လမ္းမွာလဲေနတဲ့လူကို ေဆးရံုေခၚကုေပးရာမွ သူနာျပဳေရာ၊ ရဲပါ ကတ္ေၾကးနဲ႔ထိုးခံရ

လမ္းမွာလဲေနတဲ့လူကို ေဆးရံုေခၚကုေပးရင္း သူနာျပဳေရာ၊ ရဲပါ ကတ္ေၾကးနဲ႔ထိုးခံရ

လိႈင္သာယာေဆးရုံမွာ လူနာအမ်ိဳးသားက ကတ္ေၾကးနဲ႕ထိုးလို႕ လူေျခာက္ဦး ဒဏ္ရာရသြားပါတယ္။

ဒီကေန႕မနက္အေစာပိုင္း သုံးနာရီေလာက္က ျဖစ္ခဲ့တာပါ။

လမ္းမွာလဲေနတဲ့အမ်ိဳးသားတစ္ဦးရဲ႕ ေခါင္းနဲ႕ေက်ာ မွာ ဒဏ္ရာေတြရေနတာကိုရဲက ေတြ႕လို႕ ေဆးရုံကို ေခၚလာခဲ့တာျဖစ္ပါတယ္။ ေဆးရုံေရာက္တဲ့အခ်ိန္ သူနာျပဳအမ်ိဳးသားက ဒဏ္ရာေတြကို ေဆးေၾကာေပးေနခ်ိန္မွာ အဲဒီလူနာအ မ်ိဳးသားဟာ ကုတင္ေပၚကေန ရုတ္တရက္ထထိုင္ကာ ေဆးဗန္းထဲမွာရိွတဲ့ ကတ္ေၾကးကိုယူၿပီး အနားမွာရိွတဲ့သူေတြကို လိုက္ထိုးခဲ့တာလို႕ လိႈင္သာယာေဆး ရုံအုပ္ႀကီးကေျပာပါတယ္။

ဒါေၾကာင့္ သူနာျပဳ အမ်ိဳးသားအပါအဝင္ ရဲတပ္ဖြဲ႕တစ္ဦးနဲ႕ စုစုေပါင္း ေျခာက္ဦး ထိခိုက္ဒဏ္ရာ ရခဲ့ တယ္လုိ႕သိရပါတယ္။ ဒဏ္ရာရသြားတဲ့သူေတြထဲမွာ အျခားလူနာေစာင့္ေတြလည္းပါတယ္လုိ႕ဆိုပါတယ္။

ကတ္ေၾကးနဲ႕ထိုးၿပီးေဆးရုံအျပင္ဘက္ကို ထြက္ေျပးခ်ိန္မွာေတာ့ ပိတ္ဆို႕ဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။ လတ္တေလာမွာေတာ့ ရဲက စစ္ေဆးေနၿပီး အခင္းျဖစ္တဲ့အခ်ိန္က ကတ္ေၾကးနဲ႕ထိုးတဲ့အမ်ိဳးသားဟာ အရက္ေသစာေသာက္စားထားတယ္လို႕ လိႈင္သာယာေဆးရုံအုပ္ႀကီးကဆိုပါတယ္။

ကတ္ေၾကးနဲ႕ထိုးခံရလို႕ ဒဏ္ရာရသြားတဲ့သူေတြကေတာ့ မစိုးရိမ္ရဘူးလို႕သိရပါတယ္။

Ref – 7Days News

========

Unicode

လမ်းမှာလဲနေတဲ့လူကို ဆေးရုံခေါ်ကုပေးရင်း သူနာပြုရော၊ ရဲပါ ကတ်ကြေးနဲ့ထိုးခံရ

လှိုင်သာယာဆေးရုံမှာ လူနာအမျိုးသားက ကတ်ကြေးနဲ့ထိုးလို့ လူခြောက်ဦး ဒဏ်ရာရသွားပါတယ်။

ဒီကနေ့မနက်အစောပိုင်း သုံးနာရီလောက်က ဖြစ်ခဲ့တာပါ။

လမ်းမှာလဲနေတဲ့အမျိုးသားတစ်ဦးရဲ့ ခေါင်းနဲ့ကျော မှာ ဒဏ်ရာတွေရနေတာကိုရဲက တွေ့လို့ ဆေးရုံကို ခေါ်လာခဲ့တာဖြစ်ပါတယ်။ ဆေးရုံရောက်တဲ့အချိန် သူနာပြုအမျိုးသားက ဒဏ်ရာတွေကို ဆေးကြောပေးနေချိန်မှာ အဲဒီလူနာအ မျိုးသားဟာ ကုတင်ပေါ်ကနေ ရုတ်တရက်ထထိုင်ကာ ဆေးဗန်းထဲမှာရှိတဲ့ ကတ်ကြေးကိုယူပြီး အနားမှာရှိတဲ့သူတွေကို လိုက်ထိုးခဲ့တာလို့ လှိုင်သာယာဆေး ရုံအုပ်ကြီးကပြောပါတယ်။

ဒါကြောင့် သူနာပြု အမျိုးသားအပါအဝင် ရဲတပ်ဖွဲ့တစ်ဦးနဲ့ စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ တယ်လို့သိရပါတယ်။ ဒဏ်ရာရသွားတဲ့သူတွေထဲမှာ အခြားလူနာစောင့်တွေလည်းပါတယ်လို့ဆိုပါတယ်။

ကတ်ကြေးနဲ့ထိုးပြီးဆေးရုံအပြင်ဘက်ကို ထွက်ပြေးချိန်မှာတော့ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ လတ်တလောမှာတော့ ရဲက စစ်ဆေးနေပြီး အခင်းဖြစ်တဲ့အချိန်က ကတ်ကြေးနဲ့ထိုးတဲ့အမျိုးသားဟာ အရက်သေစာသောက်စားထားတယ်လို့ လှိုင်သာယာဆေးရုံအုပ်ကြီးကဆိုပါတယ်။

ကတ်ကြေးနဲ့ထိုးခံရလို့ ဒဏ်ရာရသွားတဲ့သူတွေကတော့ မစိုးရိမ်ရဘူးလို့သိရပါတယ်။

Ref – 7Days News

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.