပ္​ခ့ဲ​ေၾကာင္​း
စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ရဲတပ္ဖဲြ႔ထံမွ သိရသည္။

ထိုသို႔ စစ္ေဆးေပၚေပါက္ၿပီးေနာက္ ယာဥ္​​ေမာင္​း က​ေဇာ္​​ေဇာ္​ဝင္​း (၃၅)ႏွစ္​ အားလိုက္လံရွာေဖြခဲ့ရာ က်ိဳက္​လတ္​ၿမိဳ႕အထြက္ က်ိဳက္​လတ္​-မအူပင္​ ကားလမ္​းမ​ေပၚတြင္​ ​ေတြ႔ရိွသျဖင္​့ ကားအတြင္​း႐ွာ​ေဖြရာ ယာဥ္​​ေမာင္​းထိုင္​ခုံး​ေဘး ထိုင္​ခုံ​ေပၚမွ ပလပ္​စတသ္​အိတ္​ျဖင္​့ ထည္​့ထားသည္​့ ​ေငြက်ပ္​(၂၁)သိန္​းက်ပ္​အား ႐ွာ​ေဖြ​ေတြ႔ရိွခ့ဲသည္​။

ထို႔ေၾကာင့္ သလိပ္​ႀကီး​ေက်းရြာ ဘုန္​​ေတာ္​ႀကီး​ေက်ာင္​း ေက်ာင္းထုိင္ဆရာေတာ္ ဦး၀ါသ၀၏ ​ေငြက်ပ္​(၂၁)သိန္​းႏွင္​့ ဘဏ္​စာအုပ္​မ်ား ခိုးယူခ့ဲသူ မစန္​းစန္​းၿငိမ္​း၊ မ​ေဆြ​ေဆြထိုက္​၊ မညိွည္ိွႏွင္​့ ​ေဇာ္​​ေဇာ္​ဝင္​းတို႔အား ဖ်ာပုံၿမိဳ႕မရဲစခန္​းမွ(ပ)၈၄၄/၂၀၁၉၊ ရာဇသတ္​ႀကီးပုဒ္​မ ၃၈၀ျဖင္​့ အမႈဖြင္​့လွစ္​ၿပီး ဆက္​လက္​စစ္​​ေဆး​ေန​ေၾကာင္​း ဖ်ာပုံၿမိဳ႕မရဲစခန္​းမွ သိရိွရသည္​။

#Ayeyarwaddy_Times

==========

Unicode

အမျိုးသမီးသုံးဦးက ဘုန်းကြီးပိုက်ဆံ ၂၁ သိန်းကို ခိုးယူသည့်ဖြစ်စဉ် ဖျာပုံမြို့နယ်မှာဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ သလိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးဝါသဝ၏ ပိုက်ဆံ ၂၁ သိန်းကို ခိုးယူခဲ့သည့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့အား ဖျာပုံမြို့မရဲစခန်းမှ ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ဘုန်းကြီးကျောင်းရဲ့သီးသန့်ခန်းထဲက ငွေနဲ့ဘဏ်စာအုပ်တွေခိုးခံရတယ်လို့ သိရတာနဲ့ ဖျာပုံမြို့မရဲစခန်းကို ချက်ခြင်းအကြောင်းကြားပြီး အမှုဖွင့်လှစ်ခဲ့ပါတယ်။ အမှုဖွင့်တဲ့နောက် ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးခဲ့ရာမှာ နာရီပိုင်းအတွင်း တရားခံတွေကို ဖမ်းမိခဲ့ပါတယ်”ဟု ဘုန်းတော်
ကြီးကျောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမြင့်စိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သလိပ်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဘဏ်စာအုပ်နှင့်ငွေများပျောက်ဆုံးပြီးနောက် ဖျာပုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သလိပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဇဗ္ဓူရာဇ်ရွှေစင်လမ်းတွင်နေထိုင်သူ မစန်းစန်းငြိမ်း (၄၆)နှစ်၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ ဓမ္မာရုံလမ်းတွင်နေထိုင်သူ မဆွေဆွေထိုက် (၃၆)နှစ်၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်၊ ကန်ဦးလမ်းတွင် နေထိုင်သည့် မညိုညို (၂၃)နှစ်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ မညှိညှိကိုင်ဆောင်ထားသည့် အနက်ရောင်သားရေ ပိုက်ဆံအိတ်အတွင်းမှ KBZ ဘဏ်ငွေစု စာအုပ်တွင် ဦးဝါသဝအမည်ပါ ဘဏ်စာအုပ် ၁ အုပ်၊ ဦးဝါသဝအမည်ပါ မြန်မာ့စီးပွားရေးဘဏ် ငွေစုစာအုပ် ၁ အုပ်၊ ဦးဝါသဝအမည်ပါ CB ဘဏ် အချိန်ပိုင်းအပ်ငွေစာရွက် ၁ ရွက်၊ ဦးဝါသဝအမည်ပါ နိုင်ငံကူးလက်မှတ် စာအုပ် ၁ အုပ်၊ ဦးဝါသဝ ဘွဲ့တော်ပါ သာသနာစီစစ်ရေးကဒ် ၁ ခု တို့အားတွေ့ရှိရသဖြင့်မေးမြန်းရာ ငွေများနှင့် စာရွက်စာတမ်းများအား သလိပ်ကြီးကျောင်းဆရာတော် ဦးဝါသဝ၏ သီးသန့်ခန်းမှ ခိုးယူခဲ့ကြောင်းနှင့် ကျန်ငွေ ၂၁ သိန်းကျပ်အား Probox အဖြူရောင်ယာဉ်မောင်း ဇော်ဇော်ဝင်းထံ ပေးအပ်ခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် ယာဉ်မောင်း ကဇော်ဇော်ဝင်း (၃၅)နှစ် အားလိုက်လံရှာဖွေခဲ့ရာ ကျိုက်လတ်မြို့အထွက် ကျိုက်လတ်-မအူပင် ကားလမ်းမပေါ်တွင် တွေ့ရှိသဖြင့် ကားအတွင်းရှာဖွေရာ ယာဉ်မောင်းထိုင်ခုံးဘေး ထိုင်ခုံပေါ်မှ ပလပ်စတသ်အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်(၂၁)သိန်းကျပ်အား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် သလိပ်ကြီးကျေးရွာ ဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝါသဝ၏ ငွေကျပ်(၂၁)သိန်းနှင့် ဘဏ်စာအုပ်များ ခိုးယူခဲ့သူ မစန်းစန်းငြိမ်း၊ မဆွေဆွေထိုက်၊ မညှိည်ှိနှင့် ဇော်ဇော်ဝင်းတို့အား ဖျာပုံမြို့မရဲစခန်းမှ(ပ)၈၄၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေးနေကြောင်း ဖျာပုံမြို့မရဲစခန်းမှ သိရှိရသည်။

#Ayeyarwaddy_Times

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.