မခ်စ္ဘူးေျပာလို႔ ဓါးၿဖင့္ထုိး

မခ်စ္ဘူးဟု ေၿပာဆုိသၿဖင့္ ဓါးၿဖင့္ထုိး

စစ္ကုိင္း ဇြန္ ၁၉

စစ္ကုိင္းၿမဳိ႕နယ္၊ပဲကတုိးေက်းရြာရွိ ႏုိးႏုိးအမ်ဳိးသမီးအေဆာင္ေရွ႕လမ္းမေပၚတြင္ မခ်စ္ဘူးဟုေၿပာဆုိမႈၿဖင့္ ဓားထုိးမႈ ယေန႕ ညေန႔ ၄ နာရီအခ်ိန္က ၿဖစ္ပြားခဲ့ေႀကာင္း စစ္ကုိင္းၿမဳိ႕မရဲစခန္းက သိရသည္။

ဓါးထုိးခံရသူမွာ စစ္ကုိင္းၿမဳိ႕နယ္၊ေပါကၠားေက်းရြာေန မ×××× (၁၈)ႏွစ္ ၿဖစ္ၿပီး ၿပစ္မႈက်ဴးလြန္သူမွာ တစ္ရြာတည္းေန ဖုိးသား (ခ)သက္ထြန္းေဇာ္ (၂၀) ႏွစ္ ၿဖစ္ေႀကာင္း မႈခင္းမွတ္တမ္းေတြအရ သိရသည္။

ၿဖစ္စဥ္မွာ စစ္ကုိင္းၿမဳိ႕နယ္၊ေပါကၠားေက်းရြာေန မ×××× (၁၈)ႏွစ္ သည္ စစ္ကုိင္းၿမဳိ႕နယ္၊ပဲကတုိးေက်းရြာရွိ စံရိပ္နန္း အမ်ဳိးသမီးအေဆာင္၌ရွိေနစဥ္ တစ္ရြာတည္းေန ရည္းစားေဟာင္းၿဖစ္သူ ဖုိးသား (ခ)သက္ထြန္းေဇာ္ (၂၀)ႏွစ္ မွ ဖုန္းဆက္ၿပီး ႏုိးႏုိးအမ်ဳိးသမီးအေဆာင္ေရွ႕ လာေရာက္ရန္ ေခၚသၿဖင့္ သြားေရာက္ခဲ့ရာ အေဆာင္ေရွ႕လမ္းမေပၚတြင္ ဖုိးသား (ခ)သက္ထြန္းေဇာ္ မွ ”ခ်စ္လား မခ်စ္လား”ဟု ေမးၿမန္းရာ ”မခ်စ္ဘူး”ဟု ေၿပာဆုိသၿဖင့္ ၎တြင္ အသင့္ပါလာေသာ အရုိး/အသြား (၁၂)လက္မခန္႕ရွိ စတီးဓါးၿဖင့္ထုိး၍ ထြက္ေၿပးသြားေႀကာင္း မႈခင္းမွတ္တမ္းအရသိရသည္။

ဓါးထုိးခံရေသာေႀကာင့္ မ ×××××(၁၈)ႏွစ္ ယာဘက္ခါး (၂)လက္မခြဲခန္႕ရွိ ထုိးသြင္းဒဏ္ရာတစ္ခ်က္ (စုိးရိမ္ရ)ရရွိခဲ့သၿဖင့္ စစ္ကုိင္းေဆးရုံမွ မႏၲေလးၿပည္သူေဆးရုံသုိ႕ လြဲေၿပာင္းပုိ႔ေဆာင္ေပးထားေႀကာင္း မႈခင္းမွတ္တမ္းအရ သိရသည္။

ၿဖစ္စဥ္ႏွင့္ ပတ္သက္၍ ညီမဝမ္းကြဲၿဖစ္သူ မ×××× အား ဒဏ္ရာရရွိေအာင္ ဓါးၿဖင့္ထုိးသူ ဖုိးသား (ခ) သက္ထြန္းေဇာ္ အေပၚ ဥပေဒအရ အေရးယူေပးရန္ မအိၿဖဴမွ တရားလုိလုပ္ တုိင္တန္းသၿဖင့္ ရြာသစ္ႀကီးနယ္ေၿမရဲစခန္းမွ (ပ)၆၃/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ၿဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လ်က္ရွိေႀကာင္း သိရသည္။

ေဇယ်ာတုိင္းမ္

==========

မချစ်ဘူးဟု ပြောဆိုသဖြင့် ဓါးဖြင့်ထိုး

စစ်ကိုင်း ဇွန် ၁၉

စစ်ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ နိုးနိုးအမျိုးသမီးအဆောင်ရှေ့လမ်းမပေါ်တွင် မချစ်ဘူးဟုပြောဆိုမှုဖြင့် ဓားထိုးမှု ယနေ့ ညနေ့ ၄ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။

ဓါးထိုးခံရသူမှာ စစ်ကိုင်းမြို့နယ်၊ပေါက္ကားကျေးရွာနေ မ×××× (၁၈)နှစ် ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ တစ်ရွာတည်းနေ ဖိုးသား (ခ)သက်ထွန်းဇော် (၂၀) နှစ် ဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွေအရ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ပေါက္ကားကျေးရွာနေ မ×××× (၁၈)နှစ် သည် စစ်ကိုင်းမြို့နယ်၊ပဲကတိုးကျေးရွာရှိ စံရိပ်နန်း အမျိုးသမီးအဆောင်၌ရှိနေစဉ် တစ်ရွာတည်းနေ ရည်းစားဟောင်းဖြစ်သူ ဖိုးသား (ခ)သက်ထွန်းဇော် (၂၀)နှစ် မှ ဖုန်းဆက်ပြီး နိုးနိုးအမျိုးသမီးအဆောင်ရှေ့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ရာ အဆောင်ရှေ့လမ်းမပေါ်တွင် ဖိုးသား (ခ)သက်ထွန်းဇော် မှ ”ချစ်လား မချစ်လား”ဟု မေးမြန်းရာ ”မချစ်ဘူး”ဟု ပြောဆိုသဖြင့် ၎င်းတွင် အသင့်ပါလာသော အရိုး/အသွား (၁၂)လက်မခန့်ရှိ စတီးဓါးဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

ဓါးထိုးခံရသောကြောင့် မ ×××××(၁၈)နှစ် ယာဘက်ခါး (၂)လက်မခွဲခန့်ရှိ ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ)ရရှိခဲ့သဖြင့် စစ်ကိုင်းဆေးရုံမှ မန္တလေးပြည်သူဆေးရုံသို့ လွဲပြောင်းပို့ဆောင်ပေးထားကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ညီမဝမ်းကွဲဖြစ်သူ မ×××× အား ဒဏ်ရာရရှိအောင် ဓါးဖြင့်ထိုးသူ ဖိုးသား (ခ) သက်ထွန်းဇော် အပေါ် ဥပဒေအရ အရေးယူပေးရန် မအိဖြူမှ တရားလိုလုပ် တိုင်တန်းသဖြင့် ရွာသစ်ကြီးနယ်မြေရဲစခန်းမှ (ပ)၆၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာတိုင်းမ်

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.