ကိုကို ညီညီ ရဲ့ မိခင် ဒေါ်ဥမ္မာလှိုင်ကိုယ်တိုင်ရှင်းပြီ (ဗီဒီယို)
=========
Unciode
ကလေးတွေကို မှန်ကန်တဲ့ DNA စစ်ချင်တယ်ဆိုရင် ကျမခွင့်ပြုပါတယ် ဆိုတဲ့ ညီညီ ကိုကို မိခင် ဒေါ်ဥမ္မာလှိုင်ရဲ့ ဗီဒီယို
ပရိသတ်ကြီးရေ Victoria လေးရဲ့ အမှုကတော့ ပြည်သူအားလုံးစ်တ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။တရားခံကို ယာဉ်မောင်းအောင်ကြီးဆိုပြီး CID ကတော့ စွဲချက်တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မြို့ကြီးတွေမှာဆန္ဒပြခဲ့ကြပါတယ်။
ပရိသတ်တွေကတော့ တရားခံကWisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်လိူ့ထင်ကြေးပေးနေကြပါတယ်။ Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲကတော့ “ကျမကလေးနဲ့ပတ်သက်ပြီးတော့ မိဘတစ်ယောက်အနေနဲ့ တအားခံစားရပါတယ်။ ပြည်သူကိုလည်း ကျမအပ်ပါတယ်။ ကျမ ကလေးတွေကို မှန်ကန်တဲ့ DNA စစ်ချင်တယ်ဆိုရင် ကျမခွင့်ပြုပါတယ်။ ကျမကလေးတွေဘက်ကနေ မဟုတ်ဘူးဆိုရင်လည်း အမှန်တရားကို ပြန်လည် ရပ်တည်ပေးစေချင်ပါတယ်။
ကျွန်မရဲ့ အုပ်ထိန်းမှုအောက်မှာ ဗစ်တိုးရီးယားလေးအခုလိုဖြစ်သွားတဲ့တွက်လည်း ကျမ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပါတယ်။ ထပ်တူလဲ ခံစားရပါတယ်။ ကိုယ့်ကလေးတွေအတွက်လည်း အရမ်းခံစားရပါတယ်။ပတ်ဝန်းကျင်မှာအခု ကလေးတွေနဲ့ မျက်နှာထွက်ပြဖို့တောင် တအားခက်ပါတယ်။ ရှေ့ဆက်ဖို့လည်း တော်တော်ကြီးကို ခက်ခဲနေပါတယ်။ ပြည်သူတွေကိုလဲ အပ်ပါတယ်။ ကျမကလေးတွေဘက်က မဟုတ်ဘူးဆိုရင်လည်း ကလေးသူငယ်အနေနဲ့ ပြန်လည်ရပ်တည်ပေးပါလို့ ကျမ အနူးအညွတ် တောင်းဆိုချင်ပါတယ်ရှင်” ဆိုပြီးပြောပြလာပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး နေပြည်တော် Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ဇူလိုင် ၈ ရက် ညနေပိုင်းမက တွေ့ဆုံမေးမြန်းထားပါတယ်။ ပရိသတ်ကြီးအတွက် ဒေါ်ဥမ္မာလှိုင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလ်ုက်ပါတယ်နော်။
Video Source : DVB
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.