အဘိုးဖြစ်သူမှ (၁၃) နှစ်အရွယ် မြေးမလေးအား ညစ်ညမ်းကားများပြပြီး သားမယားအဖြစ်​ပြုကျင့်​ရန်​ ကြံစည်


ညောင်​ကျိုး ကျွဲ​လေး

၂၂.၆.၂၀၁၉ – ၁၅၃၀




ထို​နေ့ညမဝင်းဝင်း​မော်​မှာ အိမ်​သို့မပြန်​ရဲသဖြင့်​ကိုစိုးကြီး မသန်းစီတို့​နေအိမ်​တွင်​ညအိပ်​ခဲ့ရ​ကြောင်းသမီးဖြစ်​သူ​ပြောပြ၍သိရှိခဲ့သဖြင့်​ အထက်​ပါဖြစ်​စဉ်​နှင်​ပါတ်​သက်​ပြီးအ​မေဖြစ်​သူ မသန်းသန်းရီမှ သမီးဖြစ်​သူ မဝင်းဝင်း​မော်​ ၁၃ နှစ်​အား သားမယားအဖြစ်​ပြုကျင့်​ရန်​ကြံစည်​သူ ဖခင်​ဖြစ်​သူ ဦးထွန်းသိန်း ၅၁နှစ်​အား တရားဥပ​ဒေအရအ​ရေးယူ​ဆောင်​ရွက်​​ပေးပါရန်​ တိုင်​တန်းသဖြင့်​ ဦးထွန်းသိန်းအား ဥသျှစ်​ပင်​ရဲစခန်းမှ (ပ)၆၆/၂၀၁၉ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၇၆/၅၁၁ ဖြင့်​ ၂၂.၆.၂၀၁၉ (၁၈၀၅)အချိန်​အမှုအားလက်​ခံဖွင့်​လှစ်​ပြီး ဒုရဲအုပ်​သိန်း​ကျော်​မှ အှုအားစစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသတင်းရရှိပါသည်။

#ရိုးမ

=======

Unicode

အဘိုးဖြစ်သူမှ(၁၃)နှစ်အရွယ် မြေးမလေးအား ညစ်ညမ်းကားများပြပြီး ကြံစည်မှုဖြစ်

ညောင်ကျိုး ကျွဲလေး

၂၂.၆.၂၀၁၉ – ၁၅၃၀
တအိမ်ထဲအတူအိပ်နေစဉ် သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ကြောင်း သတင်းရရှိပါသည်

အမှုဖြစ်စဉ်မှာ…..ပဲခူးတိုင်းဒေသကြီး အနောက် ပန်းတောင်းမြို့နယ် ဥသျစ်ပင်စခန်းအနောက်ဘက် ၂၆မိုင်ခန့်အကွာညောင်ကျိုးအုပ်စုကျွဲလေးကျေးရွာနေဒေါ်သန်းသန်းရီတိုင်တန်းသည်မှာ ၂၁.၆.၂၀၁၉ (၁၆း၀၅)အချိန်တောင်ကုတ်မြို့နယ်သပြေကျေးရွာအုပ်စုနေ အဒေါ်ဖြစ်သူဒေါ်သောင်းရီထံသို့ပို့ထားသောသမီးငယ် မအေးသက်ကျော် ၄နှစ်မှာနေမကောင်းဖြစ်၍သွားနေစဉ် ကျွဲလေးကျေးရွာနေအိမ်တွင် သမီးဖြစ်သူမဝင်းဝင်းမော်နှင့်ဖခင်ဖြစ်သူ ဦးထွန်းသိန်း ၅၁နှစ် အတူရှီပြီး အိပ်နေစဉ်

ထိုနေ့ည ၁၁း၀၀ နာရီအချိန်ခန့် သမီးဖြစ်သူမဝင်းဝင်းမော်အိပ်နေသည့်ချေရင်းခန်းထဲသို့ ခေါင်းရင်းအခန်းတွင်အိပ်နေသော ဖခင်ဖြစ်သူ ဦးထွန်းသိန်းမှ အခန်းထဲဝင်၍ သမီးဖြစ်သူအား လုပ်နိုးကာ လက်ကိုင်ဖုန်းထဲရှိ ဗီဒီယို ညစ်ညမ်းအပြာကားများအားကြည့်ခိုင်းပြီး သမီးထမီအားအတင်းဆွဲချွတ်ကာ အပေါ်မှတက်ခွ၍ သားမယားအဖြစ်ပြုကျင့်ရန်လုပ်ဆောင်ခဲ့သည်ဟုကြားသိရသဖြင့်

မသန်းသန်းရီမှာသပြေမှကျွဲလေးရွာသို့ပြန်လာပြီးသမီးဖြစ်သူနှင့်ရွာမှအခြားသူများအားမေးမြန်းရာ ဖခင်ဖြစ်သူဦးထွန်းသိန်း ၅၁နှစ်မှသမီးဖြစ်သူအားသားမယားအဖြစ်ပြုကျင့်ရန် ထမီချွတ်တက်ခွစဉ် မဝင်းဝင်းမော် အော်ဟစ်ထွက်ပြေးလာသည်ကို တရွာထဲနေ ကိုနေယုအောင်. ကိုတင်ဇော်ဦး.ကိုမောင်မောင်. ဒေါ်ပဲတို့နှင့်အတူ တွေ့မြင်ကြားသိခဲ့ကြောင်း

ထိုနေ့ညမဝင်းဝင်းမော်မှာ အိမ်သို့မပြန်ရဲသဖြင့်ကိုစိုးကြီး မသန်းစီတို့နေအိမ်တွင်ညအိပ်ခဲ့ရကြောင်းသမီးဖြစ်သူပြောပြ၍သိရှိခဲ့သဖြင့် အထက်ပါဖြစ်စဉ်နှင်ပါတ်သက်ပြီးအမေဖြစ်သူ မသန်းသန်းရီမှ သမီးဖြစ်သူ မဝင်းဝင်းမော် ၁၃ နှစ်အား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ ဖခင်ဖြစ်သူ ဦးထွန်းသိန်း ၅၁နှစ်အား တရားဥပဒေအရအရေးယူဆောင်ရွက်ပေးပါရန် တိုင်တန်းသဖြင့် ဦးထွန်းသိန်းအား ဥသျှစ်ပင်ရဲစခန်းမှ (ပ)၆၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့့် ၂၂.၆.၂၀၁၉ (၁၈၀၅)အချိန်အမှုအားလက်ခံဖွင့်လှစ်ပြီး ဒုရဲအုပ်သိန်းကျော်မှ အှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

#ရိုးမ

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.