ဖခင္အသက္ကို ကယ္ဆယ္ရန္ စားႏုိင္သည္ထက္ ပုိစားေသာက္ေနရသည့္ ကေလးငယ္

ဖခင္အသက္ကို ကယ္ဆယ္ရန္ စားႏုိင္သည္ထက္ ပုိစားေသာက္ေနရသည့္ တ႐ုတ္ကေလးငယ္

တ႐ုတ္နုိင္ငံ ဟီနန္ျပည္နယ္ ရွင္ရွန္းၿမိဳ႕က အသက္ ၁၁ နွစ္အရြယ္ကေလးတစ္ဦးဟာ ဖခင္ျဖစ္သူရဲ႕ အသက္ကို ကယ္တင္နုိင္ဖို႔အတြက္ သူ႔အရြယ္နဲ႔ မလိုက္ေအာင္စားေသာက္ရတဲ့ အစီစဥ္တခုကို လုပ္ေဆာင္ေနတာေၾကာင့္ အားလံုးရဲ႕ ခ်ီးက်ဴးမူကို ရရွိေနတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။

ဒီကေလးရဲ႕ နာမည္က လူဇီကြမ္းပါ။ သူ႔ဖခင္ျဖစ္သူဟာၿပီးခဲ့တဲ့ ၇ ႏွစ္ေလာက္ကတည္းက ေသြးကင္ဆာေရာဂါနဲ႔ ကုသမႈခံယူခဲ့ရၿပီး လက္ရွိအခ်ိန္မွာေတာ့ ေရာဂါအေျခအေနဟာ ပိုၿပီးဆိုးရြားလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူ႔အသက္ကိုကယ္ဆယ္ဖို႔ တခုတည္းေသာ နည္းလမ္းက ရိုးတြင္းျခင္ဆီလဲျခင္း ျဖစ္တယ္လို႔ ဆရာဝန္ေတြကေျပာပါတယ္။

ဒါ့ေၾကာင့္ မိသားစုအတြင္း ေဆးစစ္မႈေတြ လုပ္ေဆာင္လိုက္တဲ့အခ်ိန္မွာ သူ႔အတြက္ သင့္ေတာ္တဲ့ ရိုးတြင္းျခင္ဆီက အသက္ ၁၁ နွစ္အရြယ္ သားျဖစ္သူ လူဇီကြမ္းမွာပဲ ရွိေနတာ ေတြ႔ခဲ့ရပါတယ္။

ဒါ့ေၾကာင့္ လူက ဖခင္အတြက္ ရိုးတြင္းျခင္ဆီေပးဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ ျပႆနာက သူ႔အသက္ဟာ ငယ္ရြယ္ေသးၿပီး သူ႔ခႏၶာကိုယ္အေလးခ်ိန္ဟာလည္း ၃၀ ကီလိုဂရမ္သာ ရွိေနေသးတာပါ။ ခြဲစိတ္မႈအတြက္ အနည္းဆံုးကိုယ္အေလး ခ်ိန္ ၄၅ ကီလိုဂရမ္ရွိရမွာ ျဖစ္တာေၾကာင့္ လူဇီကြမ္းဟာ သူ႔အေလးခ်ိန္ တုိးတက္လာေရးအတြက္ စားနိုင္တာထက္ပိုၿပီး စားေသာက္ကာ မဝ ဝေအာင္ လုပ္ေဆာင္ေနပါတယ္။

“အေဖ့ကို မဆံုးရံႈးရဖို႔ သားဘာမဆိုလုပ္မွာပါ” လို႔ လူဇီကြမ္းက ယံုၾကည္မႈအျပည့္နဲ႔ ေျပာပါတယ္။ ဒါ့ေၾကာင့္ ၁၁ နွစ္သားဟာ လက္ရွိအခ်ိန္မွာ တေန႔ကို ငါးႀကိမ္ေလာက္စားေသာက္ျခင္းကို ျပဳလုပ္ေနၿပီး သူစားတဲ့ အစားအစာအမ်ားစုကလည္း အဆီမ်ားတဲ့ အရာေတြပဲျဖစ္ပါတယ္။

လူဇီကြမ္းဟာ ေမာင္နွမသံုးေယာက္ထဲက အႀကီးဆံုးသားျဖစ္ၿပီး သူ႔မိခင္ကေတာ့ ဝင္ေငြနည္းပါးတဲ့ စတိုးဆိုင္ဝန္ထမ္းတဦး ျဖစ္ပါတယ္။ ဖခင္ေဆးကုသစရိတ္အျပင္ သူ႔အတြက္ အစားအစာ စရိတ္ပါ မတတ္နိုင္တာေၾကာင့္ လူဇြမ္းကြမ္းတို႔ ေက်ာင္းကလည္း သူတို႔ မိသားစုကို ကူညီေထာက္ပံ့ေပးေနတယ္လု႔ိ သိရပါတယ္။

ပံုမွန္ထက္ ပိုၿပီးစားေသာက္ေနတာေၾကာင့္ ဝလာတဲ့ လူဇီကြမ္းကို သူ႔အတန္းေဖာ္ေတြက “ဝတုတ္ေလး” လို႔ စေနာက္ခဲ့ၾကေပမယ့္ သူတို႔မိသားစုအေၾကာင္းကို သိရွိလာခ်ိန္မွာေတာ့ ဒီလိုစေနာက္သူ မရွိေတာ့ပါဘူး။

“သားကို ဘယ္လိုပဲ စစ ကိစၥမရွိပါဘူး။ အဓိကကေတာ့ သားအေဖရဲ႕အသက္ကို ကယ္တင္နုိင္ဖို႔ပါပဲ” လို႔ သူရဲေကာင္းေလး လူဇီကြမ္းက ေျပာပါတယ္။ Ref – DVB

==========

Unicode

ဖခင်အသက်ကို ကယ်ဆယ်ရန် စားနိုင်သည်ထက် ပိုစားသောက်နေရသည့် တရုတ်ကလေးငယ်

တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ရှင်ရှန်းမြို့က အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးဟာ ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူ့အရွယ်နဲ့ မလိုက်အောင်စားသောက်ရတဲ့ အစီစဉ်တခုကို လုပ်ဆောင်နေတာကြောင့် အားလုံးရဲ့ ချီးကျူးမူကို ရရှိနေတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။

ဒီကလေးရဲ့ နာမည်က လူဇီကွမ်းပါ။ သူ့ဖခင်ဖြစ်သူဟာပြီးခဲ့တဲ့ ၇ နှစ်လောက်ကတည်းက သွေးကင်ဆာရောဂါနဲ့ ကုသမှုခံယူခဲ့ရပြီး လက်ရှိအချိန်မှာတော့ ရောဂါအခြေအနေဟာ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ ဒါ့ကြောင့် သူ့အသက်ကိုကယ်ဆယ်ဖို့ တခုတည်းသော နည်းလမ်းက ရိုးတွင်းခြင်ဆီလဲခြင်း ဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

ဒါ့ကြောင့် မိသားစုအတွင်း ဆေးစစ်မှုတွေ လုပ်ဆောင်လိုက်တဲ့အချိန်မှာ သူ့အတွက် သင့်တော်တဲ့ ရိုးတွင်းခြင်ဆီက အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ လူဇီကွမ်းမှာပဲ ရှိနေတာ တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် လူက ဖခင်အတွက် ရိုးတွင်းခြင်ဆီပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ပြဿနာက သူ့အသက်ဟာ ငယ်ရွယ်သေးပြီး သူ့ခန္ဓာကိုယ်အလေးချိန်ဟာလည်း ၃၀ ကီလိုဂရမ်သာ ရှိနေသေးတာပါ။ ခွဲစိတ်မှုအတွက် အနည်းဆုံးကိုယ်အလေး ချိန် ၄၅ ကီလိုဂရမ်ရှိရမှာ ဖြစ်တာကြောင့် လူဇီကွမ်းဟာ သူ့အလေးချိန် တိုးတက်လာရေးအတွက် စားနိုင်တာထက်ပိုပြီး စားသောက်ကာ မဝ ဝအောင် လုပ်ဆောင်နေပါတယ်။

“အဖေ့ကို မဆုံးရှုံးရဖို့ သားဘာမဆိုလုပ်မှာပါ” လို့ လူဇီကွမ်းက ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။ ဒါ့ကြောင့် ၁၁ နှစ်သားဟာ လက်ရှိအချိန်မှာ တနေ့ကို ငါးကြိမ်လောက်စားသောက်ခြင်းကို ပြုလုပ်နေပြီး သူစားတဲ့ အစားအစာအများစုကလည်း အဆီများတဲ့ အရာတွေပဲဖြစ်ပါတယ်။

လူဇီကွမ်းဟာ မောင်နှမသုံးယောက်ထဲက အကြီးဆုံးသားဖြစ်ပြီး သူ့မိခင်ကတော့ ဝင်ငွေနည်းပါးတဲ့ စတိုးဆိုင်ဝန်ထမ်းတဦး ဖြစ်ပါတယ်။ ဖခင်ဆေးကုသစရိတ်အပြင် သူ့အတွက် အစားအစာ စရိတ်ပါ မတတ်နိုင်တာကြောင့် လူဇွမ်းကွမ်းတို့ ကျောင်းကလည်း သူတို့ မိသားစုကို ကူညီထောက်ပံ့ပေးနေတယ်လု့ိ သိရပါတယ်။

ပုံမှန်ထက် ပိုပြီးစားသောက်နေတာကြောင့် ဝလာတဲ့ လူဇီကွမ်းကို သူ့အတန်းဖော်တွေက “ဝတုတ်လေး” လို့ စနောက်ခဲ့ကြပေမယ့် သူတို့မိသားစုအကြောင်းကို သိရှိလာချိန်မှာတော့ ဒီလိုစနောက်သူ မရှိတော့ပါဘူး။

“သားကို ဘယ်လိုပဲ စစ ကိစ္စမရှိပါဘူး။ အဓိကကတော့ သားအဖေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ပါပဲ” လို့ သူရဲကောင်းလေး လူဇီကွမ်းက ပြောပါတယ်။ Ref – DVB

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.