ကောက်ရိုးပုံထဲမှ အမျိုးသမီး အလောင်းတစ်လောင်း



သို့ဖြစ်ပါ၍သက်ဆိုင်ရာမှအမျိုးသမီး အလောင်းအား မတ္တရာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ၄င်းမှတစ်ဆင့်မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်း စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရှိပါသည်။


========

Unicode

မတ္တရာမြို့နယ် မန္တလေး မိုးကုတ်ကားလမ်းရှိ စကျင်လမ်းခွဲမှ စကျင်ကျေးရွာသို့သွားသည့် ကားလမ်းမ၏ မြောက်ဘက်ဘေးရှိ ကွင်းအမှတ်(၁၄၃)လယ်ကွက်အတွင်း၌ ပုပ်ပွနေသည့် အမည်မသိ အမျိုးသမီး လူသေအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိပါသည်။

အလောင်းမှာ ကောက်ရိုးများဖုံးအုပ်လျှက်ဝဲလက်မှာအပြင်သို့ ထောင်ထွက်နေပြီးလက်ကောက်ဝတ်တွင်ဒိုင်ခွက်အဖြူ၊ လက်ပတ်ကြိုးအနက်ရောင် အမျိုးသမီးဝတ်ကော်နာရီအသေး(၁)လုံးဝတ်ဆင်လျှက်တွေ့ရှိရပြီး၊အလောင်း၏တောင်ဘက်(၄)ပေခွဲခန့်အကွာတွင်အမျိုးသမီးစီး(unitrends) တံဆိပ်ပါအနက်ပေါ်အဖြူပန်းပွင့်များပါသောမိန်းကလေးစီးဖိနပ်(၁)ရံတွေ့ရှိခဲ့ရပြီးအလောင်းသည် မျက်စိများ ပြူထွက်ပြီးလျှာတစ်လစ်ထွက်ဒဏ်ရာများတွေ့ရှိရနေကြောင်း သိရပါသည်။

သို့ဖြစ်ပါ၍သက်ဆိုင်ရာမှအမျိုးသမီး အလောင်းအား မတ္တရာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့်မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်း စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရှိပါသည်။

Credit – မတ္တရာ မှုခင်းသတင်း

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.