ေက်ာင္းတိုက္ဝန္းအတြင္းမွ တရားမဝင္သစ္ ၃ တန္က်ာ္ကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိ

ျပည္ႀကီးတံခြန္ၿမိဳ့နယ္ရွိ ေဝယံဘုံေက်ာင္းတိုက္ဝန္းအတြင္းမွ တရားမဝင္သစ္ ၃ တန္က်ာ္ကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိ

ျပည္သူလူထုပူးေပါင္းပါဝင္မွုျဖင့္ လူထုအေျချပဳေစာင့္ၾကပ္ၾကည့္ရွု ့သတင္းပို ့စနစ္-CMRS ျဖင့္ သတင္းေပးပို ့ခ်က္အရ

၁၁-၆-၂၀၁၉ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးခရိုင္၊ မဟာေအာင္ေျမၿမိဳ့နယ္၊ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဆာင္ေသာ သစ္ေတာဝန္ထမ္းမ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ ၿမိဳ့နယ္သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မွ ဆရာေတာ္ မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕ကျပည္ႀကီးတံခြန္ၿမိဳ့နယ္၊(ဂ)ရပ္ ကြက္၊ ေဇာ္ဂ်ီလမ္းႏွင့္ကုသိုလ္ေတာ္လမ္းၾကားရွိ ေဝယံဘုံေက်ာင္းတိုက္ဝန္းအတြင္းမွ တရားမဝင္ပိေတာက္/တမလန္းခြဲသား/ဓါးေရြ (၈၇) ေခ်ာင္း (၃.၁၃၄၂)တန္အား ဖမ္းဆီးရမိခဲ့သည္။

တရားခံမ်ားအား စုံစမ္းရွာေဖြေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ အေရးယူနိုင္ေရးကို စီစဥ္ေဆာင္ရြက္လ်က္ရွိသည္ဟုလည္းျမန္မာႏိုင္ငံသစ္ေတာဦးစီးဌာနမွ ယေန ့(ဇြန္ ၁၃) ညေနပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

The Ladies News

========

Unicode

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝေယံဘုံကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်သစ် ၃ တန်ကျာ်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ

၁၁-၆-၂၀၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် များပါဝင်သောပူးပေါင်းအဖွဲ့ကပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ် ကွက်၊ ဇော်ဂျီလမ်းနှင့်ကုသိုလ်တော်လမ်းကြားရှိ ဝေယံဘုံကျောင်းတိုက်ဝန်းအတွင်းမှ တရားမဝင်ပိတောက်/တမလန်းခွဲသား/ဓါးရွေ (၈၇) ချောင်း (၃.၁၃၄၂)တန်အား ဖမ်းဆီးရမိခဲ့သည်။

တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်းမြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ ယနေ့(ဇွန် ၁၃) ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

The Ladies News

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.