(၈၃) ႏွစ္အရြယ္အဖြားအုိတစ္ဦး သားမယားအျဖစ္ျပဳက်င့္ခံရ

“ခင္ဦးၿမိဳ႕နယ္၌ (၈၃)ႏွစ္အရြယ္အဖြားအုိတစ္ဦး သားမယားအျဖစ္ျပဳက်င့္ခံရ”

ခင္ဦး ဇူလုိင္ ၆

စစ္ကုိင္းတုိင္းေဒသႀကီး၊ ေရႊဘုိခရုိင္၊ ခင္ဦးၿမိဳ႕နယ္တြင္ ေမြးရာပါစကားမေျပာတတ္ေသာ လူငယ္တစ္ဦးမွာ (၈၃)ႏွစ္အရြယ္ အဖြားအုိတစ္ဦးအား သားမယားျပဳက်င့္ခဲ့ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္၊ ႀကိဳ႕ကန္ေက်းရြာေန ေဒၚ…..(၈၃)ႏွစ္(ဘ)ဦး…..သည္ ဇူလုိင္ ၅ ရက္ေန႔ နံနက္ ၈ နာရီ ခန္႔က တစ္မုိင္ခန္႔ကြာေ၀းေသာ ခင္ဦးၿမိဳ႕နယ္၊ ကၽြန္းပင္ကန္ေက်းရြာေန ေဒၚသင္း ထံအေၾကြး(၂၅၀၀)က်ပ္ ရစရာရွိသျဖင့္ တစ္ဦးထဲလမ္းေလ်ွာက္၍ သြားေတာင္းၿပီးအျပန္ လမ္းခုလပ္တြင္ ေမြးရာပါစကားမေျပာတတ္ေသာ မုိးဒီ(၂၀)ႏွစ္(ဘ)ဦး…..ကၽြန္းပင္ကန္ေက်းရြာ၊ ခင္ဦးၿမိဳ႕နယ္ေနသူမွာ ေနာက္မွလုိက္လာ၍ ပခုံးအားဆြဲလွန္ၿပီး ေျမႀကီးေပၚတြန္းလွဲကာ အေပၚမွတက္ခြၿပီး ရင္းသားမ်ားအားကုိင္ကာ(၁၀)မိနစ္ခန္႔ သားမယားအျဖစ္ျပဳက်င့္ေနစဥ္ ေအာ္ဟစ္ရုန္းကန္ရင္း ၎ မုိဒီ(၂၀)ႏွစ္၏ လည္ပင္းတြင္ ခ်ည္ႀကိဳးျဖင့္၀တ္ဆင္ထားေသာဆြဲျပားမွာ ျပတ္က်န္ခဲ႔ၿပီး ထြက္ေျပးသြားခဲ႔သျဖင့္ ခင္ဦးၿမိဳ႕မရဲစခန္းသို႔ ဇူလုိင္(၅)ရက္ေန႔ ေန႔(၂)နာရီခန္႔က လာေရာက္တုိင္တန္းခဲ့သည္။

၎ျဖစ္စဥ္ႏွင့္ပါတ္၍ ခင္ဦးၿမိဳ႕မရဲစခန္းမွ (ပ)၃၇၅/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ၿပီး၊ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးထြဏ္းထြဏ္းဦး၊ ကုန္ႀကီးရဲကင္းစခန္းမွဴးဒုရဲအုပ္ထြန္းလင္းႏွင့္ တပ္ဖြဲ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာသုိ႔ သြားေရာက္စစ္ေဆးၿပီး တရားခံ မုိးဒီ(၂၀)ႏွစ္အား ၂၄ နာရီအတြင္း အျမန္ဆုံး ရွာေဖြဖမ္းဆီးႏုိင္ခဲ႔ေၾကာင္း သိရသည္။

~~~ခ်စ္စံ(ခင္ဦး)~~~

========

Unicode

“ခင်ဦးမြို့နယ်၌ (၈၃)နှစ်အရွယ်အဖွားအိုတစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရ”

ခင်ဦး ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မွေးရာပါစကားမပြောတတ်သော လူငယ်တစ်ဦးမှာ (၈၃)နှစ်အရွယ် အဖွားအိုတစ်ဦးအား သားမယားပြုကျင့်ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနေ ဒေါ်…..(၈၃)နှစ်(ဘ)ဦး…..သည် ဇူလိုင် ၅ ရက်နေ့ နံနက် ၈ နာရီ ခန့်က တစ်မိုင်ခန့်ကွာဝေးသော ခင်ဦးမြို့နယ်၊ ကျွန်းပင်ကန်ကျေးရွာနေ ဒေါ်သင်း ထံအကြွေး(၂၅၀၀)ကျပ် ရစရာရှိသဖြင့် တစ်ဦးထဲလမ်းလျှောက်၍ သွားတောင်းပြီးအပြန် လမ်းခုလပ်တွင် မွေးရာပါစကားမပြောတတ်သော မိုးဒီ(၂၀)နှစ်(ဘ)ဦး…..ကျွန်းပင်ကန်ကျေးရွာ၊ ခင်ဦးမြို့နယ်နေသူမှာ နောက်မှလိုက်လာ၍ ပခုံးအားဆွဲလှန်ပြီး မြေကြီးပေါ်တွန်းလှဲကာ အပေါ်မှတက်ခွပြီး ရင်းသားများအားကိုင်ကာ(၁၀)မိနစ်ခန့် သားမယားအဖြစ်ပြုကျင့်နေစဉ် အော်ဟစ်ရုန်းကန်ရင်း ၎င်း မိုဒီ(၂၀)နှစ်၏ လည်ပင်းတွင် ချည်ကြိုးဖြင့်ဝတ်ဆင်ထားသောဆွဲပြားမှာ ပြတ်ကျန်ခဲ့ပြီး ထွက်ပြေးသွားခဲ့သဖြင့် ခင်ဦးမြို့မရဲစခန်းသို့ ဇူလိုင်(၅)ရက်နေ့ နေ့(၂)နာရီခန့်က လာရောက်တိုင်တန်းခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပါတ်၍ ခင်ဦးမြို့မရဲစခန်းမှ (ပ)၃၇၅/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ မြို့မစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး၊ ကုန်ကြီးရဲကင်းစခန်းမှူးဒုရဲအုပ်ထွန်းလင်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး တရားခံ မိုးဒီ(၂၀)နှစ်အား ၂၄ နာရီအတွင်း အမြန်ဆုံး ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

~~~ချစ်စံ(ခင်ဦး)~~~

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.