ကြယ္ရာမွာေဖာက္ျပန္ေနတဲ့ ဇနီးေခ်ာကို အရွင္လတ္လတ္ မီး႐ႈိ႕သတ္ခဲ့တဲ့ ခင္ပြန္း

ကေမာၻဒီးယားႏုိင္ငံေတာင္ပုိင္း တက္ကီယုိစီရင္စု၊ ဘာတီခ႐ုိင္၊ Trapeang Sab ၿမိဳ႕ငယ္ေလးမွာ အိမ္ေထာင္သည္ အမ်ိဳးသားတစ္ေယာက္ဟာ ဇနီးျဖစ္သူကို အရွင္လတ္လတ္ မီး႐ႈိ႕သတ္ခဲ့မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ျဖစ္စဥ္အေသးစိတ္မွာ ခင္ပြန္းက ဇနီးသည္ ေဖာက္ျပန္ေနတယ္လုိ႔ ယုံၾကည္ခဲ့တာပါ။

အမ်ိဳးသားရဲ႕နာမည္ကေတာ့ Prum Tam ျဖစ္ၿပီး အသက္(၃၇)ႏွစ္ပါ။ ေသဆုံးသူ ဇနီးရဲဲ႕နာမည္ကေတာ့ Loas Sreyne ျဖစ္ၿပီး ခင္ပြန္းနဲ႔ အသက္တူျဖစ္ပါတယ္။ Tam ဟာ ဇနီးသည္ Facebook ေပၚမွာ သိတဲ့လူတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာကို သိရွိေနၿပီး-

နီးစပ္သူေတြကလည္း Loas ဟာ ဝတ္ေကာင္းစားလွေတြ ဝတ္ဆင္ကာ လင္ငယ္နဲ႔ ေန႔တုိင္းလုိလုိ ခ်ိန္းေတြ႕တယ္လုိ႔ သတင္းေပးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ ေနာက္ဆု့း Tam ဟာ သည္းမခံႏုိင္ေတာ့တဲ့အဆုံး အိမ္ကုိ ဓာတ္ဆီေလာင္းၿပီး မီးနဲ႔႐ႈိ႕ဖုိ႔ ႀကိဳးစားခဲ့တာပါ။

ဇနီးျဖစ္သူ Loas အျမန္ေရာက္လာခဲ့ၿပီး တားဆီးခ်ိန္မွာေတာ့ ဓာတ္ဆီပုံးက သူမအတြက္ျဖစ္သြားခဲ့ပါတယ္။ သူမကုိ ဓာတ္ဆီနဲ႔ေလာင္းကာ မီး႐ႈိ႕ခဲ့သလုိ၊ Tam ဟာ ကိုယ္တုိင္လည္း ေသေၾကာင္းႀကံစည္ခဲ့ပါတယ္။ ဒါေပမယ့္ ဇနီးျဖစ္သူ Loas ကေတာ့ ေနရာမွာပင္ ေသဆုံးခဲ့ၿပီး၊

Tam ကေတာ့ စုိးရိမ္ရမီးေလာင္ဒဏ္ရာေတြနဲ႔ ေစာင့္ၾကည့္ေနရဆဲပါ။ Tam ဟာ Phnom Tamao Wildlife Rescue Centre မွာ ဆင္ဦးစီးအျဖစ္ ေဆာင္ရြက္ေနသူျဖစ္ၿပီး၊ သူ႕လည္ပင္းကိုလည္း ဓားနဲ႔လွီးခဲ့ေသးတယ္လုိ႔ သိရပါတယ္။ သားႏွစ္ေယာက္ကုိေတာ့ အိမ္နီးနားခ်င္းေတြက အျမန္ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။

Tam ဟာ မၾကာေသးခင္က ေဖာက္ျပန္ေနတဲ့ဇနီးကို မေပါင္းႏုိင္ေတာ့ဘူးဆုိၿပီး ရြာလူႀကီးေတြေရွ႕ေမွာက္မွာ ကြာရွင္းဖုိ႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ရြာလူႀကီးေတြက သားႏွစ္ေယာက္လည္း ရွိေနတာမုိ႔ နားခ်ေျဖာင္းဖ်ခဲ့ၿပီး၊ Loas ကလည္း အေနထုိင္ဆင္ျခင္မယ္လုိ႔ ကတိေပးခဲ့ပါတယ္။

သုိ႔ေပမယ့္ Loas ဟာ Facebook ေပၚက ခ်စ္သူကို မျပတ္ႏုိင္ဘဲ၊ ခင္ပြန္းသည္ တိရစာၦန္႐ုံမွာ အလုပ္သြားခ်ိန္ကို အခြင့္ေကာင္းယူကာ ကြယ္ရာမွာ ျဖစ္ခ်င္တုိင္းျဖစ္ေနခဲ့ပါတယ္တဲ့။ ေနာက္ဆုံးေတာ့ သည္းမခံႏုိင္တဲ့ခင္ပြန္းဟာ အခုလုိ ဆုိးဆုိးရြားရြား ျပစ္မႈက်ဴးလြန္သည္အထိ လုပ္ေဆာင္ခဲ့ပါေတာ့တယ္။ ရဲကေတာ့ စုံစမ္းစစ္ေဆးေနဆဲပါ။

လင္းေဇာ္ကို (D Khit Media)

=========

Unicode

ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း တက်ကီယိုစီရင်စု၊ ဘာတီခရိုင်၊ Trapeang Sab မြို့ငယ်လေးမှာ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်မှာ ခင်ပွန်းက ဇနီးသည် ဖောက်ပြန်နေတယ်လို့ ယုံကြည်ခဲ့တာပါ။

အမျိုးသားရဲ့နာမည်ကတော့ Prum Tam ဖြစ်ပြီး အသက်(၃၇)နှစ်ပါ။ သေဆုံးသူ ဇနီးရဲ့နာမည်ကတော့ Loas Sreyne ဖြစ်ပြီး ခင်ပွန်းနဲ့ အသက်တူဖြစ်ပါတယ်။ Tam ဟာ ဇနီးသည် Facebook ပေါ်မှာ သိတဲ့လူတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိရှိနေပြီး-

နီးစပ်သူတွေကလည်း Loas ဟာ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ကာ လင်ငယ်နဲ့ နေ့တိုင်းလိုလို ချိန်းတွေ့တယ်လို့ သတင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆု့း Tam ဟာ သည်းမခံနိုင်တော့တဲ့အဆုံး အိမ်ကို ဓာတ်ဆီလောင်းပြီး မီးနဲ့ရှို့ဖို့ ကြိုးစားခဲ့တာပါ။

ဇနီးဖြစ်သူ Loas အမြန်ရောက်လာခဲ့ပြီး တားဆီးချိန်မှာတော့ ဓာတ်ဆီပုံးက သူမအတွက်ဖြစ်သွားခဲ့ပါတယ်။ သူမကို ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ခဲ့သလို၊ Tam ဟာ ကိုယ်တိုင်လည်း သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူ Loas ကတော့ နေရာမှာပင် သေဆုံးခဲ့ပြီး၊

Tam ကတော့ စိုးရိမ်ရမီးလောင်ဒဏ်ရာတွေနဲ့ စောင့်ကြည့်နေရဆဲပါ။ Tam ဟာ Phnom Tamao Wildlife Rescue Centre မှာ ဆင်ဦးစီးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ သူ့လည်ပင်းကိုလည်း ဓားနဲ့လှီးခဲ့သေးတယ်လို့ သိရပါတယ်။ သားနှစ်ယောက်ကိုတော့ အိမ်နီးနားချင်းတွေက အမြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Tam ဟာ မကြာသေးခင်က ဖောက်ပြန်နေတဲ့ဇနီးကို မပေါင်းနိုင်တော့ဘူးဆိုပြီး ရွာလူကြီးတွေရှေ့မှောက်မှာ ကွာရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ရွာလူကြီးတွေက သားနှစ်ယောက်လည်း ရှိနေတာမို့ နားချဖြောင်းဖျခဲ့ပြီး၊ Loas ကလည်း အနေထိုင်ဆင်ခြင်မယ်လို့ ကတိပေးခဲ့ပါတယ်။

သို့ပေမယ့် Loas ဟာ Facebook ပေါ်က ချစ်သူကို မပြတ်နိုင်ဘဲ၊ ခင်ပွန်းသည် တိရစ္ဆာန်ရုံမှာ အလုပ်သွားချိန်ကို အခွင့်ကောင်းယူကာ ကွယ်ရာမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့ပါတယ်တဲ့။ နောက်ဆုံးတော့ သည်းမခံနိုင်တဲ့ခင်ပွန်းဟာ အခုလို ဆိုးဆိုးရွားရွား ပြစ်မှုကျူးလွန်သည်အထိ လုပ်ဆောင်ခဲ့ပါတော့တယ်။ ရဲကတော့ စုံစမ်းစစ်ဆေးနေဆဲပါ။

လင်းဇော်ကို (D Khit Media)

Comments are closed.