က်ပ္သန္း ငါးေထာင္ေက်ာ္ ကုန္က်ခဲ့ၿပီး ေလးလေက်ာ္သာ အသုံးျပဳရေသးသည့္ တံတား နိမ့္က်မႈ ျဖစ္ပြား

က်ပ္သန္း ငါးေထာင္ေက်ာ္ ကုန္က်ခဲ့ၿပီး ေလးလေက်ာ္သာ အသုံးျပဳရေသးသည့္ တံတား နိမ့္က်မႈ ျဖစ္ပြား

က်ပ္သန္း ငါးေထာင္ေက်ာ္ ကုန္က်ခဲ့ၿပီး ေလးလေက်ာ္သာ အသုံးျပဳရေသးသည့္ ေတာင္ဒဂုံ-သုဝဏၰတံတား နိမ့္က်မႈ ျဖစ္ပြားခဲ့ေၾကာင္း ဇြန္ ၂၀ ရက္က ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာၾကားသည္။

အဆိုပါတံတား နိမ့္က်မႈမွာ သုဝဏၰဘက္ျခမ္းတြင္ ျဖစ္ပြားခဲ့ၿပီး တံတားနိမ့္က်မႈ ျဖစ္ပြားေနသည္မွာ တစ္ပတ္ခန႔္ ရွိၿပီျဖစ္ေၾကာင္း ဦးညီညီက ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ ပညာရွင္ မဟုတ္တဲ့ အတိုင္းအတာအေပၚမွာ တျခားထင္ျမင္ခ်က္ေတာ့ အမ်ားႀကီး မေပးခ်င္ပါဘူး။ ဒါေပမဲ့ ဒီလိုျဖစ္သြားတဲ့ အေပၚမွာလည္းပဲ လိုအပ္ခ်က္ေတြ ရွိေနလို႔ ျဖစ္တယ္လို႔ မွတ္ယူတယ္ေလ။ ဘာေၾကာင့္ ဘယ္လိုမ်ိဳး ေစာင္းသြားတယ္။ ေျမနိမ့္လို႔လား။ ေျမေပ်ာ့လို႔လား ဆိုတာေတာ့ ပညာရွင္ေတြ သုံးသပ္ေတြအပၚ မူတည္ပါတယ္။ ကြၽန္ေတာ္တို႔ အျမင္ကေတာ့ ဒါမ်ိဳးမျဖစ္ေစခ်င္ဘူး။ အႀကီးအက်ယ္ ေျပာတာမဟုတ္ဘူး။ အႏၲရာယ္ဆိုတာ ေျပာလို႔မရဘူး။ ျဖစ္သြားရင္ ျပည္သူေတြအတြက္ မေကာင္းဘူး” ဟု လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီညီ က ေျပာၾကားသည္။

ယင္းသို႔ ေတာင္ဒဂုံ-သုဝဏၰတံတား နိမ့္က်မႈႏွင့္ ပတ္သက္၍ စည္ပင္သာယာေကာ္မတီ လမ္း/တံတားဌာနသို႔ ေျပာၾကားထားၿပီး လမ္း/တံတားဌာန တာဝန္ရွိသူမ်ားမွတစ္ဆင့္ တံတား တည္ေဆာက္သည့္ ကုမၸဏီကို အသိေပးထားကာ အျမန္ဆုံး ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးရန္ အေၾကာင္းျပန္ထားေၾကာင္း ဦးညီညီက ေျပာၾကားသည္။

ေတာင္ဒဂုံၿမိဳ႕နယ္ႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္တို႔ကို ဆက္သြယ္ထားသည့္ ေတာင္ဒဂုံ-သုဝဏၰတံတားကို က်ပ္သန္း ၅၈၀၀ ကုန္က်ခံ တည္ေဆာက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၇ ရက္တြင္ တံတားဖြင့္ပြဲ အခမ္းအနား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတံတား ဖြင့္ပြဲ အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား တက္ေရာက္ ဖြင့္လွစ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

ေတာင္ဒဂုံ-သုဝဏၰတံတားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လမ္းၫႊန္ခ်က္အရ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ႀကီးၾကပ္ၿပီး တင္ဒါ ေအာင္ျမင္ခဲ့သည့္ ျမတ္ႏိုးသူကုမၸဏီႏွင့္ ပူးေပါင္း တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါတံတားကို၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၁၅ ရက္တြင္ စတင္ တည္ေဆာက္ခဲ့ၿပီး ငမိုးရိပ္ေခ်ာင္းကို ျဖတ္သန္း၍ ေတာင္ဒဂုံၿမိဳ႕နယ္ မိုးကုတ္လမ္းႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ကမာၾကည္လမ္းတို႔ကို ဆက္သြယ္ တည္ေဆာက္ထားကာ တံတားအရွည္ ၂၅၈ မီတာ၊ အက်ယ္ ၁၁ ဒသမ ၅ မီတာ၊ ယာဥ္သြားလမ္း အက်ယ္ ရွစ္ မီတာ၊ လူသြားလမ္းအက်ယ္ တစ္ဖက္လွ်င္ ၁ ဒသမ ၇၅ မီတာ၊ ေရလမ္း ကင္းလြတ္အျမင့္ ၅ ဒသမ ၅ မီတာႏွင့္ တံတား ခံႏိုင္ဝန္ တန္ ၆၀ သတ္မွတ္ထားၿပီး တံတား တည္ေဆာက္မႈ ကုန္က်စရိတ္ က်ပ္သန္းေပါင္း ငါးေထာင့္ရွစ္ရာခန႔္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ငမိုးရိပ္ေခ်ာင္းကို ျဖတ္သန္း တည္ေဆာက္ထားသည့္ တံတားေပါင္း ၁၈ စင္းရွိၿပီး လက္ရွိ ဖြင့္လွစ္ခဲ့သည့္ ေတာင္ဒဂုံ-သုဝဏၰတံတားမွာ ၁၉ စင္းေျမာက္ တံတားျဖစ္ေၾကာင္း သိရသည္။ Ref – Eleven Media

========

Unicode

ကျပ်သန်း ငါးထောင်ကျော် ကုန်ကျခဲ့ပြီး လေးလကျော်သာ အသုံးပြုရသေးသည့် တံတား နိမ့်ကျမှု ဖြစ်ပွား

ကျပ်သန်း ငါးထောင်ကျော် ကုန်ကျခဲ့ပြီး လေးလကျော်သာ အသုံးပြုရသေးသည့် တောင်ဒဂုံ-သုဝဏ္ဏတံတား နိမ့်ကျမှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၀ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

အဆိုပါတံတား နိမ့်ကျမှုမှာ သုဝဏ္ဏဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ပြီး တံတားနိမ့်ကျမှု ဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဦးညီညီက ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ပညာရှင် မဟုတ်တဲ့ အတိုင်းအတာအပေါ်မှာ တခြားထင်မြင်ချက်တော့ အများကြီး မပေးချင်ပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်သွားတဲ့ အပေါ်မှာလည်းပဲ လိုအပ်ချက်တွေ ရှိနေလို့ ဖြစ်တယ်လို့ မှတ်ယူတယ်လေ။ ဘာကြောင့် ဘယ်လိုမျိုး စောင်းသွားတယ်။ မြေနိမ့်လို့လား။ မြေပျော့လို့လား ဆိုတာတော့ ပညာရှင်တွေ သုံးသပ်တွေအပါ် မူတည်ပါတယ်။ ကျွန်တော်တို့ အမြင်ကတော့ ဒါမျိုးမဖြစ်စေချင်ဘူး။ အကြီးအကျယ် ပြောတာမဟုတ်ဘူး။ အန္တရာယ်ဆိုတာ ပြောလို့မရဘူး။ ဖြစ်သွားရင် ပြည်သူတွေအတွက် မကောင်းဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောကြားသည်။

ယင်းသို့ တောင်ဒဂုံ-သုဝဏ္ဏတံတား နိမ့်ကျမှုနှင့် ပတ်သက်၍ စည်ပင်သာယာကော်မတီ လမ်း/တံတားဌာနသို့ ပြောကြားထားပြီး လမ်း/တံတားဌာန တာဝန်ရှိသူများမှတစ်ဆင့် တံတား တည်ဆောက်သည့် ကုမ္ပဏီကို အသိပေးထားကာ အမြန်ဆုံး ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် အကြောင်းပြန်ထားကြောင်း ဦးညီညီက ပြောကြားသည်။

တောင်ဒဂုံမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် တောင်ဒဂုံ-သုဝဏ္ဏတံတားကို ကျပ်သန်း ၅၈၀၀ ကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် တံတားဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတား ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တောင်ဒဂုံ-သုဝဏ္ဏတံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်ပြီး တင်ဒါ အောင်မြင်ခဲ့သည့် မြတ်နိုးသူကုမ္ပဏီနှင့် ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားကို၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ငမိုးရိပ်ချောင်းကို ဖြတ်သန်း၍ တောင်ဒဂုံမြို့နယ် မိုးကုတ်လမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်လမ်းတို့ကို ဆက်သွယ် တည်ဆောက်ထားကာ တံတားအရှည် ၂၅၈ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်း အကျယ် ရှစ် မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ ရေလမ်း ကင်းလွတ်အမြင့် ၅ ဒသမ ၅ မီတာနှင့် တံတား ခံနိုင်ဝန် တန် ၆၀ သတ်မှတ်ထားပြီး တံတား တည်ဆောက်မှု ကုန်ကျစရိတ် ကျပ်သန်းပေါင်း ငါးထောင့်ရှစ်ရာခန့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငမိုးရိပ်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် တံတားပေါင်း ၁၈ စင်းရှိပြီး လက်ရှိ ဖွင့်လှစ်ခဲ့သည့် တောင်ဒဂုံ-သုဝဏ္ဏတံတားမှာ ၁၉ စင်းမြောက် တံတားဖြစ်ကြောင်း သိရသည်။ Ref – Eleven Media

Comments are closed.