လက္ရွိနာမည္ႀကီးေနတဲ့ တစ္ေက်ာ့ႏွစ္ေက်ာ့ေတးကိုသီ သီခ်င္းနဲ႔ ပတ္သက္ၿပီး ေဒၚမာမာေအး ေျပာၿပီ

ျမန္မာသံ ေတးသီခ်င္းမ်ားနဲ႔ ပရိသတ္ေတြ ကို ခုအခ်ိန္ထိ ဆြဲေဆာင္ႏိုင္တဲ့ ျမန္မာသံ ဝါရင့္ အဆိုေတာ္ႀကီး ေဒၚ မာမာေအးဟာ ဆိုရင္ သူမရဲ႕ ပီျပင္ေျပာင္ေျမာက္တဲ့ ဂီတ အႏုပညာမ်ားနဲ႔ သီခ်င္းမ်ားေၾကာင့္ ေအာင္ျမင္မႈမ်ားစြာ ရရွိထားသူပါ။ ျမန္မာသံ နဲ႔ ပတ္သက္ၿပီး ဆရာတစ္ပါးလို႔ ေျပာရေလာက္ေအာင္ အသံ ပညာအားႀကီးသူဆိုလည္း မမွားပါဘူး ။ သူမက လတ္တေလာ နာမည္ႀကီးေနတဲ့ တစ္ေက်ာ့ ႏွစ္ေက်ာ့ ေတးကိုသီ သီခ်င္း နဲ႔ ပတ္သက္ၿပီး ေျပာထားတဲ့ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္

The Voice Myanmar Final ပြဲမွာ ၿပိဳင္ပြဲဝင္ Hazel က ” တစ္ေက်ာ့ ႏွစ္ေက်ာ့ ေတးကိုသီ သီခ်င္း နဲ႔ယွဥ္ၿပိဳင္သြားခဲ့ၿပီး ပရိသတ္ေတြၾကားမွာ အရမ္းကို နာမည္ႀကီးေနတာပါ။ ဒီၿပိဳင္ပြဲမွာ သီဆိုသြားတဲ့ သီခ်င္း နဲ႔ ပတ္သက္ၿပီး ေဒၚမာမာေအး က ခုလိုေျပာထားပါတယ္

“တစ္ေက်ာ့ ႏွစ္ေက်ာ့ ေတးကိုသီ” သီခ်င္းကိုေရးစပ္ထားတဲ့ စာေပပညာရွင္ ဆရာႀကီးမင္းသုဝဏ္၊ ဂီတပညာရွင္ ဂီတလုလင္ ေမာင္ကိုကို နဲ႔ မူရင္း အဆိုရွင္ တင္တင္ျမ က သီဆိုထားတဲ့ အရမ္းကို ေျပာင္ေျမာက္တဲ့ သီခ်င္းျဖစ္တာမို႔ ခုလို ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္တဲ့အခါ မူရင္း သီခ်င္း အရသာေတြေပ်ာက္သြားတာေၾကာင့္ ၿပိဳင္ပြဲမွာ ဒီသီခ်င္းကို သီဆိုဖို႔ ဦးေဆာင္ အသစ္ဆင္လိုက္တဲ့ သူကို ခုလို ေျပာထားပါတယ္” တစ္ေက်ာ့ ႏွစ္ေက်ာ့ ေတးကို သီ ၾကားရတာ မႀကိဳက္ဆံုးအရာကေတာ့ “ေမာင္ေလးေရ ထပါေတာ့ ေရာင္နီလာလွေပါ့ “ဆိုတဲ့ စာသားကို ထပ္ခါထပ္ခါ အသံေသးအသံေၾကာင္ မေရာက္ရံု တမယ္ အာျပဲစိန္ လုပ္ခိုင္းခဲ့တာကိုပဲ ထပ္တြန္႔စရာလား ” လို႔ေျပာထားပါတယ္

ေဒၚမာမာေအးက ဒီသီခ်င္းနဲ႔ ပတ္သက္တဲ့ ဇစ္ျမစ္အားလံုးရွင္းျပၿပီး ေနာက္ ” ႏုိင္ငံတကာစံ ဝင္ခ်င္သပဆုိလဲ ကုိယ္တုိင္ေရးၾက ၊ ကုိယ္တုိင္ထုတ္လုပ္ၾကပါ ၊ က်မတုိ႔ ႀကိဳဆုိအားေပးေနမွာပါ ။ စီးလာတဲ့ ေရအလ်င္မွာ က်ဴပင္နဲ႔ မတားပါဘူး ။က်မတုိ႔ျမန္မာေတြ အျမတ္တႏုိးထားတဲ့ ဂႏၴဝင္သီခ်င္းေတြကုိ ျမန္မာစာအေနနဲ႔ ထားရစ္ခဲ့ၾကပါ – ” လို႔ မႏၱေလး ေန႔စဥ္သတင္းစာမွာ ေဖာ္ျပထားပါတယ္

Moekalay

Source;မႏၱေလးေန႔စဥ္ သတင္းစာ

==========

Unicode

မြန်မာသံ တေးသီချင်းများနဲ့ ပရိသတ်တွေ ကို ခုအချိန်ထိ ဆွဲဆောင်နိုင်တဲ့ မြန်မာသံ ဝါရင့် အဆိုတော်ကြီး ဒေါ် မာမာအေးဟာ ဆိုရင် သူမရဲ့ ပီပြင်ပြောင်မြောက်တဲ့ ဂီတ အနုပညာများနဲ့ သီချင်းများကြောင့် အောင်မြင်မှုများစွာ ရရှိထားသူပါ။ မြန်မာသံ နဲ့ ပတ်သက်ပြီး ဆရာတစ်ပါးလို့ ပြောရလောက်အောင် အသံ ပညာအားကြီးသူဆိုလည်း မမှားပါဘူး ။ သူမက လတ်တလော နာမည်ကြီးနေတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

The Voice Myanmar Final ပွဲမှာ ပြိုင်ပွဲဝင် Hazel က ” တစ်ကျော့ နှစ်ကျော့ တေးကိုသီ သီချင်း နဲ့ယှဉ်ပြိုင်သွားခဲ့ပြီး ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတာပါ။ ဒီပြိုင်ပွဲမှာ သီဆိုသွားတဲ့ သီချင်း နဲ့ ပတ်သက်ပြီး ဒေါ်မာမာအေး က ခုလိုပြောထားပါတယ်

“တစ်ကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းကိုရေးစပ်ထားတဲ့ စာပေပညာရှင် ဆရာကြီးမင်းသုဝဏ်၊ ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို နဲ့ မူရင်း အဆိုရှင် တင်တင်မြ က သီဆိုထားတဲ့ အရမ်းကို ပြောင်မြောက်တဲ့ သီချင်းဖြစ်တာမို့ ခုလို ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့အခါ မူရင်း သီချင်း အရသာတွေပျောက်သွားတာကြောင့် ပြိုင်ပွဲမှာ ဒီသီချင်းကို သီဆိုဖို့ ဦးဆောင် အသစ်ဆင်လိုက်တဲ့ သူကို ခုလို ပြောထားပါတယ်” တစ်ကျော့ နှစ်ကျော့ တေးကို သီ ကြားရတာ မကြိုက်ဆုံးအရာကတော့ “မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့ “ဆိုတဲ့ စာသားကို ထပ်ခါထပ်ခါ အသံသေးအသံကြောင် မရောက်ရုံ တမယ် အာပြဲစိန် လုပ်ခိုင်းခဲ့တာကိုပဲ ထပ်တွန့်စရာလား ” လို့ပြောထားပါတယ်

ဒေါ်မာမာအေးက ဒီသီချင်းနဲ့ ပတ်သက်တဲ့ ဇစ်မြစ်အားလုံးရှင်းပြပြီး နောက် ” နိုင်ငံတကာစံ ဝင်ချင်သပဆိုလဲ ကိုယ်တိုင်ရေးကြ ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ ၊ ကျမတို့ ကြိုဆိုအားပေးနေမှာပါ ။ စီးလာတဲ့ ရေအလျင်မှာ ကျူပင်နဲ့ မတားပါဘူး ။ကျမတို့မြန်မာတွေ အမြတ်တနိုးထားတဲ့ ဂန္ထဝင်သီချင်းတွေကို မြန်မာစာအနေနဲ့ ထားရစ်ခဲ့ကြပါ – ” လို့ မန္တလေး နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်

Moekalay

Source;မန္တလေးနေ့စဉ် သတင်းစာ

Comments are closed.