၀တ္မွ ုံေရႊရည္ ကို တကယ္ခ်စ္တာပါလို. ဆိုလာတဲ့ ေဒါင္း…

ဝတ္မႈန္ေရႊရည္နဲ႔ ေဒါင္းနဲ႔ဟာဆိုရင္ၿပီးခဲ့တဲ့ လိပ္ျပာစံအိမ္႐ုပ္ရွင္မွာကတည္းက ပရိသတ္ေတြခ်စ္ခင္အားေပးမႈခံရတဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြျဖစ္ၿပီး ကစ္နဲ႔ေဒါင္းနဲ႔ကိုပရိသတ္ေတြက အုံးအုံးႂကြက္ႂကြက္ဆူဆူညံညံနဲ႔ကိုတစ္နိုင္ငံလုံးက သေဘာတူခဲ့ၾကတာပါ။ Press Show ေတြ ပြဲတက္ေတြမွာ ကစ္နဲ႔အတူတူထိုင္ရတိုင္း ေဒါင္းက ကစ္ကို ကမၻာေပၚမွာတန္ဖိုးအႀကီးဆုံးရတနာတစ္ပါးလို တယုတယအျမတ္တနိုးေငးေမာၾကည့္ေနခဲ့တဲ့ အၾကည့္ေတြကိုလည္း ပရိသတ္ေတာ္ေတာ္မ်ားမ်ားမွတ္မိၾကဦးမွာပါ။ ေဒါင္းက အခုလည္းပဲ မၾကာေသးမီက MRTV – 4 အႏုပညာမိုးေကာင္းကင္အစီအစဥ္မွာ ကစ္ကိုတကယ္ခ်စ္တာဆိုတဲ့အေၾကာင္းရင္ဖြင့္လာခဲ့ပါတယ္။

ေဒါင္းက ဒ႑ာရီမိုးဇာတ္လမ္းထဲမွာ သ႐ုပ္ေဆာင္ရတဲ့ ကာရိုက္တာနဲ႔ပတ္သက္ၿပီး “ကိုမိုးနီလြင္နဲ႔ ကာရိုက္တာဖြဲ႕စည္းထားပုံေပ့ါ။ ေနာက္တစ္ခုကေတာ့ ကိုဝင္းလြင္ထက္တို႔ ကိုၾသရသတို႔ရဲ့ ဂိုက္လိုင္းေပးမႈအေပၚမွာပဲ ကၽြန္ေတာ္တစ္ဆင့္ခံစားခ်က္ကို ထပ္ထည့္ၿပီးေတာ့ လုပ္တာေပါ့ေလ။ ေဒါသကိုဘယ္အခ်ိန္မွာထိန္းမယ္ ဘယ္အခ်ိန္မွာထုတ္မယ္။ အဲကိစၥေတြ သူ႔ရဲ့ခံစားခ်က္ေတြ သူ႔ရဲ့ေနာက္ကြယ္က ခံစားခ်က္ေတြ၊တစ္ေယာက္ခ်င္းစီရဲ့ ခံစားခ်က္ေတြ Art Director ေရာ Director ေရာ ႏွစ္ေယာက္လုံးက သိထားၿပီးသား အဲဒီအေပၚမွာပဲ ကၽြန္ေတာ္ကလိုက္ၿပီး စီးေမ်ာရတာေပါ့။ အဲဒီမွာ ကၽြန္ေတာ့္ရဲ့ ဇာတ္ေကာင္နဲ႔ပတ္သက္တဲ့အပိုင္းကိုကၽြန္ေတာ္တစ္မ်ိဳးအေနနဲ႔ တာဝန္ယူရတာေပ့ါ”လို႔ ေျပာျပထားပါတယ္။

သ႐ုပ္ေဆာင္ပိုင္းမွာ နစ္ဝင္စီးေမ်ာခဲ့ရပုံေတြကိုလည္း ေဒါင္းက “ကၽြန္ေတာ္က ဒီဇာတ္ကား ဒီအခန္းထဲမွာပဲ mood ထည့္ၿပီး က်န္တာကိုအားလုံးေမ့သြားတာ။ေမ့သြားေတာ့က်ေတာ့ ဒါရိုက္တာတစ္ခါတစ္ေလ လိုခ်င္တဲ့ဟာေျပာရင္ေတာင္မွပဲ ကၽြန္ေတာ္ control out သြားေရာ”လို႔ ရယ္ေမာၿပီးေျပာျပခဲ့ပါေသးတယ္။ ကိုရဲတိုက္နဲ႔ အတူတူသ႐ုပ္ေဆာင္ရတဲ့အေတြ႕အၾကဳံကိုလည္း “ကၽြန္ေတာ္ကိုရဲတိုက္နဲ႔တစ္ခါမွမဆုံဖူးဘူး။ သူက ဝါရင့္ ဝါရင့္ဆိုတဲ့ဟာတစ္ခုေပါ့ေနာ္။ ဝါရင့္ဆိုေတာ့ သူတို႔ ကိုယ္ျဖစ္ခ်င္တဲ့ဟာအေပၚမွာ chemistry လုပ္တဲ့ဟာမွာ သူကအရမ္းေတာ္တယ္။ တကယ္ေတာ္တယ္။ အလုပ္လုပ္ရတာအရမ္းအဆင္ေျပတယ္။ အေပးအယူမၽွတယ္။ ကိုယ္ျဖစ္ခ်င္တဲ့ဟာကိုလုပ္လိုက္တာနဲ႔ သူ႔ဘက္က Response က ခ်က္ခ်င္းလာၿပီးသား။အဲဒါေတြက တကယ္အလုပ္လုပ္တဲ့အခါမွာအစစ္ျဖစ္ဖို႔ တြန္းအားျဖစ္ေစေသာပဲ”လို႔လည္းဝမ္းသာအားရေဖာက္သည္ခ်ေျပာျပသြားပါတယ္။

ေဒါင္းက ဝတ္မႈန္ေရႊရည္ကိုတကယ္အရမ္းခ်စ္တာဆိုတဲ့အေၾကာင္းလည္း “သူနဲ႔ chemistry ကပိုမ်ားတာကိုး ဒီဇာတ္လမ္းမွာေလ။ သူ႔ကိုကိုယ္က အရမ္းခ်စ္တာကိုး။ ကၽြန္ေတာ္က အရမ္းခ်စ္ရင္းနဲ႔ တကယ္ခ်စ္ပစ္တာ။ ကၽြန္ေတာ္က တကယ္မခ်စ္ပဲနဲ႔ သ႐ုပ္ေဆာင္ဖို႔မခံစားတတ္ဘူး။ ကၽြန္ေတာ္က တကယ္ခ်စ္ပစ္တာ။ ေပ်ာ္စရာေကာင္းတယ္။ သူကလည္း တကယ့္ဝါရင့္သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္ျဖစ္ေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵကိုသူကျမင္တယ္။ အဲဒီလိုပဲ သူ႔ရဲ့ခံစားခ်က္ သူ control လုပ္ထားတဲ့ဟာေတြနဲ႔ ကၽြန္ေတာ္ ဇာတ္ေကာင္control လုပ္ထားတဲ့ဟာေတြမွာ သူ chemistry ေကာင္းေကာင္းလုပ္နိုင္တယ္။ ႀကိဳညႇိစရာမလိုေအာင္ နားလည္မႈရွိတယ္။ ေရွ႕မွာလည္းတစ္ကားရိုက္ထားတဲ့အခါက်ေတာ့ ဒီမွာလည္းထပ္ၿပီးနားလည္မႈရွိသြားတယ္လို႔ထင္တာပဲ”လို႔ ရွက္ေသြးျဖာတဲ့မ်က္ႏွာေလးနဲ႔ ရယ္ေမာရင္း ေျဖၾကားသြားပါတယ္။ Ref – ေျပာခ်င္လြန္းလို႔

==========

Unicode

ဝတ်မှုန်ရွှေရည်နဲ့ ဒေါင်းနဲ့ဟာဆိုရင်ပြီးခဲ့တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်မှာကတည်းက ပရိသတ်တွေချစ်ခင်အားပေးမှုခံရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ပြီး ကစ်နဲ့ဒေါင်းနဲ့ကိုပရိသတ်တွေက အုံးအုံးကြွက်ကြွက်ဆူဆူညံညံနဲ့ကိုတစ်နိုင်ငံလုံးက သဘောတူခဲ့ကြတာပါ။ Press Show တွေ ပွဲတက်တွေမှာ ကစ်နဲ့အတူတူထိုင်ရတိုင်း ဒေါင်းက ကစ်ကို ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးရတနာတစ်ပါးလို တယုတယအမြတ်တနိုးငေးမောကြည့်နေခဲ့တဲ့ အကြည့်တွေကိုလည်း ပရိသတ်တော်တော်များများမှတ်မိကြဦးမှာပါ။ ဒေါင်းက အခုလည်းပဲ မကြာသေးမီက MRTV – 4 အနုပညာမိုးကောင်းကင်အစီအစဉ်မှာ ကစ်ကိုတကယ်ချစ်တာဆိုတဲ့အကြောင်းရင်ဖွင့်လာခဲ့ပါတယ်။

ဒေါင်းက ဒဏ္ဍာရီမိုးဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး “ကိုမိုးနီလွင်နဲ့ ကာရိုက်တာဖွဲ့စည်းထားပုံပေ့ါ။ နောက်တစ်ခုကတော့ ကိုဝင်းလွင်ထက်တို့ ကိုသြရသတို့ရဲ့ ဂိုက်လိုင်းပေးမှုအပေါ်မှာပဲ ကျွန်တော်တစ်ဆင့်ခံစားချက်ကို ထပ်ထည့်ပြီးတော့ လုပ်တာပေါ့လေ။ ဒေါသကိုဘယ်အချိန်မှာထိန်းမယ် ဘယ်အချိန်မှာထုတ်မယ်။ အဲကိစ္စတွေ သူ့ရဲ့ခံစားချက်တွေ သူ့ရဲ့နောက်ကွယ်က ခံစားချက်တွေ၊တစ်ယောက်ချင်းစီရဲ့ ခံစားချက်တွေ Art Director ရော Director ရော နှစ်ယောက်လုံးက သိထားပြီးသား အဲဒီအပေါ်မှာပဲ ကျွန်တော်ကလိုက်ပြီး စီးမျောရတာပေါ့။ အဲဒီမှာ ကျွန်တော့်ရဲ့ ဇာတ်ကောင်နဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်တစ်မျိုးအနေနဲ့ တာဝန်ယူရတာပေ့ါ”လို့ ပြောပြထားပါတယ်။

သရုပ်ဆောင်ပိုင်းမှာ နစ်ဝင်စီးမျောခဲ့ရပုံတွေကိုလည်း ဒေါင်းက “ကျွန်တော်က ဒီဇာတ်ကား ဒီအခန်းထဲမှာပဲ mood ထည့်ပြီး ကျန်တာကိုအားလုံးမေ့သွားတာ။မေ့သွားတော့ကျတော့ ဒါရိုက်တာတစ်ခါတစ်လေ လိုချင်တဲ့ဟာပြောရင်တောင်မှပဲ ကျွန်တော် control out သွားရော”လို့ ရယ်မောပြီးပြောပြခဲ့ပါသေးတယ်။ ကိုရဲတိုက်နဲ့ အတူတူသရုပ်ဆောင်ရတဲ့အတွေ့အကြုံကိုလည်း “ကျွန်တော်ကိုရဲတိုက်နဲ့တစ်ခါမှမဆုံဖူးဘူး။ သူက ဝါရင့် ဝါရင့်ဆိုတဲ့ဟာတစ်ခုပေါ့နော်။ ဝါရင့်ဆိုတော့ သူတို့ ကိုယ်ဖြစ်ချင်တဲ့ဟာအပေါ်မှာ chemistry လုပ်တဲ့ဟာမှာ သူကအရမ်းတော်တယ်။ တကယ်တော်တယ်။ အလုပ်လုပ်ရတာအရမ်းအဆင်ပြေတယ်။ အပေးအယူမျှတယ်။ ကိုယ်ဖြစ်ချင်တဲ့ဟာကိုလုပ်လိုက်တာနဲ့ သူ့ဘက်က Response က ချက်ချင်းလာပြီးသား။အဲဒါတွေက တကယ်အလုပ်လုပ်တဲ့အခါမှာအစစ်ဖြစ်ဖို့ တွန်းအားဖြစ်စေသောပဲ”လို့လည်းဝမ်းသာအားရဖောက်သည်ချပြောပြသွားပါတယ်။

ဒေါင်းက ဝတ်မှုန်ရွှေရည်ကိုတကယ်အရမ်းချစ်တာဆိုတဲ့အကြောင်းလည်း “သူနဲ့ chemistry ကပိုများတာကိုး ဒီဇာတ်လမ်းမှာလေ။ သူ့ကိုကိုယ်က အရမ်းချစ်တာကိုး။ ကျွန်တော်က အရမ်းချစ်ရင်းနဲ့ တကယ်ချစ်ပစ်တာ။ ကျွန်တော်က တကယ်မချစ်ပဲနဲ့ သရုပ်ဆောင်ဖို့မခံစားတတ်ဘူး။ ကျွန်တော်က တကယ်ချစ်ပစ်တာ။ ပျော်စရာကောင်းတယ်။ သူကလည်း တကယ့်ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကိုသူကမြင်တယ်။ အဲဒီလိုပဲ သူ့ရဲ့ခံစားချက် သူ control လုပ်ထားတဲ့ဟာတွေနဲ့ ကျွန်တော် ဇာတ်ကောင်control လုပ်ထားတဲ့ဟာတွေမှာ သူ chemistry ကောင်းကောင်းလုပ်နိုင်တယ်။ ကြိုညှိစရာမလိုအောင် နားလည်မှုရှိတယ်။ ရှေ့မှာလည်းတစ်ကားရိုက်ထားတဲ့အခါကျတော့ ဒီမှာလည်းထပ်ပြီးနားလည်မှုရှိသွားတယ်လို့ထင်တာပဲ”လို့ ရှက်သွေးဖြာတဲ့မျက်နှာလေးနဲ့ ရယ်မောရင်း ဖြေကြားသွားပါတယ်။ Ref – ပြောချင်လွန်းလို့

Comments are closed.