မိဇိုိင္းေတာင္တိုက္ပြဲ ျပီးဆံုးသြားၿပီ

မိဇိုိင္းေတာင္တိုက္ပြဲ ျပီးဆံုး၊DKBA ခြဲထြက္မ်ား နယ္ျခားေစာင့္တပ္ဖြဲ႔ႏွင့္ပူးေပါင္း

ကရင္ျပည္နယ္ ဘားအံခရိုင္ရွိ မိဇိုင္းေတာင္ေျခတြင္ ဇြန္ ၂၁ ရက္ကစ၍နယ္ျခား ေစာင့္တပ္ႏွင့္DKBA (ခြဲထြက္)အဖြဲ႔မ်ား ျဖစ္ပြားေနေသာ တိုက္ပြဲျပီးဆံုးခဲ့ျပီး ခြဲထြက္အဖြဲ႔မ်ားသည္ နယ္ျခားေစာင့္တပ္ဖြဲ႔ နွင့္ ပူးေပါင္းမည္ျဖစ္ေၾကာင္း ၿမိဳင္ႀကီးငူဆရာေတာ္၏သတင္းျပန္ၾကားေရးတာဝန္ရွိသူ ေစာသန္းစိုးက ေျပာ ၾကားသည္။

တပ္မေတာ္၊ကရင္ျပည္နယ္နယ္ျခားေစာင့္တပ္မွ ဗိုလ္ေမာင္ခ်စ္ဦးစီးေသာ အဖြဲ႔မ်ားနွင့္DKBA (ခြဲထြက္) မိဇိုင္းေတာင္ဆရာေတာ္ ဥဴးစႏၵာဝရအဖြဲ႕မ်ား တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ယေန႔(ဇြန္ ၂၂ ရက္)နံနက္ ပိုင္းက BGF တပ္နယ္ ၄ တာဝန္ခံ ဗိုလ္မႈးေစာမုတ္သိုလ္ ညႇိႏိုင္းခ်က္အရ အပစ္ရပ္စဲကာ ဇြန္ ၂၃ ရက္ တြင္ တရားဝင္ BGF အဖြဲ႕သို႕ ပူးေပါင္းဝင္ေရာက္ၾကမည္ျဖစ္သည္။

“အခု ဗိုလ္မုတ္သိုလ္ ရဲ႕ ညႇိႏိုင္းခ်က္အရ အပစ္ရပ္ၿပီးေတာ့ ၿမိဳင္ႀကီးငူ စာခ်ဆရာေတာ္ဆီ ၾသဝါဒခံ ဖို႕ သြားေနၿပီ။သူတို႕အဖြဲ႔ေတြ က BGF နဲ႔ ပူးေပါင္းမယ္။မိဇိုင္းေတာင္ေဒသ ၿငိမ္းခ်မ္းေရးကို BGF ကရင္ နယ္ျခားေစာင့္တပ္နဲ႔တြဲၿပီး လုပ္ေဆာင္သြားမယ္လို႔ေတာ့အၾကမ္းဖ်င္း ေျပာဆိုထားတယ္” ေစာသန္းစိုး က ဆိုသည္။

ဇြန္ ၂၃ရက္တြင္ ၿမိဳင္ႀကီးငူအေျခစိုက္ကရင္နယ္ျခားေစာင့္တပ္ရင္း၌ မိဇိုင္းေတာင္ ဆရာေတာ္ ဗိုလ္ စႏၵာဝရအဖြဲ႕က အင္အား ၄၅ဦး၊လက္နက္မ်ိဳးစုံ ၂၉လက္ျဖင့္ အဆိုပါတပ္သို႔ ပူးေပါင္းဝင္ ေရာက္မည္ ျဖစ္သည္။

ျမိဳင္ၾကီးငူ ဆရာေတာ္ ပ်ံလြန္ေတာ္မမူခင္က ဆရာေတာ္ၾကီး၏လံုျခံဳေရးတာ၀န္ယူထားသည့္ DKBA တပ္ဖြဲ႔၀င္ မ်ားနွင့္ဆရာေတာ္မ်ားသည္ နယ္ျခားေစာင့္တပ္အျဖစ္ အသြင္ မေျပာင္းဘဲ မိဇိုိင္းေတာင္ေပၚတြင္ သာသနာျပဳ လုပ္ငန္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ျပီး နယ္ျခားေစာင့္တပ္၏ဖိအားေပးမႈေၾကာင့္ စစ္ေရးတင္းမာေနသည္မွာ ၂ လ ခန္႔ ရွိေနျပီျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာၾကားသည္။

ေတာင္ေျခတစ္ဝိုက္ ေျမျမဳတ္မိုင္းမ်ား ေထာင္ထားသည့္အတြက္ တိုက္ပြဲျဖစ္ပြားစဥ္အတြင္း နယ္ျခား ေစာင့္တပ္ႏွင့္တပ္မေတာ္ဘက္မွ မိုင္းထိဒဏ္ရာရသူမ်ား ရွိျပီး ကၽြန္းတာရြာဘုန္းႀကီးေက်ာင္း၌ စစ္ ေဘးေရွာင္ လူ ၁၅၀ ခိုလႈံေနရကာ ဘားအံလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာသန္းထြဋ္ႏွင့္ NLDပါတီ ဝင္မ်ား၊လွိုင္းဘြဲ႔ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲမ်ားက ဆန္ႏွင့္ရိကၡာမ်ား လာေရာက္ လႈဒါန္းထားသည္။ Ref – News Watch

========

Unicode

မိဇိုင်းတောင်တိုက်ပွဲ ပြီးဆုံး၊DKBA ခွဲထွက်များ နယ်ခြားစောင့်တပ်ဖွဲ့နှင့်ပူးပေါင်း

ကရင်ပြည်နယ် ဘားအံခရိုင်ရှိ မိဇိုင်းတောင်ခြေတွင် ဇွန် ၂၁ ရက်ကစ၍နယ်ခြား စောင့်တပ်နှင့်DKBA (ခွဲထွက်)အဖွဲ့များ ဖြစ်ပွားနေသော တိုက်ပွဲပြီးဆုံးခဲ့ပြီး ခွဲထွက်အဖွဲ့များသည် နယ်ခြားစောင့်တပ်ဖွဲ့ နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း မြိုင်ကြီးငူဆရာတော်၏သတင်းပြန်ကြားရေးတာဝန်ရှိသူ စောသန်းစိုးက ပြော ကြားသည်။

တပ်မတော်၊ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မှ ဗိုလ်မောင်ချစ်ဦးစီးသော အဖွဲ့များနှင့်DKBA (ခွဲထွက်) မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇွန် ၂၂ ရက်)နံနက် ပိုင်းက BGF တပ်နယ် ၄ တာဝန်ခံ ဗိုလ်မှုးစောမုတ်သိုလ် ညှိနိုင်းချက်အရ အပစ်ရပ်စဲကာ ဇွန် ၂၃ ရက် တွင် တရားဝင် BGF အဖွဲ့သို့ ပူးပေါင်းဝင်ရောက်ကြမည်ဖြစ်သည်။

“အခု ဗိုလ်မုတ်သိုလ် ရဲ့ ညှိနိုင်းချက်အရ အပစ်ရပ်ပြီးတော့ မြိုင်ကြီးငူ စာချဆရာတော်ဆီ သြဝါဒခံ ဖို့ သွားနေပြီ။သူတို့အဖွဲ့တွေ က BGF နဲ့ ပူးပေါင်းမယ်။မိဇိုင်းတောင်ဒေသ ငြိမ်းချမ်းရေးကို BGF ကရင် နယ်ခြားစောင့်တပ်နဲ့တွဲပြီး လုပ်ဆောင်သွားမယ်လို့တော့အကြမ်းဖျင်း ပြောဆိုထားတယ်” စောသန်းစိုး က ဆိုသည်။

ဇွန် ၂၃ရက်တွင် မြိုင်ကြီးငူအခြေစိုက်ကရင်နယ်ခြားစောင့်တပ်ရင်း၌ မိဇိုင်းတောင် ဆရာတော် ဗိုလ် စန္ဒာဝရအဖွဲ့က အင်အား ၄၅ဦး၊လက်နက်မျိုးစုံ ၂၉လက်ဖြင့် အဆိုပါတပ်သို့ ပူးပေါင်းဝင် ရောက်မည် ဖြစ်သည်။

မြိုင်ကြီးငူ ဆရာတော် ပျံလွန်တော်မမူခင်က ဆရာတော်ကြီး၏လုံခြုံရေးတာဝန်ယူထားသည့် DKBA တပ်ဖွဲ့ဝင် များနှင့်ဆရာတော်များသည် နယ်ခြားစောင့်တပ်အဖြစ် အသွင် မပြောင်းဘဲ မိဇိုင်းတောင်ပေါ်တွင် သာသနာပြု လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်၏ဖိအားပေးမှုကြောင့် စစ်ရေးတင်းမာနေသည်မှာ ၂ လ ခန့် ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

တောင်ခြေတစ်ဝိုက် မြေမြုတ်မိုင်းများ ထောင်ထားသည့်အတွက် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း နယ်ခြား စောင့်တပ်နှင့်တပ်မတော်ဘက်မှ မိုင်းထိဒဏ်ရာရသူများ ရှိပြီး ကျွန်းတာရွာဘုန်းကြီးကျောင်း၌ စစ် ဘေးရှောင် လူ ၁၅၀ ခိုလှုံနေရကာ ဘားအံလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်နှင့် NLDပါတီ ဝင်များ၊လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲများက ဆန်နှင့်ရိက္ခာများ လာရောက် လှုဒါန်းထားသည်။ Ref – News Watch

Comments are closed.