ကုိယ့္ဟာကုိယ္ လက္နဲ႔လုပ္ၿပီး သုက္ရည္ေပတဲ့ လက္နဲ႔မွ ကေလးကို သြားလုပ္တယ္ေပါ့… ဒါေလးကိုဖတ္ၾကည့္ၿပီးမွေျပာ

ကုိယ့္ဟာကုိယ္ လက္နဲ႔လုပ္ၿပီး သုက္ရည္ေပတဲ့ လက္နဲ႔မွ ကေလးကို သြားလုပ္တယ္ လို႔ ေကာက္ခ်က္ခ်တယ္ ဆုိေတာ့ ယူက ကုိယ္ေရးထားတဲ့ Hand gel ပုိ႔စ္ကို ဖတ္ဖူးေနတယ္ေပါ့ 😂

Feeling proud ပါေနာ္

အဲ့လုိသာဆုိ ကိုေအာင္ႀကီးလည္း ေတာ္ေတာ္ကိုမွ ေအးေအးေဆးေဆး ႏုိင္တဲ့လူလုိ႔ ေျပာရမယ္။ ေက်ာင္းထဲလည္း ဝင္ရဦးမယ္၊ ခုမွ ျမင္ဖူးတဲ့ ကေလးကလည္း အသာတၾကည္ လုိက္သြားႏုိင္ေလာက္တဲ့အထိ မ်က္ႏွာျမင္ ကေလးခ်စ္ပါေစ ရုပ္နဲ႔လည္း ျပည့္စံုရဦးမယ္ (တကယ္ပါ၊ က်ေနာ္ဆုိ ခုမွ ေတြ႕တဲ့ ကေလးေတြကို ေခၚသြားဖို႔ မေျပာနဲ႔၊ ႏႈတ္ဆက္ရင္ေတာင္ ဘယ္ကေလးမွ ျပန္ႏႈတ္ဆက္ဖို႔ ေနေနသာသာ အဖက္ေတာင္ လွည့္မလုပ္ၾကဘူး 😂)၊ သူ႔ဟာသူလည္း အရင္အာသာေျဖရမယ္၊ ၿပီးလည္း ၿပီးသြားရမယ္၊ သုက္ရည္ေပေနတဲ့ လက္ကို ဘာနဲ႔မွ မသုတ္ႏုိင္ေလာက္တဲ့အထိ အရွိန္တက္ေနရမယ္၊ ၿပီးမွ က်ဴးလြန္ရမယ္။

အမေလး ေတြးၾကည့္ရင္ ဒီအေနအထားက မေအးေအးဝင္း စီစဥ္တာထက္ေတာင္ ျပည့္စံုေနေတာ့တာပါလား။

ဟုတ္မွလည္း လုပ္ၾကပါဗ်ာ။

အေမရိကန္မွာ လုပ္ထားတဲ့ စစ္တမ္းတစ္ခုအရ သက္ငယ္မုဒိမ္းမႈေတြရဲ႕ ၉၃% ဟာ ကေလးနဲ႔ ရင္းႏွီးတဲ့သူေတြက က်ဴးလြန္တာ ျဖစ္ပါတယ္။ က်န္ ၇% ကလည္း ရက္စက္စြာ ဖမ္းဆီးၿပီးမွ အတင္းျပဳလုပ္ၾကတာ မ်ားတယ္။ အခ်က္အလက္ေတြ ခဏေဘးခ်ိတ္ေတာင္ ဘယ္ကေလးမွ မ်က္ႏွာစိမ္းေနာက္ကို အသာတၾကည္ မလုိက္ဘူး။ မယံု ေခၚၾကည့္။ ကေလးရဲ႕ သဘာဝကိုက ဒီလိုပဲ။ ခုမွ အလုပ္ဝင္တဲ့ ယာဥ္ေမာင္းက ခုလို ကေလးကို ဘာျပင္ပထိခိုက္ဒဏ္ရာမွ ႀကီးႀကီးမားမား မရွိဘဲ (ဆုိလိုတာက အတင္းခ်ဳပ္ၿပီး လုပ္ခဲ့တာမ်ိဳး မရွိဘဲ) ဒီလုိျပဳက်င့္သြားပါတယ္၊ ေနရာကလည္း လူေတြအမ်ားႀကီး ရွိေနတဲ့ ေက်ာင္းထဲမွာပါ ဆုိကတည္းက တခုခု လြဲေနၿပီလုိ႔ ခံစားရပါတယ္။

ခု ရွင္းလင္းခ်က္ေတြကို မေက်နပ္ေသးပါဘူး၊ တရားမွ်တမႈ လိုခ်င္တယ္ လို႔ပဲ ထပ္ေျပာခ်င္ပါတယ္။

Source – Phio Thiha FB

=========

Unicode

ကိုယ့်ဟာကိုယ် လက်နဲ့လုပ်ပြီး သုက်ရည်ပေတဲ့ လက်နဲ့မှ ကလေးကို သွားလုပ်တယ် လို့ ကောက်ချက်ချတယ် ဆိုတော့ ယူက ကိုယ်ရေးထားတဲ့ Hand gel ပို့စ်ကို ဖတ်ဖူးနေတယ်ပေါ့ 😂

Feeling proud ပါနော်

အဲ့လိုသာဆို ကိုအောင်ကြီးလည်း တော်တော်ကိုမှ အေးအေးဆေးဆေး နိုင်တဲ့လူလို့ ပြောရမယ်။ ကျောင်းထဲလည်း ဝင်ရဦးမယ်၊ ခုမှ မြင်ဖူးတဲ့ ကလေးကလည်း အသာတကြည် လိုက်သွားနိုင်လောက်တဲ့အထိ မျက်နှာမြင် ကလေးချစ်ပါစေ ရုပ်နဲ့လည်း ပြည့်စုံရဦးမယ် (တကယ်ပါ၊ ကျနော်ဆို ခုမှ တွေ့တဲ့ ကလေးတွေကို ခေါ်သွားဖို့ မပြောနဲ့၊ နှုတ်ဆက်ရင်တောင် ဘယ်ကလေးမှ ပြန်နှုတ်ဆက်ဖို့ နေနေသာသာ အဖက်တောင် လှည့်မလုပ်ကြဘူး 😂)၊ သူ့ဟာသူလည်း အရင်အာသာဖြေရမယ်၊ ပြီးလည်း ပြီးသွားရမယ်၊ သုက်ရည်ပေနေတဲ့ လက်ကို ဘာနဲ့မှ မသုတ်နိုင်လောက်တဲ့အထိ အရှိန်တက်နေရမယ်၊ ပြီးမှ ကျူးလွန်ရမယ်။

အမလေး တွေးကြည့်ရင် ဒီအနေအထားက မအေးအေးဝင်း စီစဉ်တာထက်တောင် ပြည့်စုံနေတော့တာပါလား။

ဟုတ်မှလည်း လုပ်ကြပါဗျာ။

အမေရိကန်မှာ လုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ သက်ငယ်မုဒိမ်းမှုတွေရဲ့ ၉၃% ဟာ ကလေးနဲ့ ရင်းနှီးတဲ့သူတွေက ကျူးလွန်တာ ဖြစ်ပါတယ်။ ကျန် ၇% ကလည်း ရက်စက်စွာ ဖမ်းဆီးပြီးမှ အတင်းပြုလုပ်ကြတာ များတယ်။ အချက်အလက်တွေ ခဏဘေးချိတ်တောင် ဘယ်ကလေးမှ မျက်နှာစိမ်းနောက်ကို အသာတကြည် မလိုက်ဘူး။ မယုံ ခေါ်ကြည့်။ ကလေးရဲ့ သဘာဝကိုက ဒီလိုပဲ။ ခုမှ အလုပ်ဝင်တဲ့ ယာဉ်မောင်းက ခုလို ကလေးကို ဘာပြင်ပထိခိုက်ဒဏ်ရာမှ ကြီးကြီးမားမား မရှိဘဲ (ဆိုလိုတာက အတင်းချုပ်ပြီး လုပ်ခဲ့တာမျိုး မရှိဘဲ) ဒီလိုပြုကျင့်သွားပါတယ်၊ နေရာကလည်း လူတွေအများကြီး ရှိနေတဲ့ ကျောင်းထဲမှာပါ ဆိုကတည်းက တခုခု လွဲနေပြီလို့ ခံစားရပါတယ်။

ခု ရှင်းလင်းချက်တွေကို မကျေနပ်သေးပါဘူး၊ တရားမျှတမှု လိုချင်တယ် လို့ပဲ ထပ်ပြောချင်ပါတယ်။

Source – Phio Thiha FB

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.