အကယ်ဒမီ ထက်ထက်မိုးဦး ခွဲစိတ်မှုအောင်မြင်






========

Unicode

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတိုင်းမှာ သူမနေရာယူခဲ့ပြီး ၊ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ကြီးခဲ့သူပါ။

သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့်လည်း သူမကို ချစ်တဲ့ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦး က သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ခန်း ဝင်ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ခါမှာတော့ သူမဆေးရုံတက်နေရတဲ့ ပုံရိပ်တွေက ပရိသတ်တွေဆီ ပျံ့နှံလျှက်ရှိနေပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် မနက် ၆နာရီမှာ ခွဲစိတ်မှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။

သူမက မနက်၆နာရီမှာ ခွဲစိတ်ခန်းဝင်ခဲ့ပြီး အောင်မြင်စွာနဲ့ ခွဲစိတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကစိုးရိမ်နေကြသလို ဘာရောဂါ ဖြစ်နေတယ်ဆိုတာကိုလည်း စိတ်ဝင်စားနေကြတာပါ။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ ကျန်းမာရေးပိုကောင်းလာဖို့ ဆုတောင်းပေးကြပါဦးနော် ပရိသတ်ကြီး။

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.