(AA) မှွ ေရတပ္ ေရဆြဲယာဥ္အား တစ္ခါပစ္ဒံုးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္၊ စစ္သည္ ၂ ဦးက်ဆံုး

ေရတပ္ ေရဆြဲယာဥ္ တစ္ခါပစ္ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရ၊ စစ္သည္ ၂ ဦးက်ဆုံး

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ ဆတ္႐ိုးက် ေခ်ာင္းဝတြင္ ေက်ာက္ခ်ရပ္နားထားေသာ ေရတပ္သေဘၤာ ေရဆြဲယာဥ္ တစ္စီးကို ရကၡိဳင္တပ္ေတာ္ (AA) မွ တစ္ခါပစ္ ဒုံးက်ည္သုံးလုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့သျဖင့္ စစ္သည္ တပ္ဖြဲ႕ဝင္ ၂ ဦး က်ဆုံးခဲ့သည္ဟု သတင္းရရွိသည္။

အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ စစ္ဦးစီးပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးအား ဆက္သြယ္ေမးျမန္းရာ ေရဆြဲယာဥ္ တိုက္ခိုက္ခံရျခင္းမွာ မွန္ကန္ေၾကာင္း အတည္ျပဳ ေျပာၾကားသည္။

“ က်ေနာ္တို႔ ေရဆြဲယာဥ္ေခၚတာေပါ့။ အဲဒီယာဥ္ကို ဆတ္႐ိုးက် ေခ်ာင္းဝမွာ ရပ္ထားတာခင္ဗ်ာ။ အမွန္က ဆတ္႐ိုးက်နားမွာ ေက်ာက္ခ်ၿပီးရပ္ထားတာ။ ဒီေန႔မနက္ ၄ နာရီဝန္းက်င္ေလာက္မွာ AA ေသာင္းက်န္းသူ အဖြဲ႕ တစ္ဖြဲ႕ကေနၿပီးေတာ့ တစ္ခါပစ္ ေလာင္ခ်ာ နဲ႔ ၃ လုံးပစ္တာေပါ့ေနာ္။ ၃ လုံးပစ္တယ္။ ပစ္တဲ့အခါမွာ ၂ လုံးကြဲတယ္။ ၁ လုံးကေတာ့ မကြဲဘူးေပါ့။ အဲဒီ မေပါက္ကြဲတဲ့ တစ္လုံးကို ေတာ့ ပစ္တဲ့ေနရာဝန္းက်င္မွာ လိုက္ရွာေတာ့ ေတြ႕တာေပါ့။ ၂ လုံးကေတာ့ ကြဲၿပီးေတာ့မွ ကြဲတဲ့ ႏွစ္လုံးထဲက တစ္လုံးက အခုနားက ေရယာဥ္ရဲ႕ ဦးပိုင္းကို ထိတယ္။ ေနာက္တစ္လုံးကေတာ့ ေရယာဥ္ရဲ႕ေနာက္ အၿမီးပိုင္းကို ထိတာေပါ့။ ထိတဲ့အတြက္ေၾကာင့္ မို႔လို႔ ေရယာဥ္ရဲ႕ ဦးေခါင္းပိုင္း အနည္းငယ္ပ်က္စီး သြားတယ္။ အလားတူပဲ အၿမီးပိုင္းကလည္း အနည္းငယ္ပ်က္စီးသြားတယ္။ က်ေနာ္တို႔ဆီကေတာ့ စစ္သည္ တစ္ခ်ိဳ႕ အနည္းအက်ဥ္း ထိခိုက္ဒဏ္ရာရတာေတာ့ ရွိတယ္။ အခုေတာ့ အဲဒီနယ္ေျမ ဝန္းက်င္တဝိုက္ေပါ့ေနာ္ နယ္ေျမ ရွင္းလင္း မႈေတြေတာ့ ထပ္လုပ္ေနတာေပါ့။ အဲဒါေလာက္ဘဲ ေျပာလို႔ရမယ္ခင္ဗ်ာ။ ျဖစ္စဥ္ေလးက အဲဒါပဲဗ်” ဟု ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာၾကားသည္။

အခင္းျဖစ္ပြားခဲ့သည့္ေနရာသည္ စစ္ေတြၿမိဳ႕နယ္ ေက်းေတာ႐ြာ အနီးတြင္ ျဖစ္သျဖင့္ ေက်းေတာ႐ြာအား ဝင္ေရာက္ စစ္ေဆး ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္ဟု သိရသည္။

ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက “အခုကေတာ့ က်ေနာ္တို႔ နယ္ေျမရွင္းလင္းတုန္းဘဲ ရွိေသးတယ္ခင္ဗ်ာ။ လိုအပ္လို႔ ရွိရင္ေတာ့ မသခၤါတဲ့လူေတြကိုေတာ့ စစ္ေဆးေမးျမန္းမႈျပဳလုပ္မွာေပါ့ဗ်ာ” ဟု ေျပာဆိုသည္။

ယခု တိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး ရကၡိဳင္တပ္ေတာ္ ေျပာခြင့္ရသူ ခိုင္သုခအား ဆက္သြယ္ေမးျမန္းရာ AA မွ တိုက္ခိုက္ခဲ့ျခင္းမွာ ဟုတ္မွန္ေၾကာင္း ေျပာၾကားသည္။

“ ေရတပ္သေဘၤာကို ကြၽန္ေတာ္တို႔ဘက္က ပစ္တာ မွန္ပါတယ္။ အခုတစ္ေလာ ဗမာစစ္တပ္ကေန ထိုးစစ္ေတြ ေတာ္ေတာ္ေလး ျပင္းထန္လာတာရွိတယ္။ အဲဒီ ထိုးစစ္ေတြမွာ လိုအပ္တဲ့ လူအင္အား၊ ရိကၡာေတြ လက္နက္ ပစၥည္းေတြကို အခု ေနၿပီးေတာ့ ေရတပ္သေဘၤာေတြကို အသုံးျပဳၿပီး ေထာက္ပံ့ေရးေတြ လုပ္ေနတာေတြ ရွိတယ္။ ဒီအတြက္ ေရတပ္သေဘၤာေတြကိုလည္း တိုက္ခိုက္ရတာ ျဖစ္တယ္” ဟု ခိုင္သုခက ေျပာဆိုသည္။

အခုေနာက္ဆုံးရရွိေသာ သတင္းအရ ယေန႔ ညေနပိုင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေရတပ္သေဘၤာေရဆြဲယာဥ္မွ တပ္ဖြဲ႕ဝင္ ၂ ဦးက်ဆုံးေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့သည္။

ယခုေရတပ္သေဘၤာကို တိုက္ခိုက္ျခင္းသည္ ရခိုင္စစ္ပြဲေတြအတြင္း ပထမဆုံး အႀကိမ္ ျဖစ္ေၾကာင္း သိရသည္။ Ref – Narinjara

========

Unicode

ရေတပ် ရေဆွဲယာဉ် တစ်ခါပစ်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သည် ၂ ဦးကျဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ချောင်းဝတွင် ကျောက်ချရပ်နားထားသော ရေတပ်သင်္ဘော ရေဆွဲယာဉ် တစ်စီးကို ရက္ခိုင်တပ်တော် (AA) မှ တစ်ခါပစ် ဒုံးကျည်သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်သည် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ရေဆွဲယာဉ် တိုက်ခိုက်ခံရခြင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ကျနော်တို့ ရေဆွဲယာဉ်ခေါ်တာပေါ့။ အဲဒီယာဉ်ကို ဆတ်ရိုးကျ ချောင်းဝမှာ ရပ်ထားတာခင်ဗျာ။ အမှန်က ဆတ်ရိုးကျနားမှာ ကျောက်ချပြီးရပ်ထားတာ။ ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ AA သောင်းကျန်းသူ အဖွဲ့ တစ်ဖွဲ့ကနေပြီးတော့ တစ်ခါပစ် လောင်ချာ နဲ့ ၃ လုံးပစ်တာပေါ့နော်။ ၃ လုံးပစ်တယ်။ ပစ်တဲ့အခါမှာ ၂ လုံးကွဲတယ်။ ၁ လုံးကတော့ မကွဲဘူးပေါ့။ အဲဒီ မပေါက်ကွဲတဲ့ တစ်လုံးကို တော့ ပစ်တဲ့နေရာဝန်းကျင်မှာ လိုက်ရှာတော့ တွေ့တာပေါ့။ ၂ လုံးကတော့ ကွဲပြီးတော့မှ ကွဲတဲ့ နှစ်လုံးထဲက တစ်လုံးက အခုနားက ရေယာဉ်ရဲ့ ဦးပိုင်းကို ထိတယ်။ နောက်တစ်လုံးကတော့ ရေယာဉ်ရဲ့နောက် အမြီးပိုင်းကို ထိတာပေါ့။ ထိတဲ့အတွက်ကြောင့် မို့လို့ ရေယာဉ်ရဲ့ ဦးခေါင်းပိုင်း အနည်းငယ်ပျက်စီး သွားတယ်။ အလားတူပဲ အမြီးပိုင်းကလည်း အနည်းငယ်ပျက်စီးသွားတယ်။ ကျနော်တို့ဆီကတော့ စစ်သည် တစ်ချို့ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ အခုတော့ အဲဒီနယ်မြေ ဝန်းကျင်တဝိုက်ပေါ့နော် နယ်မြေ ရှင်းလင်း မှုတွေတော့ ထပ်လုပ်နေတာပေါ့။ အဲဒါလောက်ဘဲ ပြောလို့ရမယ်ခင်ဗျာ။ ဖြစ်စဉ်လေးက အဲဒါပဲဗျ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာသည် စစ်တွေမြို့နယ် ကျေးတောရွာ အနီးတွင် ဖြစ်သဖြင့် ကျေးတောရွာအား ဝင်ရောက် စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အခုကတော့ ကျနော်တို့ နယ်မြေရှင်းလင်းတုန်းဘဲ ရှိသေးတယ်ခင်ဗျာ။ လိုအပ်လို့ ရှိရင်တော့ မသင်္ခါတဲ့လူတွေကိုတော့ စစ်ဆေးမေးမြန်းမှုပြုလုပ်မှာပေါ့ဗျာ” ဟု ပြောဆိုသည်။

ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ AA မှ တိုက်ခိုက်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ရေတပ်သင်္ဘောကို ကျွန်တော်တို့ဘက်က ပစ်တာ မှန်ပါတယ်။ အခုတစ်လော ဗမာစစ်တပ်ကနေ ထိုးစစ်တွေ တော်တော်လေး ပြင်းထန်လာတာရှိတယ်။ အဲဒီ ထိုးစစ်တွေမှာ လိုအပ်တဲ့ လူအင်အား၊ ရိက္ခာတွေ လက်နက် ပစ္စည်းတွေကို အခု နေပြီးတော့ ရေတပ်သင်္ဘောတွေကို အသုံးပြုပြီး ထောက်ပံ့ရေးတွေ လုပ်နေတာတွေ ရှိတယ်။ ဒီအတွက် ရေတပ်သင်္ဘောတွေကိုလည်း တိုက်ခိုက်ရတာ ဖြစ်တယ်” ဟု ခိုင်သုခက ပြောဆိုသည်။

အခုနောက်ဆုံးရရှိသော သတင်းအရ ယနေ့ ညနေပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ရေတပ်သင်္ဘောရေဆွဲယာဉ်မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယခုရေတပ်သင်္ဘောကို တိုက်ခိုက်ခြင်းသည် ရခိုင်စစ်ပွဲတွေအတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ Ref – Narinjara

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.