မယားကုိ ဓါးနဲ႔က်ိန္းတာမခံႏုိင္လုိ႔ ဓါးနဲ႔ခုတ္သတ္

ကြ်န္ေတာ့္ဇနီးမယားကုိ ဓါးနဲ႔က်ိန္းတာမခံႏုိင္လုိ႔ ဓါးနဲ႔ခုတ္သတ္လုိက္တာပါတဲ႔

ပဲခူး ဇြန္၂၁

ကေလးေက်ာင္းႀကိဳသည့္ကိစၥႏွင့္ ပတ္သက္၍အစ္မျဖစ္သူကို ဓားျဖင့္ထိုးရန္ျပဳေနသူေမာင္အား ေယာက္ဖျဖစ္သူက ဓားျဖင့္ျပန္ခုတ္သတ္လိုက္သည့္ ျဖစ္စဥ္တစ္ခုလက္ပံတန္းၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၊ ျမင္က၀ေက်းရြာအုပ္စု၊ ေအးသာယာရြာ(ေဒသအေခၚ)ေရတံခါးရပ္၌ ဇြန္လ ၂၀ ရက္၊ ညေန ၃ နာရီခြဲခန္႔တြင္ လူသတ္မႈျဖစ္စဥ္တစ္ခုျဖစ္ပြားေၾကာင္း သတင္းေပးခ်က္ေၾကာင့္ တာ၀န္ရွိသူမ်ားကသြားေရာက္ စစ္ေဆးခဲ့ၾကသည္။

ေသဆံုးသူမွာအဆိုပါေက်းရြာေန ဖိုးကြီး(ခ)ခိုင္လင္းႏုိင္(၃၁)ႏွစ္ဆိုသူျဖစ္ၿပီး လည္ပင္း/လည္ျပြန္ ၅ လက္မခန္႔ျပတ္ရွ၊ ၀ဲပါးမ်က္လံုးမွ ေမးရိုးထိ ၅ လက္မျပတ္ရွ၊ ရင္ဘတ္အလယ္တည့္တည့္ ၆ လက္မခန္႔၊ ၀ဲလက္ဖ်ံ ၂ လက္မႏွင့္ ၀ဲလက္သူၾကြယ္ ၂ လက္မျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိခဲ့ၾကသည္။

ျပစ္မႈက်ဴးလြန္သူမွာ ေသဆံုးသူ၏ေယာက္ဖစံေအး(၄၆)ႏွစ္ျဖစ္ၿပီး အခင္းျဖစ္ပြားပံုကို စံုစမ္းစစ္ေဆးရာတြင္ ေသဆံုးသူသည္ ၎၏အစ္မမေအးေမာ္မွ သားျဖစ္သူ(ေသဆံုးသူ၏တူ)ေက်ာင္းသြားႀကိဳသည့္ကိစၥႏွင့္ရန္ျဖစ္စကားမ်ားၾကၿပီး စေကဘာျဖင့္အစ္မျဖစ္သူမေအးေမာ္ကို လိုက္လံထိုးခဲ့၍ရန္ျပဳခဲ့သျဖင့္ အစ္မျဖစ္သူမွာ အနီးရွိေနအိမ္သို႔ေျပး၍တိမ္းေရွာင္ေနရသည္။

ယင္းအခ်ိန္တြင္ လယ္ေတာထဲမွျပန္လာေသာ မေအးေမာ္၏ခင္ပြန္းစံေအးကေတြ႔ရွိသျဖင့္ ထိုသို႔မျပဳရန္ တားဆီး၍ေျပာဆိုစဥ္ ေယာက္ဖျဖစ္သူ ဖိုးကြီး(ခ)ခိုင္လင္းႏုိင္ကနားမေထာင္ဘဲ အနီးရွိ၀ါးလံုးႏွင့္အရင္ရိုက္ႏွက္ေသာေၾကာင့္ ၎၏လက္ထဲမွစေကဘာကိုလုယူ၍ အိမ္အျပင္၀ါးထရံ၌ေထာင္ထားေသာ ကိုင္းခုတ္ဓားျဖင့္ေသဆံုးသည္အထိခုတ္သတ္လိုက္ျခင္းျဖစ္ေၾကာင္း စံေအး၏ထြက္ဆိုခ်က္အရ သိရသည္။

ယင္းအတြက္ေၾကာင့္ ျပစ္မႈက်ဴးလြန္သည့္ စံေအး(၄၆)ႏွစ္ကို ခမံုနယ္ေျမရဲစခန္း၌ လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

#နိဳင္ငံေတာ္မွတ္ႀကီး(လြိဳင္ေကာ္)

ဒါးဇ(အကုန္သိသတင္းဌာန)

========

Unicode

ကျွန်တော့်ဇနီးမယားကို ဓါးနဲ့ကျိန်းတာမခံနိုင်လို့ ဓါးနဲ့ခုတ်သတ်လိုက်တာပါတဲ့

ပဲခူး ဇွန်၂၁

ကလေးကျောင်းကြိုသည့်ကိစ္စနှင့် ပတ်သက်၍အစ်မဖြစ်သူကို ဓားဖြင့်ထိုးရန်ပြုနေသူမောင်အား ယောက်ဖဖြစ်သူက ဓားဖြင့်ပြန်ခုတ်သတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလက်ပံတန်းမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာရွာ(ဒေသအခေါ်)ရေတံခါးရပ်၌ ဇွန်လ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် လူသတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားကြောင်း သတင်းပေးချက်ကြောင့် တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ကြသည်။

သေဆုံးသူမှာအဆိုပါကျေးရွာနေ ဖိုးကွီး(ခ)ခိုင်လင်းနိုင်(၃၁)နှစ်ဆိုသူဖြစ်ပြီး လည်ပင်း/လည်ပြွန် ၅ လက်မခန့်ပြတ်ရှ၊ ဝဲပါးမျက်လုံးမှ မေးရိုးထိ ၅ လက်မပြတ်ရှ၊ ရင်ဘတ်အလယ်တည့်တည့် ၆ လက်မခန့်၊ ဝဲလက်ဖျံ ၂ လက်မနှင့် ဝဲလက်သူကြွယ် ၂ လက်မပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ယောက်ဖစံအေး(၄၆)နှစ်ဖြစ်ပြီး အခင်းဖြစ်ပွားပုံကို စုံစမ်းစစ်ဆေးရာတွင် သေဆုံးသူသည် ၎င်း၏အစ်မမအေးမော်မှ သားဖြစ်သူ(သေဆုံးသူ၏တူ)ကျောင်းသွားကြိုသည့်ကိစ္စနှင့်ရန်ဖြစ်စကားများကြပြီး စကေဘာဖြင့်အစ်မဖြစ်သူမအေးမော်ကို လိုက်လံထိုးခဲ့၍ရန်ပြုခဲ့သဖြင့် အစ်မဖြစ်သူမှာ အနီးရှိနေအိမ်သို့ပြေး၍တိမ်းရှောင်နေရသည်။

ယင်းအချိန်တွင် လယ်တောထဲမှပြန်လာသော မအေးမော်၏ခင်ပွန်းစံအေးကတွေ့ရှိသဖြင့် ထိုသို့မပြုရန် တားဆီး၍ပြောဆိုစဉ် ယောက်ဖဖြစ်သူ ဖိုးကွီး(ခ)ခိုင်လင်းနိုင်ကနားမထောင်ဘဲ အနီးရှိဝါးလုံးနှင့်အရင်ရိုက်နှက်သောကြောင့် ၎င်း၏လက်ထဲမှစကေဘာကိုလုယူ၍ အိမ်အပြင်ဝါးထရံ၌ထောင်ထားသော ကိုင်းခုတ်ဓားဖြင့်သေဆုံးသည်အထိခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း စံအေး၏ထွက်ဆိုချက်အရ သိရသည်။

ယင်းအတွက်ကြောင့် ပြစ်မှုကျူးလွန်သည့် စံအေး(၄၆)နှစ်ကို ခမုံနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)

ဒါးဇ(အကုန်သိသတင်းဌာန)

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.