LocalNews

ရန္ကုန္အပါအဝင္ ေဒသအခ်ိဳ႕ ၁၀ ရက္ခန္႔ လွ်ပ္စစ္မီး ယာယီျပတ္ေတာက္မည္

မိုးနည္းေနေသာေၾကာင့္ ေရအားလွ်ပ္စစ္စက္႐ံုႀကီးအခ်ိဳ႕ ဓာတ္အားထုတ္လုပ္မႈ ထက္ဝက္ေက်ာ္ ေလ်ာ့က်ျခင္းေၾကာင့္ စက္႐ုံအခ်ိဳ႕ ရပ္တန္႔ထားရသျဖင့္ ရန္ကုန္တုိင္းေဒသႀကီး အပါအဝင္ ေဒသအခ်ိဳ႕၌ ၁၀ ရက္ခန္႔ လွ်ပ္စစ္မီးယာယီျပတ္ေတာက္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က ‘‘အရင္က ေမလကုန္ဆို ေရဝင္ၿပီ။ အခုက မိုးေနာက္ က်ေနတယ္။ လွ်ပ္စစ္မီးျပတ္ေတာက္မႈအနည္းအက်ဥ္း ရွိမယ္’’ ဟု ေျပာသည္။

ဝန္အားေလွ်ာ့ခ်သည့္ အ ပိုင္းကို လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ ႀကီးဌာန၏မူဝါဒပိုင္းအရ သက္ ဆိုင္ရာ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္အစိုးရအဖြဲ႕ကို အေၾကာင္း ၾကားၿပီးေနာက္ ၎တို႔က အဆိုျပဳ သည့္အတိုင္း ေလွ်ာ့ခ်ေပးေၾကာင္း ဒုတိယအၿမဲတမ္းအတြင္းဝန္က ဆိုသည္။

လက္ရွိတြင္ေရ၀င္ေရာက္မႈ နည္းပါးေသာေၾကာင့္ ဓာတ္အား ထုတ္လုပ္ႏုိင္မႈေလ်ာ့က်ေနသည့္ စက္႐ံုမ်ားသည္မႏၲေလး၊ ေနျပည္ ေတာ္၊ ပဲခူးတုိင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ရွိသည္။ အခ်ိန္ပိုင္းအလိုက္ လည္ပတ္ ႏုိင္ေအာင္ေဆာင္ရြက္ေနၿပီး အ ဆို ပါေဒသမ်ားရွိ ေရအားလွ်ပ္စစ္ စက္႐ံုမ်ား၏ အေျခအေနအရ လက္ရွိပံုမွန္ရြာသြန္းေနသည့္ မိုး ေရႏွင့္ စက္စြမ္းအားအျပည့္လည္ ပတ္မရေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္း အင္၀န္ႀကီးဌာန တာ၀န္ရွိသူ တစ္ဦးကေျပာၾကားသည္။ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေရးေကာ္ပိုေရးရွင္းကလည္း ရန္ကုန္တိုင္းေဒသႀကီး ခ႐ိုင္ေလးခုကို ယခုလ ၁၂ ရက္မွ ၂၀ ရက္ အထိ ေန႔၊ ရက္၊ နာရီစဥ္အလိုက္ အလွည့္က်ဝန္အားေလွ်ာ့ခ်ရမည့္ အေျခအေနႏွင့္ပတ္သက္၍ မဂၢါ ဝပ္အလိုက္ ဇယားမ်ားကို ဇြန္လ ၁၁ ရက္တြင္ ထုတ္ျပန္ထားသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဌာနထုတ္ျပန္ခ်က္တြင္ မုိးရာသီ ကာလသို႔ ေရာက္ရွိေနၿပီ ျဖစ္ ေသာ္လည္း ရဲရြာ၊ ေပါင္းေလာင္း၊ အထက္ေပါင္းေလာင္းႏွင့္ ေသာက္ေရခပ္(၂) စသည့္ ေရအားလွ်ပ္ စစ္စက္႐ံုႀကီးမ်ားတြင္ ဆည္ေရ ဝင္ေရာက္မႈနည္းပါးျခင္းေၾကာင့္ လက္က်န္ေရ ေလ်ာ့နည္းလာ ေၾကာင္း၊ ေရႊလီ(၁) ေရအားလွ်ပ္ စစ္စက္႐ံုအတြက္ ေရအား ပံ့ပိုး ေဆာင္ရြက္ေနေၾကာင္း၊ အထက္ ဘက္ရွိ လံုက်န္းစက္႐ံုတြင္ ေရ Level ေအာက္သို႔ ေရာက္ရွိေနသ ျဖင့္ စက္ရပ္တန္႔ထားေၾကာင္း ပါဝင္သည္။

ထို႔ျပင္ ေရႊလီ(၁)စက္႐ံုမွ ဓာတ္အားထုတ္လုပ္ေပးပို႔မႈသည္ ယခင္က တစ္ရက္လွ်င္ မဂၢါဝပ္ ၉,၀၀၀ နာရီခန္႔ ထုတ္လုပ္ႏိုင္ခဲ့ ေသာ္လည္း ယခုအခါ တစ္ရက္ လွ်င္ မဂၢါဝပ္ ၄,၀၀၀ နာရီခန္႔သာ ထုတ္လုပ္ႏိုင္ေၾကာင္း ထုတ္ျပန္ ထားသည္။ Ref – 7DayDaily

=======

Unicode

မိုးနည်းနေသောကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးအချို့ ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ကျော် လျော့ကျခြင်းကြောင့် စက်ရုံအချို့ ရပ်တန့်ထားရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့၌ ၁၀ ရက်ခန့် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ‘‘အရင်က မေလကုန်ဆို ရေဝင်ပြီ။ အခုက မိုးနောက် ကျနေတယ်။ လျှပ်စစ်မီးပြတ်တောက်မှုအနည်းအကျဉ်း ရှိမယ်’’ ဟု ပြောသည်။

ဝန်အားလျှော့ချသည့် အ ပိုင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၏မူဝါဒပိုင်းအရ သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့ကို အကြောင်း ကြားပြီးနောက် ၎င်းတို့က အဆိုပြု သည့်အတိုင်း လျှော့ချပေးကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုသည်။

လက်ရှိတွင်ရေဝင်ရောက်မှု နည်းပါးသောကြောင့် ဓာတ်အား ထုတ်လုပ်နိုင်မှုလျော့ကျနေသည့် စက်ရုံများသည်မန္တလေး၊ နေပြည် တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်ရှိသည်။ အချိန်ပိုင်းအလိုက် လည်ပတ် နိုင်အောင်ဆောင်ရွက်နေပြီး အ ဆို ပါဒေသများရှိ ရေအားလျှပ်စစ် စက်ရုံများ၏ အခြေအနေအရ လက်ရှိပုံမှန်ရွာသွန်းနေသည့် မိုး ရေနှင့် စက်စွမ်းအားအပြည့်လည် ပတ်မရကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းကလည်း ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုကို ယခုလ ၁၂ ရက်မှ ၂၀ ရက် အထိ နေ့၊ ရက်၊ နာရီစဉ်အလိုက် အလှည့်ကျဝန်အားလျှော့ချရမည့် အခြေအနေနှင့်ပတ်သက်၍ မဂ္ဂါ ဝပ်အလိုက် ဇယားများကို ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနထုတ်ပြန်ချက်တွင် မိုးရာသီ ကာလသို့ ရောက်ရှိနေပြီ ဖြစ် သော်လည်း ရဲရွာ၊ ပေါင်းလောင်း၊ အထက်ပေါင်းလောင်းနှင့် သောက်ရေခပ်(၂) စသည့် ရေအားလျှပ် စစ်စက်ရုံကြီးများတွင် ဆည်ရေ ဝင်ရောက်မှုနည်းပါးခြင်းကြောင့် လက်ကျန်ရေ လျော့နည်းလာ ကြောင်း၊ ရွှေလီ(၁) ရေအားလျှပ် စစ်စက်ရုံအတွက် ရေအား ပံ့ပိုး ဆောင်ရွက်နေကြောင်း၊ အထက် ဘက်ရှိ လုံကျန်းစက်ရုံတွင် ရေ Level အောက်သို့ ရောက်ရှိနေသ ဖြင့် စက်ရပ်တန့်ထားကြောင်း ပါဝင်သည်။

ထို့ပြင် ရွှေလီ(၁)စက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးပို့မှုသည် ယခင်က တစ်ရက်လျှင် မဂ္ဂါဝပ် ၉,၀၀၀ နာရီခန့် ထုတ်လုပ်နိုင်ခဲ့ သော်လည်း ယခုအခါ တစ်ရက် လျှင် မဂ္ဂါဝပ် ၄,၀၀၀ နာရီခန့်သာ ထုတ်လုပ်နိုင်ကြောင်း ထုတ်ပြန် ထားသည်။ Ref – 7DayDaily