ကပ္ေၾကးနဲ႔ ထိုးခံရတာေၾကာင့္ ဗိုက္ထဲက ၄ လသားကေလးငယ္ ဆံုးရံႈး

ကသာၿမိဳ႕နယ္ သာစည္ေက်းရြာ အုတ္ဖိုမွာ ေနထိုင္တဲ့ ဦးၾကည္ႏိုင္+ေဒၚခင္မိုးႏြယ္ တို႔ရဲ႕သမီး မမာလာေအး ဟာ ဇြန္လ(၂၈)ရက္ေန႔ ေန႔လည္ (၁)နာရီ အခ်ိန္ခန္႔က ဝဲဘက္နံၾကားကို (၄)ခ်က္ ၊ လက္ေမာင္းကို (၂)ခ်က္ ၊ ေနာက္ေက်ာကို (၁)ခ်က္ ကပ္ေၾကးနဲ႔ အထိုးခံရပါတယ္ ။ ထိုးတဲ့သူကေတာ့ မမာလာေအး ရဲ႕ အမ်ိဳးသား ျဖစ္သူ ဇင္ကိုထြန္း (ခ) ဇင္ႏိုင္ထြန္း ဆိုသူ ျဖစ္ပါတယ္ ။

ကပ္ေၾကးနဲ႔ထိုးရတဲ့ အေၾကာင္းအရင္းက ဇင္ကိုထြန္း (ခ) ဇင္ႏိုင္ထြန္း ဟာ သူ႕ဇနီး ျဖစ္သူ မာလာေအး ကို သူခရီးသြားရာေနာက္ လိုက္ပါဖို႔ ေျပာဆိုရာမွာ မာလာေအး က မလိုက္ႏိုင္ေသးေၾကာင္း မိခင္ဖခင္ တို႔ရဲ႕ အလုပ္မွာ ဝိုင္းကူညီေပးရဦးမွာ ျဖစ္ေၾကာင္း ေျပာဆိုရာမွ ဇင္ကိုထြန္း က အသင့္ပါလာတဲ့ ကပ္ေၾကးနဲ႔ ထိုးခဲ့တာ ျဖစ္တယ္ လို႔ ေျပာဆိုပါတယ္ ။ အခုလို ကပ္ေၾကးနဲ႔ အထိုးခံရခ်ိန္မွာ မမလာေအး ဟာ ကိုယ္ဝန္(၄)လ ရွိေနပါၿပီ ။ မမာလာေအး ကပ္ေၾကးနဲ႔ ထိုးခံရခ်ိန္မွာ ၄င္းရဲ႕ ဖခင္ျဖစ္သူ ဦးၾကည္ႏိုင္ က ကသာရဲစခန္းကို ဖုန္းဆက္ အေၾကာင္းၾကားခဲ့ပါတယ္ ။ သမီးျဖစ္သူရဲ႕ ဒဏ္ရာကို တတ္ငေလာက္ ျပဳစုေပးရင္း ရဲ အလာကို ေစာင့္ဆိုင္းေနေသာ္လည္း တစ္နာရီနီးပါး ၾကာျမင့္ခ်ိန္ထိ ေရာက္မလာလို႔ ေပါမၿမိဳင္ ေက်းရြာက လူမႈကူညီေရးကားကို အကူအညီေတာင္းၿပီး ကသာေဆးရံုကို ပို႔ခဲ့ရပါတယ္ ။

ကသာေဆးရံုကိုေရာက္ေတာ့ လူနာဟာအေျခအေန စိုးရိမ္ရပါၿပီ ။ ေသြး (၄) ပုလင္း ဆက္တိုက္သြင္းရပါတယ္ ။ ကသာေဆးရံုက ဆရာဝန္ေတာ္လို႔သာ မာလာေအး အသက္ရွင္ခြင့္ရတာပါ ။ ဒါေပမဲ့ ဗိုက္ထဲမွာရွိတဲ့ (၄)လသား အရြယ္ ရင္ေသြးငယ္ကိုေတာ့ ဖယ္ထုတ္လိုက္ရပါတယ္ ဒါကလည္း လူနာရွင္ေတြက သေဘာတူညီေၾကာင္း လက္မွတ္ထိုးလို႔ လူႀကီးအသက္ကို ကယ္လိုက္ရတာပါ ။ စုစုေပါင္း ေသြး(၆)ပုလင္း သြင္းရပါတယ္ ကသာစခန္းက ရဲေတြက ေနာက္တစ္ေန႔က်မွ ေဆးရံုကို လိုက္လာပါတယ္ ။

မာလာေအး ကသာေဆးရံုမွာ (၈)ရက္ၾကာ ေဆးကုသမႈ ခံယူခဲ့ရပါတယ္ ။ အခုခ်ိန္ထိ ကပ္ေၾကးနဲ႔ ထိုးသူ ဇင္ကိုထြန္း (ခ) ဇင္ႏိုင္ထြန္း ဟာ ဖမ္းဆီးခံရေသးျခင္းမရွိပဲ လႊတ္ေျမာက္ေနဆဲျဖစ္ပါတယ္ ။ ကသာရဲတပ္ဖြဲ႕အေနနဲ႔ တက္တက္ၾကြၾကြနဲ႔ အျပစ္ရွိသူကို ဖမ္းဆီးေပးႏိုင္ဖို႔ လိုအပ္ေနေၾကာင္းကို မာလာေအးရဲ႕ ဖခင္ ဦးၾကည္ႏိုင္ က ကသာမီဒီယာ ကို ရင္ဖြင့္ပါတယ္ ။ အခုဆိုရင္ လႊတ္ေျမာက္ေနသူ ဇင္ကိုထြန္း က ဖုန္းကဒ္အမ်ိဳးမ်ိဳးနဲ႔ ၄င္းတို႔ မိသားစုကို သတ္ပစ္မယ္ လို႔ ၿခိမ္းေခ်ာက္ ေျပာဆိုေနၿပီး သာစည္ေက်းရြာအနီး ၄င္းတို႔ ေနထိုင္ရာ ေနအိမ္အနီးကို ဓါးေျမာင္ခါးၾကားထိုးၿပီး တိတ္တဆိတ္ ေခ်ာင္းေျမာင္း ေနေၾကာင္းကိုလည္း ဦးၾကည္ႏိုင္ က ေျပာျပပါတယ္ ။

ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ ကို ကာကြယ္ေပးဖို႔ အတြက္ ကသာရဲတပ္ဖြဲ႕ အေနနဲ႔ ျပည္သူေတြဖက္က မားမားမတ္မတ္ ရပ္တည္ၿပီး ထြက္ေျပးလႊတ္ေျမာက္ေနတဲ့ လူရမ္းကားေတြကို အျမန္ဆံုး ဖမ္းဆီးရမိႏိုင္ဖို႔အတြက္ ႀကိဳးစားေပးေစခ်င္ပါတယ္ ။

ကာယကံရွင္ ဦးၾကည္ႏိုင္ ၏ ေျပာၾကားခ်က္ကို ေရးသားပါသည္ ။

ကသာ မီဒီယာဂ႐ု

==========

Unicode

ကသာမြို့နယ် သာစည်ကျေးရွာ အုတ်ဖိုမှာ နေထိုင်တဲ့ ဦးကြည်နိုင်+ဒေါ်ခင်မိုးနွယ် တို့ရဲ့သမီး မမာလာအေး ဟာ ဇွန်လ(၂၈)ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်က ဝဲဘက်နံကြားကို (၄)ချက် ၊ လက်မောင်းကို (၂)ချက် ၊ နောက်ကျောကို (၁)ချက် ကပ်ကြေးနဲ့ အထိုးခံရပါတယ် ။ ထိုးတဲ့သူကတော့ မမာလာအေး ရဲ့ အမျိုးသား ဖြစ်သူ ဇင်ကိုထွန်း (ခ) ဇင်နိုင်ထွန်း ဆိုသူ ဖြစ်ပါတယ် ။

ကပ်ကြေးနဲ့ထိုးရတဲ့ အကြောင်းအရင်းက ဇင်ကိုထွန်း (ခ) ဇင်နိုင်ထွန်း ဟာ သူ့ဇနီး ဖြစ်သူ မာလာအေး ကို သူခရီးသွားရာနောက် လိုက်ပါဖို့ ပြောဆိုရာမှာ မာလာအေး က မလိုက်နိုင်သေးကြောင်း မိခင်ဖခင် တို့ရဲ့ အလုပ်မှာ ဝိုင်းကူညီပေးရဦးမှာ ဖြစ်ကြောင်း ပြောဆိုရာမှ ဇင်ကိုထွန်း က အသင့်ပါလာတဲ့ ကပ်ကြေးနဲ့ ထိုးခဲ့တာ ဖြစ်တယ် လို့ ပြောဆိုပါတယ် ။ အခုလို ကပ်ကြေးနဲ့ အထိုးခံရချိန်မှာ မမလာအေး ဟာ ကိုယ်ဝန်(၄)လ ရှိနေပါပြီ ။ မမာလာအေး ကပ်ကြေးနဲ့ ထိုးခံရချိန်မှာ ၎င်းရဲ့ ဖခင်ဖြစ်သူ ဦးကြည်နိုင် က ကသာရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ် ။ သမီးဖြစ်သူရဲ့ ဒဏ်ရာကို တတ်ငလောက် ပြုစုပေးရင်း ရဲ အလာကို စောင့်ဆိုင်းနေသော်လည်း တစ်နာရီနီးပါး ကြာမြင့်ချိန်ထိ ရောက်မလာလို့ ပေါမမြိုင် ကျေးရွာက လူမှုကူညီရေးကားကို အကူအညီတောင်းပြီး ကသာဆေးရုံကို ပို့ခဲ့ရပါတယ် ။

ကသာဆေးရုံကိုရောက်တော့ လူနာဟာအခြေအနေ စိုးရိမ်ရပါပြီ ။ သွေး (၄) ပုလင်း ဆက်တိုက်သွင်းရပါတယ် ။ ကသာဆေးရုံက ဆရာဝန်တော်လို့သာ မာလာအေး အသက်ရှင်ခွင့်ရတာပါ ။ ဒါပေမဲ့ ဗိုက်ထဲမှာရှိတဲ့ (၄)လသား အရွယ် ရင်သွေးငယ်ကိုတော့ ဖယ်ထုတ်လိုက်ရပါတယ် ဒါကလည်း လူနာရှင်တွေက သဘောတူညီကြောင်း လက်မှတ်ထိုးလို့ လူကြီးအသက်ကို ကယ်လိုက်ရတာပါ ။ စုစုပေါင်း သွေး(၆)ပုလင်း သွင်းရပါတယ် ကသာစခန်းက ရဲတွေက နောက်တစ်နေ့ကျမှ ဆေးရုံကို လိုက်လာပါတယ် ။

မာလာအေး ကသာဆေးရုံမှာ (၈)ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရပါတယ် ။ အခုချိန်ထိ ကပ်ကြေးနဲ့ ထိုးသူ ဇင်ကိုထွန်း (ခ) ဇင်နိုင်ထွန်း ဟာ ဖမ်းဆီးခံရသေးခြင်းမရှိပဲ လွှတ်မြောက်နေဆဲဖြစ်ပါတယ် ။ ကသာရဲတပ်ဖွဲ့အနေနဲ့ တက်တက်ကြွကြွနဲ့ အပြစ်ရှိသူကို ဖမ်းဆီးပေးနိုင်ဖို့ လိုအပ်နေကြောင်းကို မာလာအေးရဲ့ ဖခင် ဦးကြည်နိုင် က ကသာမီဒီယာ ကို ရင်ဖွင့်ပါတယ် ။ အခုဆိုရင် လွှတ်မြောက်နေသူ ဇင်ကိုထွန်း က ဖုန်းကဒ်အမျိုးမျိုးနဲ့ ၎င်းတို့ မိသားစုကို သတ်ပစ်မယ် လို့ ခြိမ်းချောက် ပြောဆိုနေပြီး သာစည်ကျေးရွာအနီး ၎င်းတို့ နေထိုင်ရာ နေအိမ်အနီးကို ဓါးမြောင်ခါးကြားထိုးပြီး တိတ်တဆိတ် ချောင်းမြောင်း နေကြောင်းကိုလည်း ဦးကြည်နိုင် က ပြောပြပါတယ် ။

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်ပေးဖို့ အတွက် ကသာရဲတပ်ဖွဲ့ အနေနဲ့ ပြည်သူတွေဖက်က မားမားမတ်မတ် ရပ်တည်ပြီး ထွက်ပြေးလွှတ်မြောက်နေတဲ့ လူရမ်းကားတွေကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ဖို့အတွက် ကြိုးစားပေးစေချင်ပါတယ် ။

ကာယကံရှင် ဦးကြည်နိုင် ၏ ပြောကြားချက်ကို ရေးသားပါသည် ။

ကသာ မီဒီယာဂရု

Comments are closed.